နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, May 30, 2008

စစ်အုပ်စုကို ကြိုးစင်တင်မဲ့ နောက်တမှု့

အစိတ်သားတောင်မချန်နဲ့ဆိုတဲ့ သန်းရွှေအမိန့်

ကျွန်တော်ဟာ ၁၉၉၂ ခုနှစ်ကစပြီးကော့သောင်းခရိုင်အတွင်းမှာ စီပွါးရေး လုပ်ငန်း
လုပ်ကိုင် နေသူ တစ်ယောက်ပါ။ အဲဒီနှစ်တွေ အတွင်းမှာ မြန်မာ့တပ်မတော် ဟာ
ပင်လယ်ပြင်စိုးမိုးရေးဆိုပြီး ပင်လယ်ပြင် အတွင်းမှာ ရေတပ်သာမက ကြည်းတပ်
တွေပါ ရေကင်းလှည့်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းအပြင် တခါထဲ အုပ်စုလိုက် နုတ်
ပိတ် သတ်ဖြတ်ချင်းတွေကို လုပ်နေခဲ့တာတွေကို နေ့စဉ်နဲ့အမျှကြားနေခဲ့ပါတယ်။
အဲဒီ အချိန်က ကော့သောင်းမြို့နယ် အတွင်းမှာ ခလရ ၂၆၂၊ ခလရ ၃၄၂ တို့ တပ်
ရင်း တွေတပ်စွဲပြီး စစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီး သူရအောင်ကို (ယခု သာသနာ
ရေး ဒု-၀န်ကြီး) ကတာဝန်ယူနေချိန်ဖြစ်ပါတယ်။

ကော့သောင်းမြို့နယ်အတွင်းမှာအခြေ ခံလူတန်းစားများရဲ့ အဓိကလုပ်ငန်းက ငါး
ဖမ်းခြင်းနဲ့သစ်ခုတ်ခြင်းတို့ပါ အဲဒီကရတဲ့သစ်တွေကို တဖက်ကမ်းရနောင်းကို တင်
ပို့ရောင်းချပြီးအသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ သစ်ခုတ်တာငါးဖမ်းတာအား
လုံးကို ပင်လယ်ပြင်ထဲက ကျွန်းတွေကို အမှီပြုပြီး လုပ်စားကြတာဖြစ်ပါတယ်။
သူတို့လုပ်တာဟာ တစ်နိုင်တစ်ပိုင် လေးသာဖြစ်ပါတယ် ဒါပေမဲ့တရာဝင် မဟုတ်
ဘူးပေါ့ အစိုးရကကြတော့ ကျွန်းတွေပေါ်ကသစ်တွေကို လက်ညိုးထိုးပြီး ထိုင်းက
သစ်ကုမဏီတွေကို ရောင်းစားပါတယ် ဒါကတော့ တရားဝင်ဖြစ်ပါတယ်။
အဲဒီမှာထိုင်းသစ်ကုမဏီတွေ တိုင်ကြတာက သူတို့လုပ်ကွက်တွေထဲမှာ မြန်မာ
သစ်ခုတ်သမားတွေ ၀င်ခုတ်တယ်ဆိုပြီး တိုင်ကြတဲ့အတွက် စစ်တပ်ဟာ အထက်
အရာရှိအမိန့်နဲ့ သစ်ခုတ်သမားတွေကို ကျွန်းတွေမှာ လိုက်လံနှိမ်နင်း ခဲ့ပါတယ်။
ကျွန်တော့်အိမ်နားမှာနေတဲ့ စက်ပြင်ဆရာ တဦးကြုံတွေ့ ခဲ့တာနဲ့ ကျွန်တော်တွေ့
ကြံခဲ့ရတာက ဒီလိုပါ။

တပည့်အမည်က ဦးလှထွန်းဖြစ်ပါတယ်။ သူကစက်ပြင်သူတစ်ဦးဖြစ်ပြီး အခါအား
လျှော်စွာ ခလရ ၃၄၂ တပ်က ခေါ်ပြီးစက်ပြင်ခိုင်းလေ့ရှိတာကြောင့် သူဟာ အဲဒီ
တပ်ရင်းက အရာရှိတွေနဲ့ခင်နေသူဖြစ်ပါတယ်။ သူကစီပွါးရေး အရ ပင်လယ်ပြင်ကို ဒေသအခေါ်ကင်းမွန်(မြန်မာအခေါ်ပြည်ကြီးငါး)ဖမ်းတဲ့ မီးထွန်းလှေသေးလေးတစ်
စင်းငှါးပြီးသူ့သားဖြစ်သူနဲ့ ပင်လယ်ပြင်ကို ထွက်ဖမ်းလေ့ရှိပါတယ်။ တစ်ရက်မှာ
ကော့သောင်းမြို့နယ်ထဲ က ကော့ရဲကျွန်းနားကို ကင်းမွန်လှေလေး ရောက်ခါနီးမှာ
သူ့ကို စစ်တပ်လှေက မီးပြပြီးလှမ်းခေါ်ပါတယ်။ သူကလဲကြောက်ကြောက်နဲ့ သွား
ခဲ့ပါတယ် အနားရောက်တော့မှ ခလရ ၃၄၂ က တပ်ရေးဗိုလ်ကြီး ဖြစ်နေတော့
တပ်ရေးဗိုလ်ကြီးဖြစ်သူက နဖူးကိုလက်နဲ့ရိုက်ပြီး " အမလေး ဦးလှထွန်းရယ် ကံ
ကောင်းလို့ ခင်ဗျားဘာလာလုပ်တာလဲ" လို့ မျက်လုံးပြူးပြီး မေးပါတယ်။
အဲဒီမှာသူက ကင်းမွန် လာဖမ်း တာဖြစ်ကြောင်းပြောပြပါတယ်။ ပြီးတော့သူ့လှေကို
ကမ်းကပ်ခိုင်းခဲ့ပြီး အဲဒီကျွန်းမှာ သုံးရက်လောက် ခေါ်ထားပြီးသူတို့ဖမ်းထားတဲ့လှေ
တွေက စက်အချို့ကို ပြင်ခိုင်းခဲ့ပါတယ်။ အဲဒီကျွန်းပေါ်မှာ သစ်လာခုတ်စားတဲ့
ထားဝယ်လူမျိုး အမျိုးသားတွေ အမျိုးသမီးတွေ၊ ခလေးတွေ စုစုပေါင်း သုံးဆယ်
လောက်ကို ဖမ်းဆီးထားတာတွေ့ခဲ့ရပါတယ် ဦးလှထွန်းရောက်ပြီး နှစ်ရက်မြောက်
နေ့မှာ အဲဒီလူတွေကို ကျွန်းရဲ့တဖက်ခြမ်းကိုခေါ်သွားခဲ့ပါတယ်။ ပြီးတော့သေနပ်
သံတွေကြားရပါသတဲ့ ညနေမှ စစ်သားတွေ ပြန်ရောက်လာကြပါသတဲ့ ပြန်သိရတာ
က သတ်ပြီးပြန်လာတာဖြစ်ကြောင်းပါ။ ဒါပေမဲ့ သူတို့ဆက်နေအုံးမှာ ဖြစ်ကြောင်း
ဘာဖြစ်လို့လဲဆိုတော့ သူတို့ဖမ်းဆီးစဉ်က အချို့ကျွန်းရဲ့တောင်ပေါ်ကို ထွက်ပြေး
လွတ်မြောက်နေကြလို့ ကျွန်းကိုဝိုင်းထားပြီး အစာဖြတ်ရေဖြတ် လုပ်ထားတာ ဖြစ်
ကြောင်းပြောပြပါတယ်။ အခုဦးလှထွန်းတို့တောင်မှ တပ်ရေးဗိုလ်ကြီးရဲ့ မိတ်ဆွေ
တွေဖြစ်လို့ အသက်နေရှင်တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဦးလှထွန်းကိုလည်း
မသိဟန်ဆောင်နေဖို့ အပြင်ကို လုံးဝ မပေါက်ကြားစေဖို့သတိပေးပါတယ်။
ဦးလှထွန်းတို့ကလည်း မသိချင်ဟန်ဆောင်ထားပြီး တပ်ရေးဗိုလ်ကြီးကို နောက်
တစ်ရက်အကြာမှာအိမ်ကစိတ်ပူနေမည့်အကြောင်းပြန်ချင်ကြောင်းအပူကပ်ပြီးပြော
ခဲ့ရာ တပ်ရေးဗိုလ်ကြီးကပြန်ခွင့် ပေးလိုက်လို့ ပြန်ခဲ့ရပါတယ်။ အင်မတန်ကံကောင်း
လွန်းလို့လွတ်လာတာပါ။ အဲဒီ အကြောင်းကို ဦးလှထွန်း ပြန်ပြောချက်အရ ကျွန်
တော် ဘီဘီစီကိုစာရေးပြီး စာတိုက်ကနေ အကြောင်းအရာလေး နဲနဲလွဲပြီး မြန်မာ့
တပ်မတော်က ပင်လယ်ပြင်မှာ ပြည်သူတွေကို သတ်ဖြတ်လျှက်ရှိကြောင်း သတင်း
ပို့ခဲ့ပါတယ်။ စာရေးသူအမည်ကို သိန်းအောင် ဆိုပြီးတပ်ပေးလိုက်ပါတယ်။
ကံကောင်းချင်တော့ ကော့သောင်းမြို့မှာ ထောက်လှမ်းရေးဖက်ရော အခြားဖက်
တွေပါ သတင်းပေးလုပ်စားနေတဲ့ နှစ်ဖက်ချွန် သိန်းအောင်(နာရီပြင်ဆရာ-ကော
သောင်းဈေး) အမည်နဲ့တူသွားပါတယ်။ နောက်တစ်ရက်မှာ သိန်းအောင်အဖမ်းခံ
လိုက်ရပါတယ်။ နောက်မှသိရတာက ကော့သောင်းမြို့နယ်စာတိုက်က ဘီဘီစီ၊
ဘီအိုအေ စတဲ့ သတင်းဌါနတွေကို ပို့တဲ့စာအားလုံး ကို သက်ဆိုင်ရာသတင်းဌါန
တွေ ကိုမပို့ပေးရဘဲ ကော့သောင်း ထောက်လှမ်းရေးရုံး ကို ပို့ပေးရတာဖြစ်
ကြောင်းသိရပါတယ်။ ဘီဘီစီကို ရောက်မယ်ထင်တဲ့ ကျွန်တော့်စာလေး ထောက်
လှမ်း ရေးလက်ထဲ ရောက်သွားတာကိုး ကျွန်တော်ဟာအခုထိအဲဒီအကြောင်းကို
ဖေါ်ပြဖို့ အခွင့်အခါ မသင့်ခဲ့တော့ပါဘူး။ ဟိုတနေ့ကမှ ဗိုလ်မှူးတစ်ယောက် က
သူ့အရာရှိကြီးတွေ ကော့သောင်း ဇာတက်ကြီးရေတပ်စခန်းမှာ သန်းရွှေ အမိန့်နဲ့
မိသားစုတွေ ငါးဆယ်လောက်သတ်ခဲ့တဲ့ အကြောင်း အင်တာဗျူး တစ်ခုမှာဖေါ်
ထုတ် ချက်အရ အခွင့်အခါကြုံလို့အခုစာကိုရေးခဲ့ရတာပါ။

တကယ်တော့ မြန်မာ့တပ်မတော်ဟာ ပင်လယ်ပြင် စိုးမိုးရေး လုပ်တယ် ဆိုတာ
ပြည်သူ ကို ကာကွယ်ဖို့ဘဲဖြစ်သင့်ပါတယ်။ အဲဒီလို အထက်အမိန့်အရဆိုပြီး
ပြည်သူတွေကို သတ်နေတာဟာ သခင်အားရအောင် ကိုက်ပေးနေတဲ့ အသိညဏ်
မရှိလှတဲ့ခွေးဆိုးတွေလိုဖြစ်နေပါတယ်။ တပ်မတော်လူသတ်သမားတွေဟာ သူတို့
လုပ်ခဲ့တာကို သူတို့လုံလှပြီထင်နေကြပေမဲ့ မြန်မာ့ဆိုးရိုးစကားအတိုင်း အရိုးတွေ
ဟာ တွန်တတ်ပါတယ်။ ဘယ်တော့မှ မကောင်းမှုဆိုတာ ပြီးဆုံး သွားတယ်မရှိပါ
ဘူး။ သူတို့အလှည့်မရောက်တော့ဘူးလို့ ဘယ်သူပြောမလဲ၊

နာဂစ်မောင်မောင်

အာဇာနည် မှ