နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Monday, April 21, 2008

၂၀၀၈ ခုနှစ် မန်းသင်္ကြန်တွင်း NO campaign

စစ်အစိုးရပြုလုပ်မည့် အခြေခံဥပဒေမူကြမ်း အတည်ပြု ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲ
ထည့်ရေး NO campaign လှုပ်ရှားမှုများကို နှစ်ကူးသင်္ကြန်ပွဲတော်ရက်အတွင်း
မန္တလေးမြို့တွင် ဆက်လက် ပြုလုပ်လျှက်ရှိကြောင်း လှုပ်ရှားမှုတွင်ပါဝင်သော..
“မျိုးချစ်ကျောင်းသားလူငယ်များ ဒီမိုကရက်တစ်အစည်းအရုံး( မြန်မာနိုင်ငံ )”မှ
အဖွဲ့ဝင်တစ်ဦးက မန္တလေးမီဒီယာသို့ ပြောပြပါတယ်။ ယင်းလှုပ်ရှားမှုတွင်.....
လက်ကမ်းစာအုပ်ငယ်များဖြန့်ဝေခြင်းနှင့် ကန့်ကွက်မဲပေးရေး နိုးဆော်စာများရေး
သားထားသော စတစ်ကာများကို မြို့လုံးအနှံ့ကပ်ခြင်းများပါဝင် ပါတယ်။
ပြီးခဲ့တဲ့ ၃/၄/၂၀၀၈ ရက်နေ့ကလည်း“မျိုးချစ်ကျောင်းသားလူငယ်များ ဒီမိုကရက်
တစ် အစည်းအရုံး( မြန်မာနိုင်ငံ )” ကဘဲ NO campaign ကို စပရေးဘူးများ
အသုံးပြုကာ “ NO ” စာလုံးနီများ မြို့လုံးအနှံ့ ညလုံးပေါက် ရေးဆွဲခဲ့ကြပါတယ်။

“မျိုးချစ်ကျောင်းသားလူငယ်များ ဒီမိုကရက်တစ်အစည်းအရုံး( မြန်မာနိုင်ငံ )”မှ
ထုတ်ဝေသော လက်ကမ်းစာအုပ်ငယ်


နန်းတော်ရှေ့ တစ်နေရာက မန္တလာသားတို့ရဲ့ NO campaign


၆၉ လမ်း(မဟာမြိုင်လမ်းမကြီး)တစ်နေရာမှ မန္တလာသားတို့ရဲ့ NO campaign