နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Saturday, May 24, 2008

ဘန်ကီမွန်း ဆီဒိုးနားမှာ ပြောခဲ့သော စကား

သတင်း- ( ရန်ကုန် U.N )



အမျိုးကောင်းသား အမျိုးကောင်းသမီးဒို့ ..

ကျနော်ကို ဒီနေရာကို ခေါ်ဆောင်လာတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
ဒါဟာ ထူးခြားတဲ့ အခန်းနားတခုပါ။ နောက်ဆုံး မဟုတ်ဘူး။ နစ်ပေါင်း ၄၄ နစ်
အတွင်း ကုလသမအတွင်းရေးမှုးတွေတယောက် မြန်မာပြည်ကိုလာလည်တာဒါ
ပထမဆုံးပါပဲ။

ကျနော်ဒီကိုလာတာ မြန်မာပြည်သူတွေအတွက် မျော်လင့်ချက်ကိုပေးဆက်ဖို့ ပါ။
ကမ္ဘာကြီးက ခင်ဗျားတို့ ကိုစောင့်ကြည့်နေပါတယ်။ ကမ္ဘာကြီးက ခင်ဗျားတို့ နဲ့
အတူရှိနေပါတယ်လို့  ကျနော်ပြောချင်တယ်။ မနေ့ က ရောဝတီမြစ်ဝကျွန်းပေါ်
ပေါ်က ဖြတ်သန်း ပျံသန်းသွားတော့ အလွန်စိတ်ထိခိုက်စာရာ မြင်ကွင်းတွေ
ကျနော်တွေခဲ့ ပါတယ်။ အိုးအိမ်တွေနဲ့ ရွာတွေ ပျက်ဆီးနေတယ်။ စပါးခင်းတွေ
ရေမြုပ် နေတယ်။ လမ်းတံတားတွေ ပျက်ဆီးနေတယ်။ အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့တာတွေ။ ကျနော်တို့  ဟာ ကျနော်တို့ ဘ၀တွေ မိသားစုတွေ အတွက်
အစွမ်းကုန်ကြိုးပန်းခဲ့ပါတယ်။ ခနအတွင်းမှာပဲ ဒါတွေ အကုန်လုံးဆုံးရှုံးခဲ့ရပါပြီ။
ကျနော် ဦးညွတ်ပါတယ် ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ခဲ့တာတောင်မှ
သည်းခံနေတတ်တဲ့ သတ္တိရှိတဲ့ ခင်ဗျားတို့ ကို။ ကျနော်ခရီးစဉ်အတွင်းမှာ အလွန်
စိတ်ထိခိုက်စရာကောင်းတဲ့ဇတ်လမ်းတွေကိုကြားခဲ့ရတယ်။ ဒုက္ခသည်စခန်းမှာ
သူတို့ ချစ်လှစွာသောမိသားစုတွေဆုံးရှုံးသွားတဲ့အကြောင်း သူတို့ ပိုင်ဆိုင်မှု တွေ ဆုံးရှုံးသွားတဲ့အကြောင်း တွေ။ သူတို့အိုးအိမ်တွေကိုပြန်ဆောက်နေတာတွေ
ကိုလည်း မြင်တွေ့ ခဲ့ပါတယ်။ ဘ၀ဆက်လက်ရှင်သန်နေတယ်။ မိခင် တဦးကို
လည်းတွေ့ ခဲ့ပါတယ်။

ကျနော်ရောက်ပြီးနာရီပိုင်းအတွင်းမှာမွေးဖွားခဲ့တဲ့ကလေးပါ။ မိခင်ရော ကလေးပါ
ကျမ္မာစွာ ရှိတယ်ဆိုတာကို ကျနော်တွေ့ ခဲ့ပါတယ်။ သူတို့ မှာအနာဂတ်ရှိပါတယ်။
ကျနော့် နှလုံးသားထဲမှာ သူတို့ ရှိနေပါတယ်ဆိုတဲ့အကြောင်းကျနော်ဆိုခဲ့ပါတယ်။
မျော်လင့်ချက်တွေမဆုံးစေရပါဘူးလို့ ကျနော်ဆိုခဲ့ပါတယ်။ ကျနော်သိတယ်။ သူတို့
မျော်လင်ချက်တွေ ခိုင်မြဲလျက်ပဲ။ ဒါကိုသူတို့ သက်သေပြခဲ့ပြီပဲ။ ကျနော်ပြောခဲ့
သေးတယ် နိင်ငံတကာ မိသားစုနဲ့  ကုလသမဂဟာ ဖြစ်နိင်တာတွေ ကိုကူညီပါမယ်
ဆိုတာကို။

ကျနော်မြန်မာခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။ မြန်မာအစိုးရက နိင်ငံ
တကာနဲ့  အကူညီတွေကို လက်ခံရယူနေတာကျနော်မြင်ခဲ့ပါတယ်။ အကူညီတွေ
အများကြီးလိုနေသေးတယ်ဆိုတာသူတို့ ကိုကျနော်ပြောခဲ့ ပါတယ်။ သူတို့ ကို
နိင်ငံတကာကျွမ်းကျင်သူတွေနဲ့ ပူပေါင်းပြီး ပိုမို ၀ါယမစိုက်ထုတ်ဖို့ ကျနော် ပြော
ခဲ့ပါတယ်။

ကိုမိုးသီးဘလော့မှ