နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, April 18, 2008

Acid တေးဂီတ အဖွဲ့ဝင် ကိုရန်ရန်ချန်း အပါအဝင် နှစ်ဦးဖမ်းဆီးခံရ

မနေ့က မုံရွာမြို့၊ စစ်ကိုင်းတိုင်း မှာရောက်ရှိနေသော ကိုရန်ရန်ချန်း ( Acid ) နှင့် သူ့ရဲ့ချစ်သူတို့ကို အာဏာပိုင်များက ဖမ်းဆီးသွားကြောင်း သူတို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကတဆင့် ကြားသိရပါတယ်။ ကိုရန်ရန်ချန်းဟာ Acid တေးဂီတ အဖွဲ့ရဲ့ ပင်တိုင်အဆိုတော်ဖြစ်သလို တေးရေးတစ်ယောက်လည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၁၂) ရက်နေ့ကလည်း Acid တေးဂီတ အဖွဲ့ဝင် ကိုဇေယျာသော်
( Generation Wave ) ကို အာဏာပိုင်များက ဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။ ဒါကြောင့် ယ္ခု ကိုရန်ရန်ချန်း အဖမ်းခံရတာဟာလည်း Generation Wave နှင့်ပါတ်သက်နိုင်ကြောင်း ထင်မြင်ချက်များလည်း ထွက်ပေါ်နေပါတယ်။