နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Wednesday, June 11, 2008

ICRC နှင့် UNDP သို့ အဖြစ်မှန်တင်ပြတောင်းဆိုသော ဒုက္ခသည်များ ဖမ်းစီးခံရ

ရန်ကုန်မြို၊ အရှေ့ဒဂုံမှ မုန်တိုင်းဒုက္ခသည် ( ၂၀၀ ) ခန့်သည် ရန်ကုန်မြို့ရှိ နိုင်ငံ
တကာ ကြက်ခြေနီရုံး ( ICRC ) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးစီမံကိန်း (UNDP) ရုံးများ
သို့ သွားရောက်၍ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ မရရှိခြင်းနှင့်၊ ဒုက္ခသည်
စခန်များမှ ၎င်းတို့အားနှင်ထုတ်ခံရခြင်းများကို မနေ့က(၁၀-၆-၂၀၀၈) နံနက်ပိုင်း
တွင် တင်ပြတောင်းဆိုခဲ့ကြချိန်တွင် ထရပ်ကား နှစ်စီးနှင့် အပြည့်တင်ထားဆောင်
လာသော စစ်အစိုးရ လုံထိန်းတပ်ဖွဲ့များရောက်ရှိလာကာ အင်အားသုံး၍ ပိတ်ဆို့
ဖြိုခွင်းခဲ့ကြပြီး ၎င်းဒုက္ခသည်များအထဲမှ ဦးဆောင်သူများဟုယူဆရသော အမျိုး
သား ( ၂ ) ဦးနှင့် အမျိုးသ္မီး( ၁ )ဦးတို့အား ဖမ်းစီးခေါ်ဆောင်သွားကြောင်းသတင်း
ရရှိသည်။ အထက်ပါအမျိုးသ္မီးမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မဇူးဇူးဖြစ်သည်
ဟု သိရပါသည်။