နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။
Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

Wednesday, May 27, 2009

ဒေါ်စုကို ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန် သမတ တောင်းဆို

အမေရိကန် သမတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးရန် နအဖ ကို တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ကာလအတွင်း စည်းကမ်း ချိုးဖောက် တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် မရှိကြောင်းနဲ့ ဆက်လက် ဖမ်းဆီး ထိန်းသိမ်း ထားတဲ့အပေါ် ရှုတ်ချတယ် ဆိုတဲ့အကြောင်း အိမ်ဖြူတော်ရဲ့ မေလ၊ ၂၆ ရက် ထုတ် ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ အနေဖြင့် တိုင်းသူပြည်သားများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အခြားသော တိုင်းရင်းသား အဖွဲ့များနှင့် အတိုက်အခံ အဖွဲ့များအပေါ် လေးစားသမှု ပြသပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လုပ်ဆောင်နိုင်သည့် အခွင့်အလမ်း ရှိနေကြောင်း သမတ အိုဘားမားက ပြောဆို ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းအားဖြင့် အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှုကို ပြန်လည်ရရှိပြီး တိုင်းသူပြည်သားများ အတွက် ပိုမို ကောင်းမွန်သော အနာဂတ်တခုကို တက်လှမ်း နိုင်ရေး အရေးပါသော ခြေလှမ်းတခု ဖြစ်ပေလိမ့်မည်ဟုလည်း ပါရှိသည်။



အပြည့်အစုံသို့ ...

Tuesday, May 26, 2009

NLD ကြေညာချက်အမှတ် ၁၀/၀၅/၀၉

“ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သက်ဆိုင်သူများ အားလုံးက လိုလားကြပါလျှင် ရနိုင်သည့် အခွင့်အလမ်း အများအပြား ရှိနေသေးကြောင်း၊ အာဏာပိုင်တို့နှင့် တွေ့ဆုံရန် နည်းလမ်းတစ်ခု အနေဖြင့် မိမိနေအိမ် အတွင်းသို့ ဝင်ရောက်မှုကို အသုံးပြုရန် မရည်ရွယ်ခဲ့ ပါကြောင်း၊ ဤကံမကောင်း အကြောင်း မလှသော ဖြစ်ရပ်များမှ ရလဒ်ကောင်း တစ်စုံတစ်ရာ ပေါ်ထွက် လာစေရန် နောက်မကျ သေးကြောင်း ” ၂၀/မေလ/၂၀၀၉ ရက်နေ့တွင် စင်္ကာပူ၊ ရှရှား၊ ထိုင်း သံများနှင့် အင်းစိန်ထောင် အရာရှိရိပ်သာတွင် တွေ့ဆုံစဉ် အန်တီစုမှ ပြောခဲ့သည်ဟု NLD ဗဟိုမှ (၂၅/၅/၀၉) ရက်စွဲဖြင့် ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။

Align Center

အပြည့်အစုံသို့ ...

Monday, May 25, 2009

ဗကသ မှ ကျောင်းသားကျောင်းသူများသို့ ပန်ကြားချက်

ဗာမာပြည်တွင်းရှိ ကျောင်းသားကျောင်းသူများသို့ ရှစ်လေးလုံး အရေးတော်ပုံအစ ကျောင်းသားက ဆိုတဲ့ အစဉ်အလာ အတိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြွင်းမဲ့ လွတ်မြောက်ရေး အတွက် မိမိတို့ ကျောင်းများ၊ ရပ်ကွက်များမှာ နည်းမျိုးစုံနှင့် မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မတရားတဲ့အမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အစုအဖွဲ့လိုက် ပုံစံမျိုးစုံဖြင့် ဆင်နွှဲကြဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲချုပ်က ၂၅၊ ၅၊ ၂၀၀၉ ရက်စွဲနှင့် ကြေညာချက်ထုတ်၍ တိုက်တွန်း နှိုးဆော် လိုက်ပါတယ်။


အပြည့်အစုံသို့ ...

Saturday, September 27, 2008

စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော်များအဇွဲ့ စက်တင်ဘာ လှုပ်ရှားမှု အထူးကြေငြာချက်


စက်တင်ဘာ ၂၅ ရက်နေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ ဗုံးခွဲတိုက်ခိုက်မှု စက်တင်ဘာ သံမဏိစစ်ဆင်ရေး ဖြစ်ကြောင်း “ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ ” ကြေငြာချက်ထုတ်ပြန် ပြောကြားလိုက်သည်။





အပြည့်အစုံသို့ ...

Friday, September 26, 2008

NLD အထူးကြေညာချက် ( ၁၈ / ၂၀၀၈ )

ပြည်သူ့လွှတ်တော် ခေါ်ယူ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး လုပ်ငန်း ၆ လအတွင်း အပြီးဆောင်ရွက် ပေးရန် နအဖ ကို NLD က ၂၂-၉-၂၀၀၈ ရက်စွဲဖြင့် ကြောညာချက်ထုတ် တောင်းဆိုလိုက်သည်။






အပြည့်အစုံသို့ ...

Saturday, September 6, 2008

NLD အထူးကြေညာချက်အမှတ် ( ၁၆/၂၀၀၈ )

နေ့စဉ်ပို့နေကြ ရိက္ခာများကို လက်မခံသည်မှာ သတင်း (၃) ပါတ်ခန့် ရှိပြီ ဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္ဒရယ် တစ်ခုခု ထိခိုက်ပါက အတင်းအဓမ္မ ဖမ်းဆီးထားသော(န အ ဖ)တွင်သာ လုံးဝတာဝန် ရှိသည် ဟု ( N L D ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မနေ့က ရန်ကုန်မြို့တွင် ( ၅-၉-၂၀၀၈ ) နေ့ ရက်စွဲဖြင့် ကြောညာချက်ထုတ်၍ ပြောကြားလိုက်သည်။





အပြည့်အစုံသို့ ...

Saturday, August 30, 2008

NLD အထူးကြေညာချက် ( ၁၅ / ၂၀၀၈ )


ဂမ်ဘာရီသည် ( ၆ ) ကြိမ်တိုင်တိုင် လာရောက်ကာ သံတမန်ရေး ကြိုးပန်းမှုများ ဆောင်ရွက်ခဲ့သော်လည်း ကုလသမဂ္ဂအထွေထွေညီလာခံ အသီးသီးက ချမှတ်ခဲ့ သော ---

(က) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်အား အကောင်အထည် ဖေါ်ရန်၊

(ခ) ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရန် ၊

(ဂ) နိုင်ငံရေးအဓိပ္ပါယ် ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန်၊ ဆုံးဖြတ် ချက်များကိုလည်းကောင်း၊

၂၀၀၇ ခုနှစ် အောက်တိုဘာ (၁၁) ရက်နေ့ လုံခြုံရေး ကောင်စီ၏ ကြေညာချက်ပါ ---

(က) ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများနှင့် ဖမ်းဆီး ချုပ်နှောင်ခြင်း ခံထားရသူများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ် ပေး ရန်၊

(ခ) ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များ နှင့် နိုင်ငံရေး အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲများကို အာဏာပိုင်များက အမြန်ဆုံးစတင်ဆောင်ရွက်ရန်၊

စသည်တို့ကို အကောင်အထည်မဖေါ်ပဲ ( နအဖ ) အစီအစဉ်များအတိုင်းသာ လိုက်နာလက်ခံ ဆောင်ရွက်ပြီး တန်ဘိုးကြီးမားလှသည့် အချိန်းများကို အကျိုးမဲ့ ကုန်စေခဲ့သည်ဟု NLD က မနေ့က ကြေညာချက်ထုတ်၍ ပြစ်တင်ဝေဖန် လိုက်သည်။

အပြည့်အစုံသို့ ...