နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Wednesday, April 9, 2008

သြော် … ဖြစ်မှ ဖြစ်ရလေတယ်.....


၃။ (က) အမျိုးသားညီလာခံ၏ အခြေခံရမည့်မူများစာအုပ် စာမျက်နှာ (၂၂၃)၊ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်း၊ အပိုဒ်-၄ (က)တွင် . . . . . . ပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ်အားလုံး၏ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည်။ . . . . . . ဟုရေးသားထားပါသည်။

(ခ) ၄င်းစာပိုဒ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ၂၀၀၈စာအုပ် ၊ စာမျက်နှာ (၁၇၃)၊ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်း၊ အပိုဒ်-၄၃၆ (က)တွင် . . . . . ပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ် အားလုံး၏ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည်။ . . . . . . ဟု ပြင်ဆင် ရေးသားထားပါသည်။

အထက်က ကွဲလွဲချက်ဟာ မှားရွင်းပုံနှိပ်တာပါတဲ့
တိုင်းပြည်ရဲ့အသက်ဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးချင်သလိုလည်း ရေးသေးတယ် ပြီးတော့မှားရွင်းပုံနှိပ်တယ်၊
အမှားကလည်း သူတို့အတွက်အမှားကောင်း၊

မမှားလည်းဘာမှမထူးပါဘူး
အပိုဒ် ၄၃၆ (က)နေမကဘူး တစ်အုပ်လုံးအမှားတွေဘဲ…
ဘယ်သူမှ မထောက်ခံနဲ့၊ ကန့်ကွက်မဲသွားပေးကြ။