နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, May 9, 2008

လေဘေးထောက်ပံရေး ပစ္စည်း အာဏာပိုင်တွေ သိမ်းတဲ့အတွက် ကုလ အကူအညီ ရပ်ဆိုင်းရ

09 May 2008 ( voa burmese )

မြန်မာနိုင်ငံအတွင်းက မုန်တိုင်းဒဏ်ခံ
ရတဲ့ ဒုက္ခသည်တွေအတွက်အကူအညီ
တွေကို စစ်အစိုးရကသိမ်းယူသွားတဲ့
အတွက် ကုလသမဂ္ဂက မြန်မာပြည်ကို
ပို့ပေးနေတဲ့အရေးပေါ် အကူအညီတွေ
ကို ရပ်ဆိုင်းလိုက်ပါတယ်။
.
.
အနည်းဆုံး မြန်မာနိုင်ငံကို ပေးပို့မယ့် စားနပ်ရိက္ခာ အကူအညီ လေယဉ်နှစ်
စင်းစာကို ထိမ်းသိမ်း ထားလိုက်တယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်
အရာရှိတွေက ပြောပါတယ်။ စစ်အစိုးရဘက်က ရိက္ခာတွေကို သိမ်းဆည်းနေတာ
တွေနဲ့ ပတ်သက်ပြီး မဖြေရှင်းနိုင်သေး သ၍ နောက်ထပ် ပို့မယ့် ရိက္ခာတွေကို
လည်း ရပ်ဆိုင်းထားရလိမ့်မယ်လို့ ပြောပါတယ်။ သူတို့မှာ တခြား ရွေးချယ်စရာ
လမ်း မရှိတဲ့အကြောင်းလည်း WFP အရာရှိတွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ထောင်သောင်းချီ ဒုက္ခရောက်နေတဲ့ လေဘေးဒုက္ခသည်တွေ
ကို ကူညီရေး နိုင်ငံခြားက အကူအညီပေးရေး အဖွဲ့တွေကို လက်မခံခဲ့တဲ့အတွက်
အခုလို စစ်အစိုးရဘက်က လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတကာ အသိုင်း
အ၀ိုင်းက ပိုပြီး ဒေါသဖြစ်လာနိုင်ပါတယ်။

စစ်အစိုးရက နိုင်ငံတကာ အကူအညီတွေကို လက်ခံဘို့ သဘောတူထားပါတယ်။
ဒါပေမယ့်လည်း အကူအညီတွေကို သူ့နည်းသူ့ဟန်နဲ့ ဖြန့်ဝေမယ်၊ ကိုယ်ပိုင်
အင်အားကို သုံးပြီး ဖြန့်ဝေမယ်လို့ ပြောဆိုပြီး ပြည်ပအကူအညီပေးရေးအဖွဲ့တွေ
ကို လာရောက်ခွင့် ငြင်းပယ်ထားပါတယ်။

မြန်မာနိုင်ငံကို တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း
နှစ်သောင်းသုံးထောင် လောက် သေဆုံးပြီး လေးသောင်းကျော် အိုးမဲ့အိမ်မဲ့
ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ
ဦးရေဟာ လူပေါင်းတစ်သိန်းလောက်အထိ ရှိနိုင်တယ်လို့ အမေရိကန်ပြည်ထောင်