နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Monday, June 2, 2008

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုထက်ပိုတဲ့ရာဇ၀တ်မှုကြီး စစ်အစိုးရကျူးလွန်နေ

အမေရိကန် နိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာ ရောဘတ် ဂိတ်

လွန်ခဲ့တဲ့လက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း လေမုန်တိုင်း ဒဏ်ကြောင့် လူ ပေါင်း တသိန်း သုံးသောင်း လေးထောင်ကျော် သေကြေ ပျောက်ဆုံးခဲ့ ရတယ် ဆိုပြီး ကုလသမဂ္ဂက ပြောဆိုခဲ့တဲ့ အတွက် အာရှ ဒေသဆိုင်ရာ လုံခြုံရေးအစည်း အဝေးရဲ့ ဆွေးနွေးမှု အစီအစဉ်တွေမှာ မြန်မာ နိုင်ငံအရေးကတော့ ထိပ်ဆုံးမှာ ရှိနေတာပါ။

မြန်မာ စစ်အစိုးအနေနဲ့ နိုင်ငံတကာက အကူအညီ အထောက်အပံ့ ပစ္စည်းတွေ၊ ကယ်ဆယ်ရေး လုပ်သားတွေကို လက်ခံခဲ့တယ်ဆိုပေမဲ့ တကယ် ဒုက္ခရောက်နေ ရတဲ့ သူတွေဆီ အကူအညီတွေ ရောက်ဖို့က တားမြစ် ပိတ်ပင်မှုတွေ ရှိနေပါသေး တယ်။

စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှဒေသလုံခြုံရေး အစည်းအဝေးမှာ အမေရိကန် ပြည်ထောင်စု ကာကွယ်ရေး ၀န်ကြီး Gates က မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံ တကာက အကူအညီပေးမှုတွေအပေါ် ကန့်သတ်ထားချက်တွေကို ရုတ်သိမ်းမပေး ဘူးဆိုရင် လူတွေ အများကြီး ထပ်မံ သေဆုံးနိုင်ကြောင်း ပြောဆို လိုက်ပါတယ်။ ဒီလို ပြည်သူပြည်သားတွေ ဒုက္ခရောက် သေဆုံးနေ ရတာကို လျစ်လျူ ပြုနေတာ ဟာ စစ်အစိုးရအနေနဲ့ ရာဇ၀တ်မှု ကျူးလွန်နေသလိုဖြစ် တာကြောင့် မြန်မာစစ် ခေါင်းဆောင်တွေရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ မူဝါဒဟာ ရာဇ၀တ်ပြစ်မှု မြောက်တဲ့ လျစ်လျူပြုမှု မူဝါဒဖြစ်တယ် လို့သုံးနှုန်းပြောဆိုခဲ့ပါတယ်။

သောက်ရေသန့်၊ ဆေးဝါးနဲ့ ရဟတ်ယဉ်တွေ တင်ဆောင်ထားတဲ့ အမေရိကန် စစ် သေင်္ဘော လေးစီးဟာ မြန်မာကမ်းလွန် အန်ဒမန်ပြင်လယ်ပြင်မှာ အဆင်သင့် ရပ် ဆိုင်းထားပြီး အမေရိကန်ဘက်က အကူအညီ တွေပေးဘို့ ကမ်းလှမ်းထားချက် အပေါ် မြန်မာစစ်အစိုးရဘက်က ခွင့်ပြုခဲ့ရင် မုန်တိုင်း ဒစ်ပြင်းပြင်း ထန်ထန်ခံခဲ့ရ တဲ့ နေရာဒေသတွေအထိ ရဟတ်ယဉ်တွေနဲ့သွားရောက်ကူညီဘို့ အသင့်ရှိနေ တာပါ။

ဒီကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ ပြန်လည်ရုတ်သိမ်းဘို့အတွက်ကတော့ ခုထိ မဆုံးဖြတ်ရ သေးဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက် ပြီး ရက်ပိုင်းအတွင်း ဆုံးဖြတ်ဘို့ရှိပါတယ် လို့လဲ ဆိုပါတယ်၊ ဒါ့အပြင် မြန်မာစစ် အစိုးရဘက်ကတော့ သူတို့ ကမ်းလှမ်းချက် အပေါ် လက်မခံတာကတော့ ရှင်းနေ ပါ တယ်လို့လည်း ၀န်ကြီး ဂိတ်က ပြောဆိုခဲ့ပါတယ်။

ဒီလိုပြောဆိုမှုကြားထဲကပဲ အကူအညီအထောက်အပံ့တွေဟာ ရာနဲ့ထောင်နဲ့ ချီ နေတဲ့ လေဘေး ဒုက္ခ သည်တွေဆီ ရောက်ရှိနေပြီး အခုဆိုရင် မြန်မာစစ်အစိုးရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေဟာ ကယ်ဆယ် ရေး လုပ်ငန်းတွေ ပြီးဆုံးသွားလို့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကိုလုပ်ကိုင်ဘို့ အာရုံစူး စိုက်နေ ပါပြီလို့ မြန်မာစစ်အစိုးရ ဒုတိယကာကွယ်ရေး ၀န်ကြီး အေးမြင့်က အဲ့ဒီ အစည်းအဝေးမှာ ပဲ ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်အစိုးရက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ သန်းတထောင့် တရာကျော် ကုန်ကျမယ်လို့ ဆိုပါတယ်၊ ဒါပေမဲ့ ဘယ်လို လုပ်ငန်းတွေ လုပ်ဆောင်မှာကြောင့် ဒီလောက် ငွေကြေး ကုန်ကျနိုင်တယ်ဆိုတဲ့ အစီရင်ခံစာ တခုကိုမှတော့ မြန်မာစစ်အစိုးရက တင်ပြပြောဆိုတာမျိုး မရှိပါဘူး၊ ဒါကြောင့် လေ့လာသုံးသပ်သူ ပညာရှင်တွေကတော့ နိုင်ငံတကာက ကူညီကယ် ဆယ်ရေး အဖွဲ့အစည်းတွေ အဲ့ဒီနေရာတွေကို သွားရောက်ခွင့် မပြုသေးသရွေ့ ခန့်မှန်းထုတ်ဖေါ် ပြောဆို ဘို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ အကူအညီတွေအပေါ် ကန့်သတ်မှုတွေ မြန်မာစစ်အစိုးရက မရုတ်မ သိမ်းမချင်း မြန်မာနိုင်ငံ မုန်တိုင်း ဒဏ်သင့်ဒေသတွေမှာ လူတွေဟာ ဆက်ပြီးသေ ကြေ ပျက်စီးကြလိမ့်မယ်လို့ စင်္ကာပူ အဆင့်မြင့် လုံခြုံရေး ညီလာခံက ပြန်လာတဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးရဲ့ ပျံသန်းနေတဲ့ စစ်လေယာဉ်ပေါ်က သတင်း စာ ရှင်းလင်းပွဲမှာ ၀န်ကြီး ရောဘတ်ဂိတ်စ်က ပြောဆိုလိုက်ပါတယ်။ မြန်မာစစ် အစိုးရဟာ အစုလိုက် အပြုံလိုက် မျိုးနွယ်တုံး သတ်ဖြတ်တဲ့ အမှုကြီးမျိုးအတွက် အပြစ်ရှိပါသလားလို့ သတင်းထောက်တွေက မေးတဲ့အခါ မျိုးနွယ်တုံး သတ်ဖြတ် မှုထက် ပိုတဲ့ လူတွေ သေချင်သလောက်သေပါစေလို့ ပိုင်းဖြတ်လုပ်ဆောင် နေတဲ့ ရာဇ၀တ်မှုကြီးနဲ့ ဆင်ဆင်တူတယ်လို့ ကျွန်တော်က ပိုပြီး ထင်တယ်လို့ ၀န်ကြီး ဂိတ်စ်က ပြန်ဖြေခဲ့ပါတယ်။ ရဟတ်ယာဉ်တွေနဲ့သာ သွားရောက်ကူညီနိုင် တဲ့ဒေသ ကို သွားရောက်ခွင့် မရတဲ့အတွက် မြန်မာ့ရေပြင်အနီးမှာ အသင့်စောင့်နေ တဲ့ အမေရိကန် စစ်သင်္ဘောကြီး USS Essex အပါအ၀င် စစ်သင်္ဘောသုံးစင်းကို လှည့် ပြန်ဖို့ မကြာခင်မှာ သူ့အနေနဲ့ ဆုံးဖြတ်ရလိမ့်မယ်လို့လည်း ၀န်ကြီး ဂိတ်စ်က ပြော ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ပင်တဂွန်စစ်ဌာနချုပ်မှာ လက်နက်ကိုင်တပ်များရဲ့ ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန်းပြောဆိုတဲ့ အခါမှာတော့ စစ်သဘောင်္တွေ လှည့်ပြန် ရတော့မယ်လို့ ဆုံးဖြတ်ပြီးရင်တောင်မှ သင်္ဘောတွေ ဟာ မြန်မာ့ ရေပြင်အနီးကနေ ခပ်ဖြေးဖြေးပဲ ပြန်ပြီးထွက်ခွာမယ်၊ မြန်မာစစ်အစိုး ရမှာ မမျှော်လင့်ဘဲ စိတ်ထားနှလုံးသားတွေ ပြောင်းလဲသွားခဲ့ရင် အမြန်ဆုံး မြန်မာ့ ရေပြင်ထဲ ပြန်လည်ဝင်ရောက်နိုင်အောင်ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုသွားပါ တယ်။

refer voa