နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Monday, April 21, 2008

ရန်ကုန်မြို့လယ်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား

NEJ/ ၂၁ ဧပြီ ၂၀၀၈

အေဘီစီစားသောက်ဆိုင်အနီး ဗုံးပေါက်ကွဲရာ နေရာသို့ ရဲများ လာရောက်စစ်ဆေး
နေစဉ်

ယမန်နေ့ ညဘက် (၈း၀၀) နာရီနှင့် (၉း၂၀) နာရီအချိန်တို့တွင် ရန်ကုန်မြို့လယ်
ဧရိယာတွင် ဗုံး(၂) လုံး ပေါက်ကွဲခဲ့ကြောင်း ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့သည့်
ရန်ကုန်မြို့ခံတဦးက ပြောသည်။

၎င်းက“ည(၈း၀၀)နာရီလောက် ရန်ကုန် ကျောက်တံတားမြို့နယ် (၃၆) လမ်း
အလယ်ဘလောက် မဟာဗန္ဓုလလမ်းနဲ့ နီးတဲ့ ABC Country Pub စားသောက်
ဆိုင် နောက်ဖေးအနီးမှာ ဗုံးတလုံးပေါက်တယ်။ ဗုံးပေါက်သံက ကျယ်တော့အတော်
ဝေးတဲ့ဆီကနေပါ ကြားရတယ်။ အဲဒီနေရာက မှောင်လည်း နည်းနည်းမှောင်တယ်။
ကျနော် ရောက်သွားတော့ လုံခြုံရေးတွေ သိပ်များများ မရောက်သေးဘူး။ ဗုံးဒဏ်
ကြောင့် အနားမှာရှိတဲ့ တက္ကစီကားတစီး မှန်ကွဲသွားပြီး အေဘီစီဆိုင်ထဲကစားပွဲထိုး
အလုပ်သမားတယောက်လည်း ဆိုင်မှန်ကွဲသွားလို့ ဒဏ်ရာရသွားတယ်။နောက်သိပ်
မကြာဘူး၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အများကြီးရောက်လာပြီး မဟာဗန္ဓုလလမ်း
ဘက်ကနေ (၃၆)လမ်းဘက်ကို ၀င်တဲ့လမ်းကို ပိတ်လိုက်တယ်” ဟု ပြောသည်။

မှန်ကွဲသွားသည့် စီတီတက္ကစီကားမှာ တောင်းအေစ့်အငယ်စားကားဖြစ်ပြီး ကား
နံပါတ်မှာ ခခ/၁၀၂၉ ဖြစ်ကာ အဆိုပါ ကားရပ်ထားရာအနီး မြောင်းထဲတွင်
ဗုံးပေါက်ကွဲခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲရာနေရာသည် လုံခြုံရေးထူထပ်စွာချထားသည့် မြို့တော်ခန်းမ
နှင့် ကိုက် အနည်းငယ်အကွာတွင် တည်ရှိသည်။

နောက်ထပ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာမှာ ကုန်သည်ကြီးများဟိုတယ်
အနောက်ဘက်၊ ယင်းဟိုတယ်နှင့် စင်ထရယ် ဟိုတယ်အကြား (၃၂) လမ်း
အထက်ဘလောက်တွင် ဖြစ်သည်။

ယင်းနေရာတွင်လည်း ကားလမ်းဘေး ရေမြောင်းအတွင်းမှ ပေါက်ကွဲခြင်းဖြစ်ပြီး
လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းကို အလျင်အမြန်ပိတ်ဆို့လိုက်ကြောင်း မျက်မြင်
များက ပြောသည်။

ကုန်သည်ကြီးများ ဟိုတယ်သည် ဘေးပတ်ပတ်လည်တွင် ဟိုတယ်လုံခြုံရေးများ
ထူထပ်စွာ ချထားသည့်အပြင် လုံခြုံရေးတပ်ဖွဲ့(စစ်သား)များစခန်းချရာ မီးရထား
ရုံးချုပ်ဝင်းနှင့်လည်း မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

ယခုတလော နအဖစစ်အစိုးရသည် ရန်ကုန်မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား ချထားခဲ့ပြီး ယခင်က အသုံးမပြုခဲ့သည့် ၀န်ကြီးများရုံးဝင်းအတွင်း၌လည်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင် အများ အပြားနှင့် ကားများ စခန်းချထားသည်ဟု မြို့ခံများက ပြောသည်။

ယခု ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်အစိုးရက မည်သူ့လက်ချက်ဆိုသည်ကို တစုံတရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ယမန်နေ့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ နအဖစစ်အစိုးရကိုယ်တိုင် အခြေခံဥပဒေ လူထုဆန္ဒ ခံယူပွဲနီးလာချိန်တွင် ယခုကဲ့သို့ မတည်မငြိမ်မှုများ ဖန်တီးပြီး လုံခြုံရေးများ တိုးမြှင့်ချထားကာ ပြည်သူများအပေါ် ပိုမိုဖိနှိပ်အုပ်ချုပ်လာနိုင်ကြောင်း ရန်ကုန်မြို့ခံအချို့က ထင်ကြေးပေး နေကြသည်။ ။
ခေတ်ပြိုင်မှ