နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Wednesday, June 11, 2008

ဇွန်လ ၁၆ ၊ ရန်ကုန်တွင် ငလျင်ကြီးလှုပ်မည်ဟု တီးတိုး သတင်းပြန့်

မိုးမခ အထောက်တော် ၀၀၃
ဇွန် ၁၀၊ ၂၀၀၈

ရန်ကုန်တွင် ငလျင်ကြီးတခု လှုပ်အုံးမည်ဟူသော ဟောကိန်းတခု ထွက်လာသည် ဇွန်လ ၁၆ တွင် လှုပ်မည်ဟု ကောလဟာလထွက်နေသဖြင့် ရန်ကုန်ကလူအချို့က ခြောက်ခြားနေကြသည်ဟု ဆိုသည်။ နေပြည်တော်တွင် အခြေချနေထိုင်သူများက ရန်ကုန် ကဆွေမျိုးများကို ပြောင်းရွှေ့ခိုင်းကြသည်ဟုလည်း ရပ်ကွက်သတင်း ဖြစ် နေ သည်။

နာဂစ်မုန်တိုင်း မတိုင်ခင်ကလည်း ဧရာဝတီတိုင်းတွင် ရေကြီးမည်ဟု ဟောကိန်း ထွက်ဘူး သည်ဟု ဆိုသည်။ ယခုတခေါက်တွင် သိပ္ပံနည်းကျ ဌာနများနှင့် အစိုးရ သတင်းဌာန များက ပြည်သူလူထုကို ကာကွယ်ရန် ကြိုတင်ပြီးလည်း မလုပ်နိုင်၊ နောက်ကျပြီးတော့ လည်း မဆောင်ရွက်နိုင်သဖြင့် ထိုကဲ့သို့သော အရပ်သတင်း များကို လူတွေက ပိုပြီး တုန့်ပြန်မှု ပိုရှိလာသည်ဟု ဆိုနိုင်သည်။

၂၀၀၈ သြဂုတ်တွင် မြန်မာပြက္ခဒိန်အရ လကွယ်မည့် အကြိမ် ၂ ကြိမ် ရှိနေသည်။ သြဂုတ် အ၀င် အထွက်တွင် လကွယ်နေသည်ကို တွေ့ရသည်။ လကြပ်မည့် အ ကြိမ် ၂ ခု ရှိသည်ဟုလည်း ဂျာနယ်များက ရေးနေကြသည်။ သီပေါမင်း ပါတုံးက လည်း ထိုကဲ့သို့ ကြုံဘူးရာ အပျက်အစီးကြုံကိန်းရှိသည်ဟု အရပ်သတင်းများက ဆိုနေကြပြန်သည်ကို တွေ့ရသည်။

အားကိုးအားထားပြုစရာ အစိုးရမင်းများ မရှိသည့် မင်းမဲ့တိုင်းပြည်သဖွယ် ဖြစ်နေ
သော မြန်မာပြည်တွင် လူထုမှာ ပါးစပ် သတင်း၊ အရပ်သတင်းကိုသာ အားကိုးပြီး
နေကြဖို့က နာဂစ်မုန်တိုင်းကို မကာကွယ်နိုင်သော အစိုးရ ယန္တယား ကြောင့် သိ
သာထင်ရှားလာသည် ဟု စာဖတ်သူတဦးက မှတ်ချက်ပေးသည်။