နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Tuesday, June 9, 2009

“ သုံးတောင်ဝတ်မြွေပွေး ”

ပခြုပ်ထဲက မထုတ်ရဲကြတာ
မဟာက္ကုတ္ထိယ မြွေပွေးမလေး
အတောင်နှစ်ဆယ် ညစ်ကျယ်ကျယ်လူဆိုးတစ်စုကို
ဒုက္ခ ကောင်ကောင်းကီးပေးနိုင်တဲ့ သုံးတောင်ဝတ်ကလေးပေါ့
အာဂအစဉ်အလာနဲ့ ကမ္ဘာ့ ကင်မရာကီးကိုကီးစိုး
သတင်းမိုးကီးမပြတ်ရွာ သူမဟာ စာနယ်ဇင်းဘုရင်မ
လေလှိုင်းကဧကရီ .. တီဗွီရဲ့ ဒေ၀ီတစ်ပါး
လူဆိုးတစ်စုက ချောက်ခြား.. လူကောင်းထုက မြှောက်စားလို့
တောက်ကြွားခဲ့သူ ဓူဝံကြယ်ပါတကား….
လျှင်သလားဆို ယင်နားကိုမခံ
မြန်သလားမေး .. အမှန်သမားသွေးပဲလေ
ထက်သလားကြည့် .. နှစ်ဖက်သွားမြေ့နေလေရဲ့
အေးရမလား ရေခဲ့ ပူရမလား ငရဲမီး
ကီးရမလား မြင့်မိုရ် .. ချိုရမလား ပျားရည်
ပြည်သူ့ရှေ့မှာ ပြည်သူ့နောက်မှာ
ပြည်သူ့ဝဲယာ .. ပြည်သူ့ထဲမှာ
ရဲရင့်မှုသရဖူဆောင်းတဲ့ အကျည်းကျခေါင်းဆောင်လေ

သြော် .. အနီးကလေးနဲ့ အဝေးရောက်
တွေးကြောက်တဲ့သူတွေအဖို့ … မြွေပွေးလောက်ပူနေရောပေါ့…
ဒါပေမယ့် .. သူမဟာ … သုံးတောင်ဝတ်ကလေးပါ။ ။

အရှေ့မြောက်မြို့နယ်လူငယ်(မန္တလေး)