နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Tuesday, May 6, 2008

မုန်တိုင်းနောက်ဆက်တွဲ သတင်းအတိုထွာ

နိုင်ငံတကာသတင်းဌာနများ
မေ ၆၊ ၂၀၀၈

သေဆုံးမှု တစ်သောင်းခွဲရှိမည်ဟု အစိုးရခန့်မှန်း(Xinhua)

ယနေ့ညနေပိုင်း အာဏာပိုင်တို့၏ သတင်းရပ်ကွပ်မှ ကြားသိရသည်မှာရန်ကုန်နှင့်
ဧရာဝတီတိုင်းတွင်း မုန်တိုင်းကြောင့် သေဆုံးသူမှာ အနည်းဆုံး ၁၅၀၀၀
(တစ်သောင်းခွဲ)ရှိသည်ဟူ၏။ ဧရာဝတီတိုင်း ဘိုကလေးမြိုနယ်အတွင်း သေဆုံးမှု
မှာ ၁၀၀၀၀(တစ်သောင်း)ထက်ပိုမည်ဟု ခန့်မှန်းရသည်။ ဧရာဝတီတိုင်း လပွတ္တာ
မြို့နယ်တွင် အနည်းဆုံး ၁၀၀၀(တစ်ထောင်)သေဆုံးသည်။

ပျောက်ဆုံးစာရင်းမှာ ဧရာဝတီတိုင်းအတွင်း ၂၃၇၅ဦး၊ရန်ကုန်တိုင်းအတွင်း ၅၀၄ဦး
ဖြစ်သည်ဟု အဆိုပါသတင်းရပ်ကွပ်က ဆိုပါသည်။

အစောပိုင်းသတင်းများတွင် ဧရာဝတီးတိုင်း ဟိုင်းကြီးကျွန်းပေါ်ရှိ အိမ်ခြေ ၂၀၀၀၀
(နှစ်သောင်း)နီးပါး ပျက်စီးသွားကြောင်း၊ လူပေါင်း ၉၂၇၀၂ ဦး အိုးအိမ် မဲ့သွား
ကြောင်း ဖေါ်ပြထားသည်။

အစိုးရက ကယ်ဆယ်ရေးနှင့် နေရာချထားရေးလုပ်ငန်းများ ထိရောက်အဆင်ပြေ
လျှင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။
( သတင်းတက်ချိန် -မေလ ၅ရက်၊ ည ၉နာရီ ) မိုးမခ မှ
.................................................................................

mail သတင်း

မုန်တိုင်းကြောင့် ပျောက်ဆုံးသွားသည့်ရွာများမှာ ကိုင်းသောင်၊ လွှစာ၊
မိကျောင်းအိုင်၊ ရွေး၊ ကြို့ကုန်း၊ဓမ္မင်းချောင်းလေး၊ လေယာဉ်ကွင်း၊
ဆင်းလမ်းကြီး၊ ရေရွဲ၊ အိုင်မ၊ ကမာ၊ မိဦး၊ ကြာနီကန်ရွာများဖြစ်သည်။
ရွာအားလုံးမှာ ဧရာဝတီတိုင်း လပ္ပတ္တာမြီု့ပတ်ဝန်းကျင်ဖြစ်ပါတယ်။