နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Saturday, March 22, 2008

မိမိကိုယ်ကိုမီးရှို့ပြီးဆန္ဒပြပြီ

ရန်ကုန်၊မတ်လ(၂၁)ရက်

မိတ်ဆွေတို့ရေစိတ်မကောင်းစရာပါဘဲ
မြန်မာ့သမိုင်းမှာတစ်ခါမှ မဖြစ်ဘူးတာတွေ စဖြစ်နေပါပြီစဉ်းစားကြည့်ကြပါဦး
နောက်ပြီးပြန်လည်ဖြန့်ဝေပေးကြပါဦးနော်ဓါတ်ပုံတွေရအောင်လဲလိုက်နေပါပြီ
မိမိကိုယ်ကိုမီးရှို့ခြင်းဖြင့်ဆန္ဒပြကုန်ကြပြီရန်ကုန်နဲ့ မြို့ကြီးတော်တော်များများမှာ
ှုခုဆိုရင်မြေအောက်တော်လှန်ရေးတွေကိုစနေကြပါပြီပြည်သူတွေလဲဖိနှိပ်မှုတွေကို
မခံချင်တဲ့စိတ်ဆင်းရဲလွန်းလို့ ငတ်မွတ်နေရတဲ့ဘဝတွေကလွတ်မြောက်ချင်တဲ့စိတ်
စစ်ဖိနပ်အောက်မှာအနင်းခံထားရတဲ့လူ့အခွင့်အရေးတွေကိုငတ်မွတ်တဲ့စိတ်
ဒီစိတ်တွေရဲ့ဖိစီးမှုကြောင့်အားလုံးကသေမထူးနေမထူးဆိုတဲ့စိတ်တွေဖြစ်နေကြပါပြီ
စစ်အစိုးရဟာလူတွေရဲ့ကြောက်ရွံ့မှုကိုအသုံးချပြီးမတရားအုပ်ချုပ်နေခဲ့တာကြာပါပြီ
ဒါပေမယ့်သူတို့ကလူသားတစ်ဦးရဲ့သည်းခံနှိုင်မှုအတိုင်းအတာကိုထည့်မတွက်ခဲ့ပါဘူး
အခုဆိုရင်ပေါက်ကွဲလုနီးနီးဖြစ်နေတဲ့ပြည်သူတွေရဲ့ခံစားမှုတွေဟာနောက်ဆုံး
ငြိမ်သက်ခြင်းဆိုတဲ့အခြေအနေကိုရောက်နေခဲ့ပါပြီမကြာခင်အကြီးအကျယ်ပေါက်
ကွဲပွင့်ထွက်လာပါတော့မယ်မနေ့ကဘဲအမျိုးသားတစ်ဦးကခုလိုသက်သေပြခဲ့ပါ
တယ်
March, 21stသောကြာနေ့ ဟာ တပေါင်းလပြည့်နေ့ဖြစ်တဲ့အတွက်ရွှေတိဂုံ
ဘုရားရင်ပြင်ဟာညနေခင်းဘုရားဖူးများနဲ့ ပြည့်နှက်စည်ကားနေခဲ့ပါတယ်
ဒီလိုနဲ့ အေးချမ်းတဲ့ညလေး ၈ နာရီလောက် မှောင်စပျိုးချိန်မှာတော့
ဒီအေးချမ်းမှုလေးကအားလုံးလန့်နိုးခဲ့ရပါတယ်သောကြ်ာထောင့်မှာဘုရားဖူး
နေသူတွေထဲကအမျိုးသားတစ်ဦးကဘာမပြောဘာမဆိုနဲ့အသင့်ယူလာတဲ့
ဓါတ်ဆီပုလင်းကိုထုတ်ပြီး သူ့ကိုယ်သူစလောင်းပါတော့တယ်

ဘေးကလူတွေလဲအံအားသင့်ပြီးကြောင်နေကြတုန်းဘဲသူကမီးခြစ်ကိုစခြစ်ပြီး
ကိုယ့်ကိုယ်ကိုမီးစတင်ရှို့လိုက်ပါတော့တယ် ဒီတော့ဘေးကဘုရားဖူးတွေလဲသတိပြန်
ဝင်လာပြီးဂေါပကအဖွဲ့တွေလဲရုပ်ရှင်ထဲကလိုတော်တော် ကြာတော့ရောက်လာခဲ့ပါ
တယ် အဲဒိအချိန်မှာဘေးကတာဝန်သိသူတွေရဲ့ကူညီမှုနဲ့ အဲဒိလူကိုဝိုင်းပြီးအသက်
မဆုံးခင်မီးငြိမ်းပေးနှိုင်ခဲ့ပါတယ်ပီးတာနဲ့ ဆေးရုံကားတော့မခေါ်ဘဲဂေါပကရုံးကိုထမ်းခေါ်
သွားခဲ့ကြပါတယ်ဂေါပကရုံးထဲအရောက်မှာ တကိုယ်လုံးမီးကျွမ်းထားလို့မဲနက်စုတ်
ပြတ်နေတဲ့လူကသတိပြန်ရလာပါတယ်ဒီမှာတင်သူဘာကြောင့်ခုလိုလုပ်ရတယ်ဆို
တာအားလုံးသိလိုက်ရပါတော့တယ်သူသတိပြန်လည်လာတာကိုဘယ်သူမှမသိလိုက်
ခင်မှာဘဲ ဂေါပက ရုံးခမ်းထဲကနေရုတ်တရက်အပြင်ကိုထွက်ပြီး ဒါဏ်ရာတွေနဲ့
ထပြေးပါတော့တယ်ပီးတော့…
“ စစ်အစိုးရကြဆုံးပါစေ စစ်အစိုးရကြဆုံးပါစေ စစ်အစိုးရကြဆုံးပါစေ ”
ဆိုပြီး အသံနက်ကြီးနဲ့ အော်တော့တာပါဘဲအင်မတန်ကြေကွဲတုန်လှုပ်စရာကောင်းတဲ့
မြင်ကွင်းပါလို့ မျက်မြင်သက်သေတချို့ကမျိုးချစ်မြန်မာကိုပြောပြခဲ့ပါတယ်
ဒီမှာတင်ဂေါပကတွေလဲ မျက်လုံးပြူးပြီးကမန်းကတမ်းဖမ်းချုပ်ပြီးတနေရာကိုထပ်
ခေါ်သွားပါတော့တယ်သေချာတာကတော့ အဲဒါ ဆေးရုံကိုမဟုတ်ဘူးဆိုတာပါဘဲ
ကိုယ့်ကိုယ်ကိုအစုံးစီရင်တဲ့ကိစ္စဟာဗုဒ္ဓဘာသာအရ မှားယွင်းပါတယ်အဖန်ငါးရာ
ငါးကမ္ဘာ ပြန်ငရဲခံရပါတယ်လို့ ဆိုရိုးရှိခဲ့ပါတယ်ဒါပေမယ့်ဗျာ အခုလုပ်ခဲ့တဲ့သူက
တော သနားစရာပါဗျာနဲနဲနောနော နာကျည်းမှုနဲ့ သတ္တိမရှိဘဲနဲ့တော့ ဒီလိုလုပ်ဖို
့ မဖြစ်နှိုင်ပါဘူးကျွန်တော်ထင်ပါတယ်ပြည်သူတွေ ဒီအတိုင်းသာဆက်ပြီ အဖိ
နှိပ်ခံနေရမယ်ဆိုရင်တော့သူ့ခြေရာနင်းပြီး အသက်စွန့်ရဲ့တဲ့ပုံကန်သူတွေထပ်ပေါ်
လာတော့မှာပါကျွန်တော်စိုးရိမ်ထားသလို မြန်မာပြည် ရဲ့ ပြည်တွင်း သတင်း
စာမျက်နှာတွေဟာအရှေ့အလယ်ပိုင်းနိုင်ငံတွေလိုတစ်ပါတ်တစ်ခါအသေခံဗုန်းခွဲ
မှုတွေနဲ့ ပြည့်မလာပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်
မျိုးချစ်မြန်မာ blogspot မှ

ဧရာဝတီမှမီးရှို့ဆန္ဒပြမှုသတင်း...>>