နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Sunday, April 18, 2010

မြစ်ဆုံရေကာတာ စီမံကိန်းဝန်းကျင် ဗုံးများ ဆက်တိုက်ကွဲ

ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်း ဆောင်ရွက် နေသည့် အနီး ၀န်းကျင်တွင် ယနေ့ နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို တည်ဆောက်နေသည့် အေရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက် အဦးနှင့် တရုတ် လူမျိုး ပညာရှင်များ နေထိုင်သည့် နေရာများတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ကချင် သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်း ဧရာဝတီ သို့ ပြောသည်။

တရုတ်ပညာရှင်များ ရေးဆွဲထားသည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဝေဟင်မှမြင်တွေ့ရပုံ (ဓာတ်ပုံ - စိန်ဌေး)

“အလုပ်သမားတွေ နေတဲ့ နေရာတော့ မပါဘူး၊ စီမံကိန်း အုပ်ချုပ်တဲ့ ရုံးတွေ၊ ဂိုဒေါင်တွေမှာ ပေါက်တာ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲ မှုတွင် သေဆုံးသူ လေးဦး ခန့် ရှိပြီး ထိခိုက် ဒဏ်ရာ ရမှု များလည်း ရှိသည်ဟု ကိုနော်ဒင်း က ပြောသည်။

မြစ်ကြီးနားမြို့ခံ တဦးက “ဗုံး ၇လုံး ပေါက်တယ်၊ ကားနှစ်စီး ပျက် တယ်” ဟု ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းသို့ ဆက်သွယ် မေးမြန်း သော်လည်း လုံခြုံရေး အရ မဖြေဆိုနိုင် ကြောင်း ငြင်းဆိုခဲ့ သည်။

စုစုပေါင်း ဗုံး အရေအတွက်မှာ ၃၉ လုံးခန့် ဖြစ်ကြောင်း၂၇ လုံးမှာ ပေါက်ကွဲခဲ့ပြီး ၁၂လုံးမှာ ပေါက်ကွဲခြင်း မရှိကြောင်း အတည် မပြုနိုင်သော သတင်းများ အရ သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အေးရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦး (ဓာတ်ပုံ - ကချင် သတင်းစဉ်)

မြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းကို စစ်အစိုးရ ၏ အမှတ် (၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအား လျှပ်စစ် အကောင်အထည် ဖော်ရေး ဌာနနှင့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်း တို့မှ ပူးပေါင်း ဆောင်ရွက် နေခြင်းဖြစ်ပြီး စီမံ ကိန်းကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော ပိုင် အေရှားဝေါလ် ကုမ္ပဏီက အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုဗုံးပေါက်ကွဲသည့် အချိန်သည် စစ်အစိုးရ၏ နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ်ကို ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က လူထု အစည်းအ၀း ခေါ်ယူ၍ ငြင်းဆန် ထားသည့် အချိန်နှင့် တိုက်ဆိုင်နေသည့် အတွက် စစ်အစိုးရက KIO အဖွဲ့ အပေါ်တွင် အပြစ်ရှာခြင်း လည်းဖြစ်နိုင်ကြောင်း ကိုနော်ဒင်းက သုံးသပ်သည်။

ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်းကလည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်ရှိ အေးရှားဝေါလ် ဂိတ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်း နယ်စပ်သတင်းများ အရသိရသည်။

ဧရာဝတီမှ