နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Monday, May 26, 2008

ပြတ်သား ရဲရင့်သော ဟောကိန်းများ

၂၀၀၈ ခု မေလ နောက်ပိုင်း အတွက် ပြတ်သား ရဲရင့်သော ဟောကိန်းများ

မြန်မာနှစ်သစ်၁၃၇၀ မတိုင်မှီ ထုတ်လွင့်ခဲ့သော
"ဝေဒပညာရှင်များဖြင့် တွေ့ ဆုံဆွေးနွေးခန်း"

(၁) ဆရာ ဒေါင်းစင်္ကြာ

နောက်ဆုံး အုပ်ချုပ် မင်းလုပ် သူသည် အဆိုးဝါးဆုံး၊ အမိုက်မဲ ဆုံး လူ့ ဗာလ
ဖြစ်မည်

၂၀၀၈ ခု ဂျူလိုင် (၁၀) ရက်ကျော်ပါက မင်းဆိုးမင်းညစ်ဒဏ်မှ ကင်းဝေးမည်။

၂၀၀၈ ခု နိုဝင်ဘာ (၁၆) ရက်

လက်ရှိ မင်းအစိုးရ ကံဇာတာ အပြီးအပိုင် မှေးမှိန်သွားနိုင်သည်။ လမ်းညွှန်ချက် ၊ မြေပုံများ တစ်စစီ ပြိုကွဲသွားမည်။

၂၀၀၈ ခု ဒီဇင်ဘာ (၁၀) ရက် အုပ်ချုပ်သူ အကြီးအကဲ ၏ နောက်ဆုံးနေ့ 

(၂) ဆရာ မင်းဟိန္ဒြ

၂၀၀၈ ခု သြဂုတ်လ (၃၁) နောက်အကျဆုံး လက်ရှိ အုပ်ချုပ်သူ ဆက်လက်
ရပ်တည်ရန် မဖြစ်နိုင်။ အာဏာ ဆက်လက်ချုပ်ကိုင်ရန် ကြိုးစားပါက တပ်တွင်း
အာဏာလွန်ဆွဲပွဲ ။ အီရတ်နိုင်ငံမှ ဆက်ဒမ်ဟူစိန် ကဲ့သို့  ကံဆိုးမိုးမှောင်ကျ
မည့် ကိန်း ကြုံရမည်။

(၃) ဆရာ ဦးထွန်းကျော်

၂၀၀၈ ခု မေလနောက်ပိုင်း အမျိုးသားရင်ကြားစေ့ ဆွေးနွေးပွဲများ ဖြစ်လာနိုင်
သည်။
စစ်အစိုးရ ခေါင်းဆောင်များ ကျန်းမာရေး အရ အနားယူ ခြင်းများ၊ သေဆုံးခြင်း
များ ဖြစ်လာနိုင်သည်။

၂၀၀၈ ခု ဂျူလိုင်လအတွင်း အုပ်ချုပ်သူ ပြောင်းလဲမည်။ သွေးခြောင်းစီးမှုများ မရှိ။

(၄) မြန်မာပညာရှင်တစ်ဦး

၂၀၀၈ ခုနှစ် သည် နိုင်ငံတော် အကြီးအကဲ ပြုတ် ကိန်းရှိသည်။

ဂျူလိုင် နှင့် သြဂုတ် အတွင်း လူထု ခေါင်းဆောင် နှင့် စစ်တပ်ခေါင်းဆောင်
များ ဆွေးနွေးကြမည်။ သံဃာတော်များ နှင့် အစိုးရ နောက်တစ်ကြိမ် ထိပ်တိုက်
တွေ့ ဦးမည်။ ခေါင်းဆောင်ပိုင်း အထီးကျန်ဆန်ပြီး အာဏာစွန့် လွှတ်ရမည်။

http://mmastrology.myanmarbloggers.org မှကူးယူဖေါ်ပြသည်