နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Thursday, May 8, 2008

ကွမ်းခြံကုန်းတွင် သေဆုံးသူ ၁ဝဝဝဝ ခန့်အထိ ရှိနိုင်

မျောပါလာသော ကျွဲသေကောင်

ရန်ကုန်တိုင်း အနောက်ပိုင်းရှိ ကွမ်းခြံကုန်း မြို့နယ်တွင် လူသေအလောင်းများ၊
တရိစ္ဆာန် အသေကောင်ပုပ်များ ပြန့်ကြဲနေပြီး ယခုထိ ရှင်းလင်းနိုင်ခြင်း မရှိသေး
သဖြင့် မခံမရပ်နိုင်အောင် အနံ့ဆိုးများ ပုပ်ဟောင်နံစော်လျက် ရှိသည်ဟုထိုဒေသ
သို့ ရောက်ခဲ့သူ မျက်မြင်သက်သေ တဦးက ပြောသည်။

“ဒီနေရာ တခုလုံး ပုပ်ဟောင်နေတာပဲ။ အလောင်းတွေကလည်း အများကြီး။ နေရာတကာပဲ။ ရေတွက်ဖို့တော့ ခက်တယ်။ ကျနော်ထင်တာ ရာပေါင်းများစွာ ရှိမှာပဲ” ဟု အဆိုပါ ဒေသခံက ပြောသည်။

စွမ်းအင်ဝန်ကြီး လွန်းသီ ခေါင်းဆောင်သော အစိုးရ ကယ်ဆယ်ရေးအဖွဲ့တခု ကွမ်းခြံကုန်းသို့ ရောက်ရှိနေပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေ
ပြီဟု သူက ပြောသည်။

“မြို့ပေါ်မှတော့ အလောင်းတွေက သိပ်မများဘူးဗျ။ မြို့ပေါ်ကနေရွာတွေဘက်သွား
တဲ့ လမ်းတလျှောက်မှာ အများကြီး” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ရွာအများအပြား ရေမြုပ်နေဆဲဖြစ်ပြီး လူအများမှာ ဆိုင်ကလုံး ဝင်ရောက် တိုက်ခတ်မည်ကို မသိလိုက်ဟု ဆိုသည်။ ကွမ်းခြံကုန်း မြို့နယ်ထဲတွင် ရေမှာ
အိမ်များထဲ၌ ၄ ပေခန့်အထိ တက်ဆဲ ဖြစ်သည်ဟုလည်း သူက ပြောသည်။

“အခုတော့လူတွေက မုန်တိုင်းတင်မဟုတ်တော့ဘူး၊ တစ္ဆေပါကြောက်နေကြတာ” ဟု အဆိုပါ ပုဂ္ဂိုလ်ကပင် ဆက်ပြောသည်။

ဒေသခံ ကျေးရွာသားများ၏ ခန့်မှန်းချက်အရ သေဆုံးသူ ၁ဝဝဝဝ (တသောင်း) ခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။

အစိုးရ ကယ်ဆယ်ရေး အဖွဲ့များက မြို့လူထုကို ဆန်များ၊ သောက်ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်များ ဝေငှပေးလျက် ရှိသည်ဟု ဒေသခံ တဦးက ပြောသည်။ သို့သော် ကျေးရွာများသို့မူ အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများ ယခုတိုင် ရောက်
ရှိခြင်း မရှိသေးဟု ဆိုသည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကွမ်းခြံကုန်းသို့လာနေသည်ကို တွေခဲ့ရ
သည်။ သို့သော် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည်ကိုမူ မတွေ့ရသေး
ဟုလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

ဤအတောအတွင်း ရန်ကုန် လှိုင်မြစ်ထဲမှ ကလေး၊ ယောက်ျား၊ မိန်းမ အလောင်း ၁ဝ လောင်း ဆယ်ယူ ရရှိသည်ဟု ရန်ကုန်မြို့မှ ဒေသခံ တဦးက ဆိုသည်။

“ကျနော်ထင်တာ အလောင်းတွေက ကွမ်းခြံကုန်းဘက်က မျောလာတာ ဖြစ်မယ်” ဟု အဆိုပါ မျက်မြင်သက်သေက မဇ္ဈိမကို ပြောသည်။

Refer Mizzima