နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Saturday, May 10, 2008

“ အာရှအလင်းရောင် ” မုန်တိုင်းဒုက္ခသည်များ အတွက် ဆန်လှူ

9 May 2008

အထက်မြန်မာပြည် မန္တလေးမြို့ မှ “ အာရှအလင်းရောင် ” လူမှုကူညီရေးအသင်း
မှ ရန်ကုန်တိုင်းအတွင်း မုန်တိုင်း ဒုက္ခသည်များအတွက် ငွေကျပ် သိန်း ( ၂၀ ) ဖိုး
“ ဆန် ” များ ကိုယ်ထိလက်ရောက် လှူဌာန်းခဲ့။

“ ဒါ ပထမ အသုတ်ပါ သိန်း ( ၂၀ ) ဖိုး ဆန်ဝယ်ပြီး ဝေးပေးလိုက်တယ်၊ တစ်ပြည်
ချင်းစီ ကြိုတင်ထုပ်ထားပြီး တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်ဝေခဲ့တယ်၊ဒေသခံ
တွေက ဝိုင်းဝန်း အကူအညီ ပေးကြပါတယ်၊ မနေ့က တောင်ဒဂုံ ၁၂၅ ရပ်ကွက်၊
၁၂၈ ရပ်ကွက်နှင့် မြောက်ဒဂုံက ရပ်ကွက်အချို့ မှာ လှူခဲ့တာပါ၊ အေးအေး
ဆေးဆေး ပါပဲ၊ ဘာအနှောက်အယှက်မှ မရှိပါဘူး။ နောက်ထက်လည်း လှူဖို့
အစီစဉ်တွေ ရှိပါတယ် ”