နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, May 9, 2008

၆ သိန်းကျော်အသက် ဆုံးရှုံး၊ ၁ သိန်းကျော် ပျောက်ဆုံး

ပြည်တွင်းရှိ အရာရှိကြီးတစ်ဦးနှင့် အင်တာဗျူး Mp3 အသံဖိုင်မှ

အလောင်းတွေကို ဖြစ်ကတက်ဆန်း သင်္ဂြိုလ်တယ်၊ ရေထဲမျှောပစ်တယ်၊
အဲဒီတော့ ရောဂါ ကူးစက်မှုတွေက မကြာခင်ဖြစ်လာတော့မယ်၊ ရန်ကုန် ရေးဝေး
သုသာန်တောင်မှ ဂတ်စ် မရှိလို့ အလောင်းတွေကို စုပေါင်းပြီးမှသင်္ဂြိုလ်နေရတယ်၊

နယ်တွေမှာတော့ပိုဆိုးတာပေါ့၊ သေဆုံးသူတွေတောင်မှ ဟုတ်တိပတ်တိ
မသင်္ဂြိုလ်နိုင်ဘူး ၊ သူတို့ကဘာလုပ်နေလဲဆိုတော ဖျာပုံမှာ သုသာန်ကနေ
ညညမှ မြစ်ထဲမျှောချတယ်၊ စစ်တပ် နဲ့ ကြံ့ဖွတ်တွေက လုပ်တာ၊ အလောင်းတွေ
မြစ်ထဲ မျှောချတယ်၊

ကွမ်းခြံကုန်း မှာတင် ၅၀၀၀၀ လောက် သေတယ်လို့ သိရတယ်၊ လပွတ္တာ မှာ
၁၈၀၀၀၀ လောက်ရှိတယ်၊ ဖျာပုံမှာက ၉၀၀၀၀ ဝန်းကျင်သေတယ်၊ ကွမ်းခြံကုန်း
မှာ ၅၀၀၀၀ လောက် သေတယ်၊ မော်ကျွန်းတို့ ဒေးဒရဲတို့မှာလည်း တစ်မျို့ ကို
၅၀၀၀၀ စီလောက် သေတယ်၊ ဘိုကလေးမှာ ၈၀၀၀၀ ကျော် သေဆုံးတယ်၊

အားလုံးက ၆၀၀၀၀၀ ကျော် အသက်ဆုံးရှုံးတယ်၊ ပျောက်ဆုံးနေတာ တောင်မှ
၁၀၀၀၀၀ လောက် ပျောက်ဆုံးနေတယ်၊ တိုင်း တတိုင်းလုံးမှာ။