နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Tuesday, June 24, 2008

နာဂစ်ကြောင့် သေဆုံးသူ ၈၄၅၃၇ ဦး ရှိသွားပြီးဟု မြန်မာစစ်အစိုးရ ကြေညာ

နာဂစ်ကြောင့် သေဆုံးသူပေါင်း ၈၄၅၃၇ ဦးရှိပြီး ပျောက်ဆုံးသူဦးရေ ၅၃၈၃၆ ဦး

ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူက သတင်းထောက်များကို ဒီနေ့(၂၄-

၆-၀၈)ပဲ ထပ်မံ အတည်ပြု ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့က တရားဝင်ပြောကြားတာကတော့ နာဂစ်ကြောင့် သေ

ဆုံး သူဦးရေဟာ ၇၇၇၃၈ ဦးရှိပြီး ပျောက်ဆုံးနေသူပေါင်း ၅၅၉၁၇ ဦး ရှိတယ် လို့

ပြောခဲ့ပါတယ်။

ဘယ်သူ့ကို ယုံပြီး၊ ဘာကိုအားကိုးရမှာလဲ

အခုလို မုန်တိုင်းဝင်ပြီး တစ်လနဲ့ ၂၁ ရက်ကြာတဲ့အချိန်မှာ ထုတ်ပြန်တဲ့ သေဆုံး၊

ပျောက်ဆုံးသူ စာရင်းနဲ့ မုန်တိုင်းဖြစ်ပြီး ၁၄ ရက်အကြာမှာထုတ်ပြန်ခဲ့တဲ့ သေဆုံး၊

ပျောက်ဆုံးသူစာရင်း ကွာခြားရတာဟာ ဘာကြောင့်လဲ၊ ပြောက်ဆုံးနေ သူဦးရေ

ထဲက သေသွားပြီးလို့ အတည်ပြုယူဆလို့ရတဲ့ ဦးရေကို သေဆုံးသူစာရင် ထဲကို

ပေါင်းထည့်လိုက်တာလား။

ဒါဆိုရင် မေလ ၁၇ ရက်ကထုတ်ပြန်တဲ့ ပျောက်ဆုံးသူ ၅၅၉၁၇ ရှိတယ်၊ ဇွန် ၂၄

ရက်နေ့မှာ ပျောက်ဆုံးသူ ၅၃၈၃၆ ရှိတယ်၊ ကွားခြားနေတဲ့ ၂၀၈၁ ဦးဟာ သေဆုံး

ပြီးလို့အတည်ပြုလိုက်တဲ့သဘောပါ။ ဒါကြောင့် ဇွန် ၂၄ ရက်သေဆုံးသူစာရင်ဟာ

၇၇၇၃၈ + ၂၀၈၁ = ၇၉၈၁၉ ဦးဖြစ်ရပါမယ်၊ ခုတော့အဲဒီလိုအဟုတ်ဘူး ဇွန်လ

၂၄ ရက်သေဆုံးသူ စာရင်းမှာ ၈၄၅၃၇ ဦးဖြစ်နေတယ်၊ ၄၇၁၈ ဦးက ဘယ်ကတိုး

လာတာလဲ။ ခုချိန်ထိစာရင်းကို တိကျအောင်လုပ်ဖို့မတက်နိုင်တာလား၊ဒါမှမဟုတ်

ဘာရည်ရွယ် ချက်နဲ့ ဒီလိုလုပ်နေတာလဲ။

လူဝင်မှုကြည့်ကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန (လဝက) မှာ လူဦးရေစာရင်း

အတိအကျ မရှိဘူးလား။ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီ လဆန်းပိုင်းက တနိုင်ငံလုံး အ

တိုင်းအတာနဲ့ကောက်ခံထားတဲ့ အိမ်ထောင်စုစာရင်းသစ်လိုလို၊ မဲပေးနိုင်သူဦးရေ

စာရင်းလိုလို နဲ့ လက်ရှိအိမ်တိုင်းမှာ နေထိုင်နေတဲ့ မိသားစုဝင် ဟုတ်တာရော

မဟုတ်တာရော သိမ်းကျုံးပြီးပြုစုထားတဲ့ လူဦးရေစာရင်းက ဘယ်ရောက်သွားပြီ

လဲ၊ ဒီစာရင်းတွေပေါ်ကနေ အသက်ရှင်ကျန်ရစ်သူ စာရင်းနဲ့ခြားနားပြီး ပျောက်ဆုံး

သေဆုံးသူစာရင်း တွက်ယူလို့ မရနိုင်ဘူးလား။ လွယ်မယ်မဟုတ်ပေမဲ့ အစိုးရတစ်

ရပ်အနေနဲ့ လုပ်ကိုလုပ်နိုင်ရမယ်။

ကယ်ဆယ်ရေးလုပ်ငန်းပြီးပြီတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းပဲကျန်တော့သတဲ့

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံလိုသတဲ့ သောက်ရှက်မရှိ လိမ်လည်းလိမ်တက်ပ၊

တောင်းလည်းစားတက်ပ၊ လိမ်လိုက်တာမှ ကမ္ဘာ့အစိုးရခေါင်းဆောင်ကြီးတောင်

ပါလိုက်သေးတယ်၊ သူကိုယ်တိုက်အလိမ်ခံရတာလား၊ ပေါင်းကြံတာလားတော့

မသိဘူး “နိုင်ငံတကာမှ ကယ်ဆယ်ရေးလုပ်သားအားလုံးကို ၀င်ခွင့်ပြုရန် နအဖ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူလိုက်ပြီ” လို့ မေလ ၂၃

ရက်နေ့က ပြောတယ်၊ သုံးပွင်ဆိုင်ကယ်ဆယ်ရေးကော်မတီလည်း ဖွဲ့ထားသေး

တယ်၊ ဒီသဘောတူညီိချက်တွေကြိုးပန်ချက်တွေ လက်တွေ့မှာ ဘယ်လောက်

အောင်မြင် တယ်ဆိုတာကတော့ ကမ္ဘာ့ပြည်သူတွေနဲ့ မြစ်ဝကျွန်းပေါ်က ပြည်သူ

တွေ အသိဆုံးပါ။

မေးလိုက်ချင်ပါတယ် ကမ္ဘာ့ခေါင်းဆောင်တွေကို ကျုပ်တို့မြန်မာပြည်သူတွေ ဘယ်

သူ့ကို ယုံပြီး၊ ဘာကိုအားကိုးရမှာလဲလို့။