နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, August 22, 2008

ချင်းပြည်နယ်တွင် အငတ်ဘေးဆိုက် ကလေး ၃၁ ဦး သေဆုံး

အိန္ဒိယမြန်မာနယ်စပ်တလျှောက် ချင်းပြည်နယ် က ဒေသတော်တော်များများမှာ ငတ်မွတ် ခေါင်းပါးမှု ဘေးအန္တရာယ် ကြုံတွေ့နေရာက အစာအဟာရ ချို့တဲ့ပြီးတော့ ၀မ်းရောဂါလည်း ဖြစ်ပွားလာတဲ့အတွက် ၃ ပတ်အတွင်းမှာ ကလေးငယ် ၃၁ ယောက် အထိ သေဆုံးခဲ့ ရတယ်လို့ သိရပါတယ်။

နှစ်ငါးဆယ်အတွင်း ၁ ကြိမ်ဖြစ်ပွား လေ့ရှိတဲ့ ၀ါး သုန်းမှုတွေ ဖြစ်ပြီးတော့၊ ၀ါးပွင့်တွေ ကြွေ၊ ကြွက်တွေ ပွားများပြီး တော့ အစားအစာ စားသုံး ဖျက်ဆီးခဲ့ တဲ့အတွက် အစားအစာ ရှားပါးခဲ့ရ ဖြစ်ပါတယ်။

အခုဆိုရင် မရာ ဒေသနဲ့ ဇိုခေးဒေသ ရွာတော်တော်များများမှာ အစားအစာ ရှားပါးမှု ဖြစ်နေသလို ဒီအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် ဒီဒေသမှာ အခြေအနေ ပိုဆိုးနိုင်တယ် ဆိုပြီးတော့ မကြာခင်က ဖွဲ့စည်းလိုက်တဲ့ ချင်း လူသားချင်း စာနာထောက်ထားမှုနဲ့ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆခုန်းက ပြောသွားပါတယ်။

bbc မြန်မာမှ