နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Thursday, May 8, 2008

လပွတ္တာခရိုင်အတွင်း လူပေါင်း ၈၀၀၀၀ ခန့် အသက်ဆုံးရှုံး


ပြီးခဲတဲ့ သီတင်းပါတ်က တိုက်ခိုက်ခဲ့တဲ့ မုန်တိုင်းကြောင့် လပွတ္တာခရိုင်အတွင်း
ခန့်မှန်းခြေလူပေါင်း ၈၀၀၀၀ ခန့် သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ စစ်ဖက်အသိုင်း
အဝိုင်းမှ ဒီနေ့ ပဲ တရားဝင် ပြောကြားခဲ့ပါသည်။

လပွတ္တာခရိုင်တွင် ရွာပေါင်း ၆၃ ရွာရှိတဲ့အနက် ၁၂ ရွာဟာ မုန်တိုင်းရဲ့ဖယ်ရှားခြင်း
ကြောင့် ပျောက်ကွယ်ခဲ့ပြီး၊ လူပေါင်း ၈၀၀၀၀ ခန့် သေဆုံးခဲ့တယ်လို့ လပွတ္တာမြို့ 
ရပ်ကွက်တစ်ခုမှ ရယက ဦးတင်ဝင်း က AFP သတင်းဌာနသို့ပြောကြားခဲ့ပါတယ်၊

အစိုးရ ချုပ်ကိုင်ထားသော သတင်းဌာနများမှ ထုတ်ပြန်ချက်ကတော့ သေဆုံးသူ
နှင့် ပျောက်ဆုံးသူပေါင်း ၆၀၀၀၀ ကျော်သာရှိတယ်လို့ သတင်းထုတ်ပြန်ထားပါ
တယ်။

ရန်ကုန်ရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံ ရှရီ ကတော့မြစ်ဝကျွန်းပေါ်ဒေသ
မှာတင် သေဆုံးသူပေါင်း ၁၀၀၀၀၀ ကျော်ရှိနိုင်ပြီး ဒေသရှိ အဆောက်အဦး ၉၅% ဟာလည်း ပျက်စီးပျောက်ကွယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Refer AFP