နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, July 18, 2008

အာဇာနည်နေ့အခမ်းအနား NLD အစဉ်အလာမပျက်ကျင်းပ မည်

၂၀၀၇၊ ၁၉ ဇူလိုင် NLD ရုံးချုပ်ရှေ့ အာဇာနည်နေ့အခမ်းအနား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကပြုလုပ်တဲ့ အခမ်းအနားတွေမှာ အာဏာ ပိုင်တွေဖက်က အရပ်ဝတ်တွေနဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့် လာတာမျိုးတွေ ရှိခဲ့ပေမဲ့ လာမဲ့ စနေနေ့ ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အစီအစဉ်မပျက် ကျင်းပသွားမယ်လို့ အန်အယ်လ်ဒီက ပြောပါတယ်။

ပြီးခဲ့တဲ့ ပါတီရုံးချုပ် အခမ်းအနားတွေမှာ အရပ်ဝတ် တာဝန်သိ ပြည်သူများ ဆိုတဲ့ နာမည်နဲ့ အာဏာပိုင်တွေဖက်က လုံခြုံရေးတင်းကျပ်ပြီး စောင်ြုကည့်တာ တွေ၊ အန်အယ်လ်ဒီပါတီဝင်တွေကို တိုးပြီး ဖမ်းဆီးလာတာတွေရှိခဲ့ပေမဲ့ လာမဲ့ အာဇာနည်နေ့ကိုတော့ အစဉ်အလာမပျက် ဆက်ပြီး ကျင်းပသွားဖို့ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ “ကဋ္ဋန်တော်တို့ကတော့ လုံခြုံရေးကိစ္စရယ်လို့ မဟုတ်ဖူး၊ ကျွန်တော်တို့ ပင့်ဖိတ်ထားတဲ့ ပုဂ္ဂိုလ်တွေရယ်၊ ကျွန်တော်တို့ မဆိုင်တဲ့လူတွေ မဝင်နိုင်အောင် ဒါတော့ လုပ်မယ်လေ။ ခုနကပြောသလို ဖမ်းတယ်ဆီးတယ် ဘာညာဆိုတာ ဒါကတော့ ကျွန်တော်တို့အနေနဲ့ မတက်နိုင်ဘူးဗျာ။ သူတို့ လုပ်ရင်လည်း လုပ်ပေါ့။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ လုပ်ရမဲ့ အလုပ်ကို ဆက်ဆက်လုပ်မှာပါပဲ”။

အန်အယ်လ်ဒီအနေနဲ့ အာဇာနည်နေ့ အခမ်းအနားမှာ ရဟန်းသံဃာ တော်တွေကို ပင့်ဖိတ်ပြီး ခါတိုင်းလိုပဲ အာဇာနည်နေ့ ကြေညာချက် ထုတ်ပြန်ဖို့ ရှိတယ်လို သိရပါတယ်၊ အန်အယ်လ်ဒီ ပါတီကနှစ်စဉ် အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပရတဲ့ ရည်ရွယ်ရင်းကိုတော့ ဦးဥာဏ်ဝင်းက အခုလို ပြောပြပါတယ်။

ဦးဉာဏ်ဝင်း။ ။ “အာဇာနည်နေ့က တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ကြိုးပမ်းခဲ့ကြတဲ့ ပုဂ္ဂိလ်များ လွတ်လပ်ရေးမရခင် ကွယ်လွန်ခဲ့ကြတဲ့ ဒီပုဂ္ဂိုလ်များကို အမှတ်တရ ရှိဖို့ရယ်၊ သူတို့ကျေးဇူးကို သိတဲ့အနေနဲ့ရော၊ နောင်လာ နောက်သားတွေရော အားလုံးက ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေရဲ့ ကျေးဇူးတွေကို အမှတ်တရ ရှိစေချင်တယ်။ နောက် ဘာသာရေးအရလည်း ကျွန်တော်တို့ အမျှအတမ်းဝေမယ်၊ လူမှုရေးအရလည်း အများပြည်သူကို ကျေးဇူးရှင်တွေရဲ့ လုပ်ရပ်တွေကို အမှတ်တရ ဖြစ်နေအောင် ဒီလိုပဲ ကျွန်တော်တို့ နှစ်စဉ် ကျင်းပနေရတာ ဖြစ်ပါတယ်။”

အမျိုးသာားးဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အာဇာနည်နေ့ အခမ်းအနားတွေဟာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ကျင်းပတဲ့ အခမ်းအနားတွေနဲ့ ကွဲပြားမှု အများကြီးရှိပါတယ်။ ဒီအထဲမှာ အာဇာနည်ကြီးတွေကို သိမီခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေ အာဇာနည်ကြီးတွေအကြောင်း ဟောပြောတာတွေလည်း ပါဝင်ပါတယ်။

rfa မှ