နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, April 18, 2008

ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီးအရေးကြီးအစီရင်ခံစာ

Wednesday, 16 April 2008

သို့ /

တိုက်ပွဲဝင် ရဲဘော်များ

အကြောင်းအရာ။ ။ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီးအရေးကြီးအစီရင်ခံစာတင်ပြခြင်း

အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီးပြည်သူ့ဆန္ဒခံယူပွဲတွင်ပြည်သူများ
မဲပေးပုံ နှင့်ပတ်သက်ပြီး ကန့် သတ်ချုပ်ချယ်မှုများ နှင့်မသမာမှုများကိုတွေ့
ရှိရပါသည်။ကျွန်ုပ်သည်၁၀/၁၁/၁၂/၁၃၇က်နေ့များတွင်မိတ္ထီလာ/မန္တလေး/
စစ်ကိုင်း/မုံရွာရှိဌာနဆိုင်ရာဝန်ထမ်းများ /အင်အားစုများ NLD တိုင်းစည်းများ
နှင့်တွေ့ဆုံပြီးမေးမြန်းဆွေးနွေးတိုင်ပင်ခဲ့ပါသည်။

ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီးတိုင်းမှူးများ/၀န်ကြီးများ၏လုပ်ဆောင်ချက်များကို ကွက်ကွက်ကွင်းကွင်း သိခွင့်ရခဲ့ပါသည်။ စစ်သားအားလုံးသည် တပ်ရင်း/
တပ်မ/ဌာနချုပ်တို့တွင်သာမဲပေးရခြင်း၊ရဲတပ်ဖွဲ့ဝင်အားလုံးသည်သက်ဆိုင်ရာရဲ
စခန်းတွင်သာမဲပေးရခြင်း၊ဌာနဆိုင်ရာဝန်ထမ်းများက၄င်းတို့ရုံးများတွင်သာမဲ
ပေးရခြင်း၊ ကြံ့ဖွံ့/စွမ်းအားရှင်/မီးသတ်/ကြက်ခြေနီ/အမျိုးသမီးရေးရာ/မိခင်နှင့်
ကလေး စသည့် နအဖ ၏အဖွဲ့စည်းများမှာ ဆန္ဒခံယူပွဲ လုံခြုံရေးယူရန်
အကြောင်းပြချက်ဖြင့်အားလုံးကြိုတင်ထောက်ခံမဲပေးပြီးဖြစ်သည်။ ရပ်ကွက်/
ကျေးရွာများတွင်လဲ မဲရုံများတွင် ကင်မရာများ တပ်ထားသယောင် သတင်းများ
ထုတ်လွှင့်ပြီး ကန့်ကွက်မဲပေးလျှင်မည်သို့ ဖြစ်မည်ကို ကြိုတင်ကောလဟာလ
သတင်းများဖြန့်လျှက်ရှိနေပါသည်။

တိုင်းမှူး/၀န်ကြီးများ၏လုပ်ဆောင်ချက်များ

၁။ ၀န်ကြီးဦးအောင်သောင်းသည် မန္တလေးဈေးချိုထဲရှိ ဈေးဆိုင်များသို့
ကိုယ်တိုင်ဆင်းပြီးဆိုင်တိုင်းသို့ပါတိတ်ဝမ်းဆက်ပေးပြီးထောက်ခံမဲပေးရန် စည်းရုံးလှုပ်ဆော်ခဲ့ပါသည်။

၂။ ပညာရေးဝန်ကြီးသည် ပညာရေးဌာနပေါင်းစုံသို့ ကိုယ်တိုင်ဆင်းပြီး
ဝန်ထမ်းအားလုံးကိုထောက်ခံမဲပေးရမည်ဖြစ်ကြောင်းထပ်တလဲလဲပြော
ဆိုစည်းရုံးကာမထည့်ပါကအရေးယူမည်ဟုပြောကြားနေပါသည်။

၃။ မုံရွာတွင် တိုင်းမှူးသည် (တပ်/ ရဲ/ ကြံ့ဖွံ့ /မီးသတ်/ စွမ်းအားရှင်/
ကြက်ခြေနီ/အမျိုးသမီးရေးရာ/မိခင်နှင့်ကလေး/ကုန်သည်ကြီးများအသင်း
စသည့်အသင်းအဖွဲ့များပါမကျန်ခေါ်ယူပြီးနံနက်မှညနေထိဟောပြောစည်းရုံးပြီး ထောက်ခံမဲထည့်ရန်ပြောကြားသွားပါသည်။

၎။ဌါနပေါင်းစုံရှိဝန်ထမ်းများကို၎င်းတို့၏ဆန္ဒမပါဘဲနာမည်နဲ့မှတ်ပုံတင်နံပါတ် ယူပြီးနောက်တနေ့တွင် ကြံဖွံကဒ်များ/အမျိုးသမီးရေးရာကဒ်များကိုအပြီး လုပ်
လာပြီး အသင်းဝင်ပြီးဖြစ်ကြောင်းအသိပေးပြီးမတရားသဖြင့်အသင်းဝင်ခိုင်းခြင်း
များပြုလုပ်လျက်ရှိပါသည်။

၅။နအဖအနေဖြင့်ဝန်ကြီးဌါနများတွင်ကန့်ကွက်မဲတစုံတရာမရှိစေရဟု အမိန့်
ထုတ်ပြန်ထားရာ ၀န်ကြီးများအနေဖြင့် ၄င်းတို့ကိုယ်တိုင်ဌါနများသို့ကွင်းဆင်းပြီး
အားလုံးထောက်ခံခိုင်းနေပါသည်။

၆။အရေးကြီးဆုံးအချက်မှာ ၀န်ကြီးဌါန /စစ်တပ်/ရဲ /ကြံဖွံ့များ/စွမ်းအားရှင်
စသည့်၎င်းတို့ဌါနများမှာယခုသိရသည့်အချိန်တွင်ထောက်ခံမဲပေးပြီးပြီ ဟုသိရ
ပါသည်။ဝန်ထမ်းများမှာကိုယ်တိုင်မဲမပေးရဘဲ၎င်းတို့ဘာသာထောက်ခံမဲ လုပ်ယူ
ခြင်းကိုမကျေနပ်ကျခြေ။

၎င်းအခြေအနေများကို ဌါနဆိုင်ရာအကြီးအကဲများ NLD တိုင်း/စည်း များ၏
သုံးသပ်ချက်နှင့်သဘောထားများ

၁။ ၄င်းကိစ္စများကို ရိုးသားမှုမရှိဟု မြို့ကြီးတမြို့မှတိုင်း/စည်းတဦးမှ သုံးသပ်ပြီး
ဒီပွဲတွင်မိမိတို့လုံးဝ ရှုံးနိမ့်နိုင်မည်ဟုသုံးသပ်ပြီးဆန္ဒခံယူပွဲကို ဖျက်ပစ်ရန်ဆန္ဒ
ရှိပါသည်။

၂။ဌါနဆိုင်ရာတခုမှအရာရှိတဦးကမူ၎င်းပွဲတွင် ထောက်ခံမဲများရရှိပါက ၄င်းတို့ထင်
တိုင်းကြဲနိုင်ပြီးပြည်သူလူထုဒုက္ခရောက်မည်ဟုမှတ်ချက်ပြုပါသည်။

၃။အဖွဲ့ချုပ်ဗဟိုမှလူကြီးများမှာ ပြည်သူလူထုမှကန့်ကွက်မဲပေးကြမည်ဟု
အထင်ဖြင့် မျှော်လင့်နေကြပြီး အောက်ခြေတွင် နအဖမှ ပြည်သူလူထုကို
မည်သို့မည်ပုံ စည်းရုံးသိမ်းသွင်းနေသည်ကိုသိရှိခြင်းမရှိပါ။ ဆန္ဒခံယူပွဲ၏
အကျိုးကျေးဇူး အဆိုးအကောင်းကို ပြည်သူများသိရှိနိုင်ရန်အင်တိုက်
အားတိုက်နှင့် လုပ်ဆောင်နိုင်ခွင့်မရှိပါ။ ၄င်းတို့နှင့်နီးစပ်ရာအသိုင်းအ၀ိုင်းတွင်
သာလှုံ့ဆော်နိုင်ခဲ့ပါသည်။

၎။နအဖမှာ အစစအရာရာသေချာအောင် စီစဉ်ပြုလုပ်ပြီးမှ မေလ(၁၀)ရက်နေ့ ကို
ကျင်းပရန်ကြေငြာခဲ့ပါသည်။ TV တွင် ပြသနေသော မဲပေးပုံ မဲပေးနည်း နည်းစနစ်
များမှာအယောင်ပြယုံဖြစ်ပြီးလူကြားကောင်းအောင်ပြောနေခြင်းများဖြစ်ပါသည်။

မိမိ၏သုံးသပ်ချက်

၁။ယခုဆန္ဒခံယူပွဲတွင်မိမိတို့ဘက်မှလုံးဝမနိုင်နိုင်ပါ။

၂။မိမိတို့၏ အထင်မှာ စစ်တပ်/ရဲ/ဌါနဆိုင်ရာ ကြံ့ဖွံ့ /စွမ်းအားရှင်/မီးသတ်/
ကြက်ခြေနီ/ယရက/အမျိုးသမီးရေးရာ/မိခင်နှင့်ကလေးစောင့်ရှောက်ရေးတို့တွင်
ရှိနေသောပြည်သူများထဲတွင် ၄င်းတို့ကိုမကြိုက်သူများရှိနေမည်ဟုမိမိတို့
ထင်မှတ်နေပါသည်။ ၄င်းမှာမှန်ပါသည်။ သို့ပင်မဲ့ နအဖအစိုးရသည် ၄င်းကိစ္စ
ကိုမိမိတို့ထက်ကြိုသိနေပြီး အဖွဲ့အစည်းအားလုံး၏ အဖွဲ့ဝင်အားလုံးအတွက်
ထောက်ခံမဲကိုကြိုတင်ပေးစနစ်ဖြင့်အတင်းအကြပ်ရယူပြီးဖြစ်သည်။

၃။၎င်းကိစ္စကိုပြည်တွင်းပြည်ပရှိအင်းအားစုအားလုံးသို့ချက်ချင်းအသိပေးကြောင်း
ကြားပြီး မည်သို့ဆက်လုပ်ရမည်ကို ချက်ချင်းဆွေးနွေးပြီး အကြောင်းပြန်
စေချင်ပါသည်။ှ

၎။နအဖမှာ၎င်းတို့သေချာပေါက်နိုင်ရန်ကြိုတင်အကွက်ချပြီးဖြစ်သည်။

၅။မိမိတို့၏မဟာမိတ်အဖွဲ့အစည်းများကိုချက်ချင်းအစည်းအဝေး ခေါ်ယူပြီး
ဆုံးဖြတ်ချက်တခုအမြန်ဆုံးပို့ပေးပါရန်

မှတ်ချက်။အရေးကြီးသဖြင့်ချက်ချင်းဆောင်ရွက်စေချင်သည်။

သင်တို့၏သွေးသောက်ရဲဘော်