နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Saturday, August 30, 2008

NLD အထူးကြေညာချက် ( ၁၅ / ၂၀၀၈ )


ဂမ်ဘာရီသည် ( ၆ ) ကြိမ်တိုင်တိုင် လာရောက်ကာ သံတမန်ရေး ကြိုးပန်းမှုများ ဆောင်ရွက်ခဲ့သော်လည်း ကုလသမဂ္ဂအထွေထွေညီလာခံ အသီးသီးက ချမှတ်ခဲ့ သော ---

(က) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်အား အကောင်အထည် ဖေါ်ရန်၊

(ခ) ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရန် ၊

(ဂ) နိုင်ငံရေးအဓိပ္ပါယ် ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန်၊ ဆုံးဖြတ် ချက်များကိုလည်းကောင်း၊

၂၀၀၇ ခုနှစ် အောက်တိုဘာ (၁၁) ရက်နေ့ လုံခြုံရေး ကောင်စီ၏ ကြေညာချက်ပါ ---

(က) ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများနှင့် ဖမ်းဆီး ချုပ်နှောင်ခြင်း ခံထားရသူများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ် ပေး ရန်၊

(ခ) ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များ နှင့် နိုင်ငံရေး အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲများကို အာဏာပိုင်များက အမြန်ဆုံးစတင်ဆောင်ရွက်ရန်၊

စသည်တို့ကို အကောင်အထည်မဖေါ်ပဲ ( နအဖ ) အစီအစဉ်များအတိုင်းသာ လိုက်နာလက်ခံ ဆောင်ရွက်ပြီး တန်ဘိုးကြီးမားလှသည့် အချိန်းများကို အကျိုးမဲ့ ကုန်စေခဲ့သည်ဟု NLD က မနေ့က ကြေညာချက်ထုတ်၍ ပြစ်တင်ဝေဖန် လိုက်သည်။