နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Thursday, May 15, 2008

ဈေးချိုတော် ဓမ္မပါရမီမှ သဘာဝပါရမီ ဖြည့်ပွဲကြီး အလှုငွေ ကျပ် သိန်း ၁၂၀၀ လှုဒါန်း

မန္တလေး မေ ( ၁၁ ) ၂၀၀၈

ဓမ္မစေတီဆရာတော် ဦးစီး၍ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအတွင်း ကယ်ဆယ်ရေး
စခန်းများသို့ ပေးအပ်လှုဒါန်းရန် ကုန်ကား ( ၇ ) စီးဖြင့် ပထမအသုတ် ထွက်ခွါ
သွားကြပြီ


၂၀၀၈ ခုနှစ် မေ ( ၂ ) ရက်၊ ( ၃ ) ရက်တို့တွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း မြို့ နယ် ကျေးရွာအုပ်စုများတွင် မိုင် ( ၁၀၀ ) နှုန်းတိုက်ခပ်ခဲ့သော နာဂစ်ဆိုင်ကလုန်း
မုန်တိုင်း ဒဏ်ကြောင့် လူဦးရေ ၆ သိန်းကျော်သေကြေပျက်စီးခဲရသည်။

မသေပဲကျန်ရစ် ဒုက္ခရောက်နေကြသော ပြည်သူများအား လူသားချင်းစာနာ
ထောက်ထားသည့်အနေဖြင့် ငွေကြေး၊ ပစ္စည်းလှုဒါန်းပွဲအတွက် မန္တလေးမြို့၊
ဈေးချိုတော်ရှိ ဓမ္မပါရမီ ဆွမ်းလောင်းအသင်းမှ ကြီးမှုး၍ ဓမ္မစေတီ အထူးဓမ္မ
သဘင်ကို မေလ ( ၉ ) ရက်ညတွင် မန္တလေးမြို့  အိမ်တော်ရာဘုရား၊ ရတနာ
သရ ( ၁၄ ) ခန်း ဓမ္မဗိမာန်တော်တွင် စည်ကားစွာ ကျင်းပသည်။

ထိုသို့ တရားပွဲ ကျင်းပရာတွင် ဓမ္မစေတီ ဆရာတော် ဘန္ဒန္တ ကောသလ္လ
M.A ( Buddhism ) ကိုယ်တော်တိုင် တရားချီးမြင့်တော်မူသည်။ မန်း မြို့ သူ၊မြို့
သားများက အလှုငွေများ နှစ်ရက် ဆက်တိုက်လှုဒါန်းကြရုံသာမက ပစ္စည်းများပါ
ထောက်ပံ့လှုဒါန်းကြသည်။


ယင်းသို့လှုဒါန်းရာတွင် တရားပွဲ ( ၂ ) ည ကျပ်သိန်း ၁၂၀၀ ရရှိပြီး ဆရာတော်
ကိုယ်တိုင်က ကျပ်သိန်း ၁၀၀ မတည်ကာ လှုဒါန်းခြင်းဖြစ်သည်။


ဆန်၊ဆီ၊သောက်ရေသန့်၊အဝတ်အထည်၊ ဆောင်၊ အိုးခွက်ပန်းကန်၊ စားသောက်
ဖွယ် ခေါက်ဆွဲခြောက်ထုပ်များ၊ နို့ဆီ၊ သကြား၊ ဆေးဝါးများ၊ အချို့က မိမိတို့ဝတ်
ဆင် နေသောအဝတ်အထည်များကိုပါ ပေးအပ် လှုဒါန်းကြသည်။ မန္တလေးမြို့ ရှိ
ဘော်တာဆောင် ကျောင်းသူး၊ ကျောင်းသားများကလည်း မိမိတို့အသုံးပြုသည့်
ထ္မင်းချိုင့်များမှ အစ၊ စာရေးကရိယာ၊ အဝတ်အထည်များကို စေတနာဂရုဏာ
တရားများစွာဖြင့် အိမ်တော်ရာဘုရား လေဘေး အလှုခံဌာနသို့ လာရောက်
လှုဒါန်းကြသည်ကို တွေ့ရသည်။ အိမ်တော်ရာဘုရားအတွင်း ဓမ္မာရုံ ပြည့်လျှံ
သွားသည်။

မန်းကြီး