နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, April 4, 2008

သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ) ကွယ်လွန်

ခေတ်ပြိုင် NEJ/ ၄ ဧပြီ ၂၀၀၈


ခေတ်ပြိုင်ဂျာနယ်အယ်ဒီတာချုပ် သတင်းစာဆရာကြီး ကြေးမုံဦးသောင်း အသက်
(၈၂)နှစ်သည် အမေရိကန်ပြည်ထောင်စုဖလော်ရီဒါပြည်နယ် ဖို့လော်ရာဒေးမြို့ရှိ
ဖလော်ရီဒါ မယ်ဒီကယ်စင်တာဆေးရုံတွင် အဆုပ်ရောဂါဖြင့် ကြာသပတေးနေ့
ဒေသစံတော်ချိန် ည (၁၀) နာရီတွင် ကွယ်လွန်သွားသည်။

ဆရာကြီးဦးသောင်းသည်အဆုပ်ရောဂါ၊နှလုံးအားနည်းသည့်ရောဂါတို့ဖြင့်ပြီးခဲ့သည့်
မတ်လ(၁၀)ရက်တွင်ဆေးရုံတက်ရောက်ကုသနေရာမှ သွေးပေါင်ကျဆင်းလာသ
ဖြင့် မတ်လ(၁၄)ရက်တွင် နှလုံးကို အနားပေးသည့်အနေဖြင့် စက်ဖြင့်အသက်
ရှူစေကာ ကုသနေခြင်းဖြစ်သည်။

ဆေးရုံတက်ရောက်ကုသနေစဉ်အတွင်းအဆုပ်ထဲရေ၀င်သည့်အခြေအနေမှာပိုမိုဆိုး
ဝါးလာပြီး ကွယ်လွန်သွားခြင်းဖြစ်သည်။

“အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ကွယ်လွန်သွားပါတယ်”ဟုဆရာကြီး၏
ဇနီး ဒေါ်တင်တင်ဝင်းက ပြောသည်။

ဆရာကြီး၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်မည်ဖြစ်ပြီး ဈာပနအခမ်းအနားရက်အတိ
အကျကို မသတ်မှတ်ရသေးကြောင်း ၎င်းကပြောသည်။

ဆရာကြီးကြေးမုံဦးသောင်းတွင် ဇနီးဒေါ်တင်တင်ဝင်းနှင့် သားသမီး(၅)ဦးကျန်ရစ်
သည်။