နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Saturday, May 3, 2008

ဆန္ဒခံယူပွဲဟာ ယုံကြည်လက်ခံနိုင်စရာမရှိဟု ဘွတ်ရှ်ပြော

အမေရိကန် သမတကြီး ဂျော့ရှ်ဘွတ်က စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲဟာ လွတ်လပ်
တရားမျှတပြီး၊ ယုံကြည်လက်ခံနိုင်စရာ မရှိဘူးဟု မေလ ၁ ရက်နေ့က ထုတ်ပြန်
တဲ့ သမတ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန် သမတကြီးက မြန်မာပြည်သူတွေဟာ ဒီမိုကရေစီစနှစ်နဲ့နေထိုင်ရဘို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရပြီး၊ လာမဲ့မေလ ၁၀ ရက်နေ့မှာ ပြုလုပ်မဲ့ ဆန္ဒ
ခံယူပွဲဟာ ပြည်သူတွေ စောင့်စားနေတာကို ဖြည့်ဆည်းပေးမယ် ဆန္ဒခံယူပွဲ ဖြစ်
သင့်ပေမဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ အပေါင်းပါစစ်ခေါင်းဆောင်တွေက ပြည်သူ
တွေကို အန္တရယ်ပေးမယ့် အကျိုးယုတ်စေမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို
သာ မဲပေးဘို့ဖန်တီးခဲ့ကြောင်း၊ ဒီဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာ မဟုတ်သလို ယုံကြည်လက်ခံနိုင်စရာလဲ မရှိဘူးလို့ အမေရိကန် သမတ ဘွတ်ရှ်
က ပြောဆိုထားပါတယ်။

စစ်အစိုးရဟာ ပြည်သူတွေနဲ့ နိုင်ငံတကာ မိသားစုများက တောင်းဆိုထားတဲ့ စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်ပြီး ၊ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်
ဆည်းနိုင်တဲ့ တရားဝင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပေါ်ပေါက်ရေးကို လက်မ
ခံပဲ လစ်လျှူရှုထားတယ်၊ UN ကတောင်းဆိုထားတာတွေကိုလည်း လစ်လျှူရှု သ
လို၊ UN ကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ နဲ့လည်း ပူးပေါင်းဆောင်ရွက်မှု မလုပ်
ဘူးလို့ ဆိုထားပါထယ်။

သမတကြီးနှင့် သူ့ရဲ့ဇနီးဟာ မြန်မာပြည်သူတွေ ခါးစည်းရင်ဆိုင်နေရတဲ့ ရက်စက်
ကြမ်းကြုတ်တဲ့ စစ်အာဏာရှင် အောင်က လွတ်မြောက်ရေးလှုပ်ရှားမှုကို ဆက်
လက် ကူညီသွားမှာပါလို့ သမတ ဘွတ်ရှ် က ဆိုပါတယ်။

ဒါကြောင့် သူ့အနေနဲ့ မြန်မာစစ်အစိုးရနဲ့ အပေါင်းပါတွေကို အပြစ်ပေးတဲ့စီးပွားရေး
ပိတ်ဆို့ အရေးယူမှုအသစ်ကိုလည်း ကိုယ်တိုင်လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်လို့
သမတ ဘွတ်ရှ်က သူ့ရဲ့ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

refer RFA