နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, September 26, 2008

ဗိုလ်ကြီးဝင်းထိန် ထောင်မှ လွှတ်လာပြီး အိမ်ပြန်မရောက်ခင် ပြန်အဖမ်း ခံရ

ထောင်မှလွတ်လာပြီးမှ ပြန်အဖမ်း ခံရသည့် ဗိုလ်ကြီး ၀င်းထိန်သည် စစ်ကိုင်းတိုင်း ကသာထောင်၌ ပြန်လည် အကျဉ်းကျ ခံနေရသည်ဟု ဗိုလ်ကြီး ၀င်းထိန်၏ မိသားစုက ခေတ်ပြိုင်သို့ အတည်ပြု ပြောကြား သည်။

ယမန်နေ့က ထောင်ဝင်စာ သွားတွေ့ ခဲ့သည့် ဗိုလ်ကြီး ၀င်းထိန်၏ ဇနီးဖြစ်သူက “အန်တီက မန္တလေးပဲ ရောက်သေး တယ်။ ရန်ကုန် ပြန်ဆင်းရမှာ ဆိုတော့ လောလောဆယ်တော့ အန်ကယ်လ်က နဂိုနေရာမှာ ပေါ့နော်။ အန်တီတို့က ထောင်ဝင်စာ သဘောမျိုး သွားတွေ့တာပဲရှိတယ်။ လောလောဆယ်တော့ ထောင်ဝင်စာသွားတွေ့တယ်လို့ ဒါပဲပြောလို့ရသေးတယ်။ အန်တီအချိန်မရလို့ပါ” ဟု ပြောသည်။

ဗိုလ်ကြီးဝင်းထိန်သည် စက်တင်ဘာ (၂၃) ရက်က အကျဉ်းသား (၉၀၀,၂) ဦးကို စစ်အစိုးရက ပြန်လွှတ်ပေးရာတွင် သတင်းစာဆရာကြီး ဦးဝင်းတင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် များဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးခင်မောင်ဆွေ စသူတို့နှင့်အတူ ပြန်လွတ်လာပြီး နေအိမ်သို့ ပြန်မရောက်ခင် ကသာမြို့ရှိ ဧရာ ဟိုတယ်၌ ပြန်လည် ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက် ဗိုလ်ကြီး ၀င်းထိန်ကို အာဏာပိုင် များက ပြန်ဖမ်းသည်ကိုမူ ယခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထောင်မှပြန်လွတ်လာပြီးကာစပြုလုပ်ခဲ့သည့် ဒီဗွီဘီ အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင် ဗိုလ်ကြီးဝင်းထိန်က လူတိုင်း နိုင်ငံရေး လုပ်ခွင့်ရှိရမည် ဖြစ်ကြောင်း၊ တဖက်စောင်းနင်း မလုပ်သည့် နိုင်ငံရေး၊ မျှမျှတတ လုပ်ပိုင်ခွင့်ရှိသည့် နိုင်ငံရေး စနစ်မျိုးဖြစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ကြီးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူး အဖြစ်တာဝန် ထမ်းဆောင် ခဲ့ဖူးပြီး ၁၉၉၆ မေလတွင် နိုင်ငံခြား သတင်းထောက်များကို မဟုတ်မမှန် သတင်းပေးပို့သည် ဆိုသော စစ်အစိုးရ၏ စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး ထောင်ဒဏ် (၁၄) နှစ် အကျဉ်းကျခံ ခဲ့ရသည်။ စစ်တက္ကသိုလ် ကျောင်းဆင်း ဗိုလ်ကြီးဝင်းထိန်သည် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၏ ကိုယ်ရေးအရာရှိ အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

ခေတ်ပြိုင်မှ