၁-၉-၂၀၀၈

အစာငတ်ခံဆန္ဒပြနေသည်ဟူသော သတင်းနှင့် ပတ်သက်၍လည်း ဒေါ်စုက ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိဟု ဆိုသည်။ “ကျန်းမာရေး ကောင်းတယ်၊ ခန္ဓာကိုယ် အလေးချိန်တော့ လျော့သွား တယ်၊ ပင်ပမ်းနေတယ်၊ အနားယူဖို့လိုအပ်တယ်”ဟု ဒေါ်စုက ပြောဆိုကြောင်း ဦးကြည်ဝင်းက ရှင်းပြသည်။
ဒေါ်စု၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ မေးမြန်းရာ ဦးကြည်ဝင်းက ဖြေကြား ခြင်းမရှိ။ သို့သော်လည်း သံတမန်များကမူ ဒေါ်စုက အစားအစာ လက်မခံခြင်းမှာ ရှေ့နေနှင့် တွေ့ခွင့်မရသည့်အတွက် တုန့်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ခန့်မှန်းနေ ကြသည်။
ရိုက်တာမှ