နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Monday, August 4, 2008

ဗိုလ်လှဖေ (၁၉၂၄ - ၂၀၀၈) ကွယ်လွန်



၂၀၀၈ ဇူလိုင် ၃၁၊ မန္တလေးမှာ ကွယ်လွန်ပါတယ်။

ဖက်ဆစ်တော်လှန်ရေးအတွက် သမ္မတလောင်း မန်းဝင်းမောင်၊ လေထီးဗိုလ်အုံးမောင် စသူတို့နဲ့အတူ မဟာမိတ်တပ်တွေဆီမှာ လက်နက်နဲ့ နည်းပညာရယူဖို့ အိန္ဒိယကို စွန့်စားသွားကြတဲ့ မျိုးချစ်လူငယ်တွေထဲမှာ ဗန်းမော်က ကိုလှဖေလည်း တယောက်ပါဝင်ပါတယ်။ လမ်းမှာ ငှက်ဖျားမိကျန်နေခဲ့လို့ ကိုသိန်းဖေ၊ (သိန်းဖေမြင့်)၊ သခင်တင်ရွှေတို့ ရှိရာ ကာလတ္ကတ္တား ဘုံရိပ်သာကို မရောက်ခဲ့ရပါဘူး။

စစ်ပြီးခေတ် တော်လှန်ရေးလူငယ်တွေ စုဆုံရာ မန္တလေးလူထုသတင်းစာတိုက်မှာ ၀င်ထွက်ရင်း လုထုဒေါ်အမာရဲ့ ညီမ မတင်တင်နဲ့ အကြောင်းပါခဲ့ပါတယ်။ လွတ်လပ်ရေး ရ စ မှာ အင်္ဂလန် ဆင်းဟတ်စ် တက္ကသိုလ်မှာ ဗိုလ်လွင် (NLD ဦးလွင်) တို့နဲ့ အတူ စစ်ပညာသင်ခဲ့၊ မေမြို့ ဗိုလ်သင်တန်းကျောင်းမှာ စစ်ရေးပြဆရာ အဖြစ် ဗိုလ်တင်ဦး (NLD ဦးတင်ဦး) တို့နဲ့အတူ အမှုထမ်းခဲ့ပေမယ့် တော်လှန်သော ဗမာတပ်မတော် တောခိုရာမှာ ပါဝင်ခဲ့တယ်။

နောက် တောထဲကနေ ပြန်လည်ဖမ်းမိတော့ မယားညီအကိုတော်တဲ့ လူထုဦးလှ၊ လေထီးဗိုလ်အုံးမောင်၊ ဗန်းမော် တင်အောင်၊ မောင်နေ၀င်း တို့နဲ့အတူ ရန်ကုန်ထောင်ထဲမှာ အကျဉ်းကျခဲ့ပါတယ်။

မော်ကွန်းဝင် (ပထမ) ဆင့်၊ နိုင်ငံ့ ဂုဏ်ရည် (ဒုတိယဆင့်)တွေ ရခဲ့တယ်။ ဒါပေမဲ့ တချို့တောပြန်တေလို မဆလ ထဲ မ၀င်ခဲ့ပါဘူး။ ဒါပေမဲ့ ရဲဘော်ဟောင်းတွေ အားလုံးနဲ့ ချစ်ချစ်ခင်ခင် နေတတ်ပါတယ်။

မိုးမခမှ