နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, May 30, 2008

ဦးသန်းရွှေနဲ့ အပေါင်းပါ တစုကို အစုလိုက်အပြုံလိုက် လူသတ်မှုနဲ့ ကြိုးစင်တင်မယ်

မေ ၂၅၊ ၂၀၀၈ - မြန်မာစစ်အာဏာရှင် အစိုးရဲ့  ရက်စက်ကြမ်းကြုတ်မူများနဲ့ ပတ် သက်လို့ ကိုယ်တွေ့ဖြစ်ရပ်များကို အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသံရုံးယာယီ တာဝန်ခံ သံမှုးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ (ထောက်လှမ်း ရေးမှုဟောင်း)၊ လက်ရှိ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရယူနေထိုင်နေသူ ဗိုလ်မှုး အောင် လင်းထွဋ် အား ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်းက မေးမြန်းတင် ပြထား ပါတယ်။

http://www.voanews.com/burmese/upload/05-25-08_TH.mp3

ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ ရလောက်အောင် အနည်းငယ်ပဲ ကျန်နေသေးတော့ တဲ့ အာဏာရှင်နိုင်ငံတွေ ကြားထဲမှာ မြန်မာနိုင်ငံ ထင်ထင်ရှားရှား ပါဝင်ပေါ်လွင်နေ တာဟာ မြန်မာစစ် အာဏာရှင် ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကျုပ် မှုတွေ ကြောင့် ဖြစ်ပါတယ်၊ ဒီလိုရက်စက်ကြမ်းကျုပ်မှုတွေ ကြူးလွန်နေတဲ့ ကိုယ်တွေ့ဖြစ် ရပ် တခုကို မကြာသေးခင်ကပဲ VOA ကို ထုတ်ဖေါ် ပြောကြား လာသူကတော့ အမေရိ ကန်ပြည်ထောင်စု မြန်မာသံရုံးမှာ သံရုံးယာရီခံ သံမှုးကြီးအဖြစ်တာဝန် ထမ်းဆောင် ခဲ့ဘူးတဲ့ ဗိုလ်မှုး အောင်လင်းထွဋ် ပါ၊ ဗိုလ်မှုး အောင်လင်းထွဋ် ဟာ မြန်မာ့တပ်မတော် ထောက်လှမ်းရေးမှာ တာဝန်ထမ်းဆောင်နေရာကနေ နိုင်ငံခြား ရေးဌာနကို အထူးတာဝန်နဲ့ ရောက်ရှိလာသူဖြစ်ပါတယ်၊ ၂၀၀၅ ခုနှစ်မှာ အမေရိ ကန် ပြည်ထောင်စု မှာ ခိုလုံခွင့်တောင်းခံ နေထိုင်ခဲ့ပါတယ်၊ သတင်းဌာန တွေနဲ့ အရင်က ဆက်သွယ် ပြောဆိုမှု မရှိခဲ့ပေမဲ့ နာဂစ်ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်ပြီး အပြစ်မဲ့ ပြည်သူတွေအပေါ် စာနာထောက်ထားမှု ကင်းမဲ့လွန်းတဲ့ စစ်အာဏာရှင် တွေရဲ့ အပြုအမူတွေအပေါ် အခံမရပ်နိုင်အောင် ဖြစ်လာတာမို့ အခုလိုပြောဆိုဆက် သွယ် လာရခြင်းဖြစ်တယ်လို့ ဆိုပါတယ်၊ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း မြန်မာ့ ပင်လယ်ပြင်အတွင်းက ခရစ္စတီး ကျွန်းလို့ခေါ်တဲ့ ကျွန်းငယ်လေးတခုပေါ်မှာ ဗိုလ် ချုပ်မှုးကြီး သန်းရွှေ ရဲ့ အမိန့်နဲ့ အပြစ်မဲ့ပြည်သူ ကျေးရွာသား( ၅၉ )ဦးနဲ့ ထိုင်း ရေ လုပ်သား ( ၁၂ ) ဦး၊ စုစုပေါင်း ( ၇၁ ) ဦးကို မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ရပုံ အကြောင်း ကိုယ်တွေ့ ဖြစ်ရပ်တခုကို ဗိုလ်မှုး အောင်လင်းထွဋ် က ပြောကြားခဲ့ပါ တယ်။

၁၉၉၈ တုန်းက မေလမှာ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ကျနော်တို့ ကတော့ ဇာတက်ကြီး ရေတပ်စ ခန်းမှာ ကျနော်တို့က ခြေချပါတယ်၊ ရှေ့တမ်းစစ် ဗျူဟာ အနေ နဲ့ကတော့ ခရစ္စတီးကျွန်း မှာအခြေချပါတယ်၊ အဲဒီ ခရစ္စတီးကျွန်း က ထိုင်း မြန်မာရေပိုင်နက် အဆက်နားမှာ ရှိပါတယ်၊ ကျနော်တို့ ဆိုတာထက် ဗိုလ်ချုပ်ကြီး ကြည်မင်း ပေါ့ ဦးစီးချုပ်ရေပါ ခုတော့အငြိမ်းစား ယူပြီးတော့ ကျနော်သိ သလောက် တော့ စစ်မှုထမ်းဟောင်းအဖွဲ့ ဒု ဥက္ကဋ္ဌ လုပ်နေတဲ့ ဗိုလ်ချုပ်ကြီး ကြည်မင်း ပါ၊ နောက်တယောက်က ဗိုလ်ချုပ် မြင့်ဆွေ ပါ သူကလည်း ဦးစီးချုပ် လေက နေပြီး တော့မှ Retire သွားပါပြီ၊ ဦးနေဝင်း မြေးတွေရဲ့ ဖြစ်စဉ်မှာ အဖြုတ်ခံရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်၊ နောက်တယောက်ကတော့ ဗိုလ်ချုပ် သူရ မြင့်အောင် ပါ သူကလက်ရှိ တော့ စစ်ရေးချုပ်ရာထူး ယူထားပါတယ်၊ သူတို့ ( ၃ ) ယောက်ကို ကြည်း၊ရေ၊လေ ဆိုပြီးတော့မှ ပူးပေါင်းစစ်စဉ်ရေးဆိုပြီးတော့မှ ကကကြည်း ပေါ့လေ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကနေပြီးတော့မှ ဖွဲ့စည်းပြီးတော့ ဇာတက်ကြီး ရေတပ်စခန်းကို လွတ် လိုက်ပါတယ်၊ ဇာတက်ကြီး ရေတပ်စခန်းမှုးက ဒုတိယဗိုလ်မှုးကြီး မောင်မောင်သင့် သူရှိပါတယ်၊ အဲတော့ ကော့သောင်းရဲ့ အခြေချစစ်ဗျူဟာ ဗိုလ်မှုးကြီးဇော်မင်း၊ အခု သူက အမှတ်( ၁ ) လျှပ်စစ်ဝန်းကြီး တာဝန်ကော ကြံ့ခိုင်ဖွံ့ဖြိုးရေးတွဲဖက် အထွေ ထွေ အတွင်းရေးမှုးတာဝန်ကော သူယူနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ သူက ဗျူဟာမှုးအ နေနဲ့ ခရစ္စတီးကျွန်းမှာ တာဝန်ယူရ ပါတယ်၊ သူလက်အောက်မှာ အဲဒီ အချိန်က တပ်ရင်းမှုးအဖြစ်နဲ့ ဒီ ခလရ ( ၂၆၂ ) ကော့သောင်းတပ် က ဒုတိယ ဗိုလ်မှုးကြီး စိုးတင့် နောက်ဆုံး သိရသလောက်တော့ စက်မှု ( ၁ ) မှာ ညွှန်ကြားရေးမှုး ဖြစ် တယ် လို့သိရပါတယ်၊ နောက် တယောက်က ဘုတ်ပြင်းက တပ်ရင်းပါ ( ၄၀၃ ) လား ( ၄၀၄ ) လားမသိဘူး ဒုတိယဗိုလ်မှုးကြီး ဝင်းဆွေ၊ ဆိုတော့ ဒီ ပုဂ္ဂိုလ်တွေနဲ့ ဖြစ်တယ်ပေါ့လေ အဲတော့ အဲဒီမှာ ဗိုလ်မှုးကြီးဇော်မင်း ဦးစီးတဲ့ ဗျူဟာကနေ ပြီး တော့ ခရစ္စတီး ကျွန်း ကို တက်ပြီးတော့ နေရာယူလိုက်တဲ့အခါမှာ အဲဒီမှာသစ်ခုတ် ဝါးခုတ်တဲ့ အရပ်သူအရပ်သား ( ၅၉ ) ယောက်တိတိကို သူတို့ဖမ်းလိုက်ပါတယ်၊ ဖမ်းလိုက်တယ်ဆိုတာ အဲဒီမှာ ကလေးလေး( ၃ )နှစ်သ္မီးလေး တယောက် ပါတယ်၊ မိန်းမတယောက် ဆိုလို့ရှိရင် သိပ်မကြာသေးဘူး ကိုယ်ဝန် ဟို ကလေး ငယ်ငယ် လေး ပေါ့ လေ မွေးပြီးတော့မှ ရှိကာစ ရှိသေးတယ်၊ သူတို့ကတော့ သာမန် ဒီနယ် မြေ၊ ဒီဒေသမှာတော့ သူတို့သစ်ခုတ်ဝါးခုတ် ပြီးတော့ မှ သူတို့ရဲ့အသက်မွေး ဝမ်း ကြောင်း အတွက်ကို ရှာဖွေလုပ်ကိုင် စားသောက်နေတဲ့ အရပ်သူ အရပ်သားတွေ ဖြစ်ပါတယ်၊ ဒါပေမဲ့ ဖမ်းတာက ကျနော်သိသလောက်က အဲဒီအချိန်က တိုင်းမှုး က ဗိုလ်ချုပ်သီဟသူရ သူရစစ်မောင် သူကနေပြီးတော့မှ ပုဒ်မ ( ၁၄၄ ) ထုတ် ထားတဲ့၊ ကျွန်းတွေမှာ အရပ်သားတွေမနေရလို့ ဖမ်းတယ်ဆိုပြီးတော့မှ ကျ နော်တို့ ဖမ်းခဲ့ ပါတယ်၊ ဒါပေမဲ့၊ ဒါပေမဲ့ဆိုတာက ကျနော်တို့ ဒီ ( ၅၉ ) ယောက်ကို ကျနောတို့ ထင်တာကတော့ ဒီအရပ်သူအရပ်သားတွေကို ကော့သောင်းမြို့ ကိုပဲ ပြန်ပို့ပြီးတော့ အရေးယူချင်လည်း ယူပေါ့လေ မယူချင်လည်း လဝက ဥပဒေ အရ အရေးယူချင် လည်း ယူပေါ့လေ ဒီလိုပဲ လွှတ်လိမ့်မယ်လို့ ထင်ခဲ့ပါတယ် ဒါပေမဲ့ ဖမ်း မိတာက ကျနော်ထင်တယ် ဧပရယ်လ လောက်မှာဖမ်းခဲ့ပြီးတော့ မေလလောက် ရောက်တဲ့ အခါ ကြတော့ ည ဘက်ကြီးမှာ ကောက်ခါငင်ကာ အမိန့်တခုရောက်လာ တယ်လို့ သိရပါတယ်၊ ဒါကလည်း ကျနော် ဘာလို့သိရတာလဲ ဆိုရင် ဗိုလ်ချုပ်ကြီး ကြည်မင်း ကနေပြီးတော့မှ၊ ဗိုလ်ချုပ်ကြီး ကြည်မင်းကို ကကကြည်း က ဗိုလ်ချုပ် မြင့်ဆွေ ပေါ့ လေ၊ အခု ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ အဲဒီအချိန်တုန်းက သူက စစ်ဦးစီး ဗိုလ်မှုး ချုပ်ပါ၊ သူကနေပြီးတော့မှ စက်ပေါ်မှာတက်ပြီးတော့ စကားပြောချင် တယ်လို့ ပြော တယ်၊ ပြောပြီးတော့မှ ဗိုလ်ချုပ်ကြီး ကြည်မင်း ပြန်လာတဲ့အခါကြတော့ဗိုလ်ချုပ်ကြီး ကြည်မင်း က အားလုံးပေါ့လေ ကျနော်တို့လည်း အပါ အဝင် အားလုံးကို ခေါ်ပြီး တော့မှ ဘာပြောလဲဆိုရင် ခုဖမ်းထားတဲ့ ( ၅၉ )ယောက်စလုံးကို အကုန်လုံးကိုရှင်း ပစ်ရမယ်၊ သတ်ပစ်ရမယ်ဆိုပြီးတော့မှ အမိန့်ပေးတယ် ဆိုပြီး တော့ ပြောပါတယ်၊ ဗိုလ်ချုပ်မြင့်ဆွေ က နေပြီးတော့မှ ဗိုလ်ချုပ်ကြီး ကြည်မင်းကို စက်နဲ့ လှမ်းပြီးတော့ အမိန့်ပေးတာပါ။

ဘာကြောင့်လဲ။

ဘာကြောင့်လည်းဆိုတာ ပြောရတာခက် တယ် ကလေး လေးတွေ၊ မိန်းမတွေ၊ ဒီ ယောက်ကျား တွေကို ဘာမှ လက်နက် မကိုင်ထားတာ တွေကို သတ်ခိုင်းတဲ့ဟာ၊ ကျနော်တို့ မှာ ရှင်းရှင်းပြောရရင် တော့ အရမ်းကို ခံစားရတယ်၊ အမှန်အတိုင်းပြော ရရင်တော့ မဖြစ်သင့် မဖြစ်ထိုက် ဘူးဆိုတာ ကျနော်လည်း ဒါ ကြုံလိုက်ရတဲ့ ကိုယ် တွေ့ တခုပဲ၊ အဲတော့ ဗိုလ်ချုပ်ကြီး ကြည်မင်းက ကျနော်တို့ အားလုံးကို စု လိုက် တယ် ကျနော် တို့ကတော့ Staff အနေနဲ့ နားထောင်ရတာပေါ့လေ၊ ဗိုလ်ချုပ် ကြည် မင်း ပါတယ်၊ ဗိုလ်ချုပ် မြင့်ဆွေ၊ အဲနောက် ဗိုလ်ချုပ်သူရ မြင့်အောင်၊ ဗိုလ်မှုးကြီး မောင်မောင်သင့် ဒါကတော့ လူကြီးပိုင်းပေါ့ လေ ပါကြတယ်၊ ဗိုလ်ချုပ် ကြည်မင်း က ဒီသတင်းကို ကျနော်တို့ကို ပြောလိုက်တဲ့ အခါကြတော့၊ အဲဒီတော့ ဗိုလ်ချုပ် သူရ မြင့်အောင် အခု စစ်ရေးချုပ် လုပ်နေတဲ့ သူ သူကဘာပြောလဲ ဆိုတော့ ဒါ အထက်အမိန့်ပဲ အကုန်သတ်ပစ်ရမှာပေါ့လို့ ဆိုပြီးတော့မှ သူက စပြောတယ်၊ ဗိုလ် ချုပ် မြင့်ဆွေ ကတော့ သူက ပုတီးသမား၊ တရား သမား ဆိုတဲ့အခါကြတော့ ဟို ထိမ်းထိမ်း သိမ်းသိမ်းလုပ်ဖို့နဲ့ ဟို အခြေအနေလေးကိုတော့ ပြန်ပြီးတော့မှ ပြန်မေး ကြည့်ပါ အုံး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ အချိန်က ည ( ၉ ) နာရီခွဲ ပါတ်ဝန်းကျင် လောက်ဆိုတော့ ဗိုလ်ချုပ်မှုးကြီး မောင်အေး အရက် သောက်ပြီးတော့မှုးတဲ့ အချိန်၊ ဒီဥစ္စာ မူးမူးရူးရူးနဲ့ အမိန့်ဖြစ်နေအုံးမယ်ဆိုပြီးတော့မှ ပြောခဲ့ပါတယ်၊ အဲတော့ သူတို့ နှစ်ယောက် ပေါ့လေ သူတို့နှစ်ယောက် ပြောတဲ့အပေါ် မှုတည်ပြီးတော့မှ ဗိုလ်ချုပ် ကြီး ကြည်မင်း က ဆုံးဖြတ်ပါတယ်၊ ကောင်းပြီး ဒါဆိုရင်တော့ တို့တွေနောက်နေ့ မနက် စက်ပေါ်တက်ပြီး တော့မှ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ကို ထပ် မေးကြည့်မယ်၊ လက်ရှိ ဒီ အမိန့်ကိုတော့ အောက်က ဗိုလ်မှုးကြီး ဇော်မင်းတို့ကို ချမပေးနဲ့အုံး ဆိုပြီး တော့မှ ထိမ်းထားတယ်လို့ ကျနော်တို့ သိရပါတယ်၊ မနက် ဟိုနင်းပေါ့ ( ၉ ) နာရီ ပါတ်ဝန်းကျင် လောက် စက်နဲ့တက်ပြီးတော့ ဗိုလ်ချုပ် မြင့်ဆွေ စီကို ဗိုလ်ချုပ် ကြည်မင်း မေးပြီးတော့မှ ပြန်လာတဲ့အခါကြတော့ ဘာပြော လဲဆိုတော့ ဗိုလ်ချုပ် မြင့်ဆွေ က ပြောလိုက်တယ်တဲ့ ဒါ အဘလေးအမိန့်မဟုတ်ဖူး အဘကြီး အမိန့် ဆိုပြီးတော့မှ ပြောတယ်လို့ ဆိုပြီးတော့မှ ပြောပါတယ်၊ အဘကြီး ဆိုတာ ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ကို အဘကြီးလို့ ကျနော်တို့ ခေါ်ကြပါတယ် စစ်တပ် မှာတော့။

ဆိုတော့ အဲဒီအမိန့်ကို ပြန်ပြီးတော့ပြင်လို့ မရခဲ့ဘူးလား။

အဲဒီအမိန့်ကို ပြန်ပြီးတော့ ပြင်လို့ မရခဲ့ဘူး၊ မရခဲ့တဲ့အခါကြတော့ အဓိက ကတော့ အဲဒီအချိန်မှာ အဲဒီနယ်မြေရဲ့ တာဝန်က အဒီအချိန်မှာ ဗိုလ်ချုပ် သူရမြင့်အောင် က တကက ( ၁၃ ) ရဲ့ တပ်မမှုးပါ၊ ဗိုလ်မှုးကြီး ဇော်မင်းကလဲ သူ့ရဲ့လက်အောက် က ဗျူဟာမှုးပါ၊ ဆက်ပြီးတော့မှ ရှင်းရှင်းပြောရရင်တော့ အမိန်ပေးလိုက်တယ်၊ အမိန့် ပေးလိုက်တဲ့ အတိုင်းပဲ အဲဒီ နေ့မှာဘဲ အဲဒီ အရပ်သူအရပ်သားတွေကို သောင်ပြင် မှာပဲ အကုန်လုံးက သေနတ်နဲ့ ပစ်သတ် လိုက်ပြီးတော့မှ သောင်ပြင်မှာ မြှုပ်လိုက် တယ်လို့ ကျနော်တို့သိရပါတယ်၊ အခုသွားပြီးတော့မှ အဲဒီအရိုးတွေ သွားတူးကြည့် ရင် မြင်ရပါမယ်။

အဲလို့ အမိန့်ကို အကောင်ထည်ဖေါ်ခဲ့တာက စောစောက ဦးအောင်လင်းထွဋ်ွ ပြော တဲ့ အတိုင်းဆိုရင် ဗိုလ်မှုးကြီး ဇော်မင်း ဦးဆောင်တဲ့ ဗျူဟာကလုပ်ခဲ့တာပေါ့။

အမိန့်ကို အကောင်ထည်ဖေါ်ခဲ့တာက ဗိုလ်မှုးကြီးဇော်မင်းနဲ့ သူ့အောက်ကတပ်ရင်း မှုး ( ၂ ) ယောက်ပေါ့လေ၊ ဗိုလ်မှုးကြီး ဇော်မင်း ကနေ ဆက်ပြီး တော့မှ အမိန့်ပေး ပြီးတော့မှ အကုန်လုံးဆက်ပြီးတော့မှ လုပ်ပစ်ကြတယ်လို့ သိရ ပါတယ်၊ ကျနော် အဲဒီဓါတ်ပုံတွေ ရှိပါသေးတယ်၊ ရှိတယ်ဆိုတာ ရုံးက ဘီရိုထဲ မှာ ရှိပါသေးတယ်၊ ဘာလို့လဲ ဆိုတော့ အဲဒီအချိန် မှာ ဗိုလ်မှုးကြီး ဇော်မင်း နဲ့ အတူ ထောက်လှမ်းရေး ( ၁၉ ) တပ်မှုး အခုတော့ ထောင်ထဲရောက် နေပါတယ်၊ ဗိုလ်မှုး မြင့်ဦး ဆိုတာ သူ ရှိပါတယ်၊ သူကတော့ ခိုးပြီးတော့မှ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကျနော်တို့ စစ်ဆင် ရေး အပြန်ကြတော့ ခိုးပြီးတော့ ပေးတယ်၊ ကျနော်တို့ ရန်ကုန် ရောက်တဲ့ အခါကြ တော့ ဗိုလ်မှုးချုပ် ကျော်သိန်း တို့ ဘာတို့ ပြပြီးတော့၊ ဗိုလ်မှုးကြီး စန်းပွင့် ကျနော် တို့ G1 ကို ပြပြီးတော့ ကျနော့ဘီရိုထဲမှာ သိမ်းခဲ့ပါတယ်၊ ဒါပေမဲ့ အခုတော့ ရှိ မရှိ တော့ ကျနော်မသိတော့ဘူး။

ဆိုတော့ ဒီဲဟာနဲ့ပါတ်သတ်လို့ နောက်ပိုင်း မြန်မာစစ်ခေါင်းတွေကြားမှာ တစုံတရာ ပြန်လည် ဆွေးနွေးတာတွေ ဒီကိစ္စနဲ့ပါတ်လို့ အမှားအမှန် ကိစ္စတွေဘာတွေ ပြောခဲ့ တာများရှိခဲ့လား။

ကိုသန်းလွင်ထွန်းရေ ဒီဥစ္စာက အသေးလေးဗျ၊ ကျနော်တို့( ၉၇ )လောက်ကတည်း က စစ်ဆင်ရေး( ၄ )လပါတ် တခုမှာ အစိတ်သားတောင် မချန်နဲ့ မင်းတို့ အကုန်လုံး ရှင်းပစ်ဆို ပြီးတော့မှ အမိန့်က တရားဝင်ပေးတာ၊ အဲဒီ အမိန့်ကို အကောင်အထည် ဖေါ်တာက ဗိုလ်ချုပ်မောင်ဘို၊ အခုရှိပါတယ် ဗိုလ်ချုပ်ကြီး မောင်ဘို သူတိုင်းမှုးဘဝ မှာ သူ ရွာက လူတွေကို ဘယ်လောက်သတ်ပစ်ခဲ့တယ်ဆိုတာ သူ အသိဆုံးပါ။

အစိတ်သားတောက်မချန်နဲ့ဆိုတာ ဘာကိုပြောချင်တာလဲ။


အစိတ်သားတောင် မချန်နဲ့ ဆိုတာက မိန်းမရဲ့ ကိုယ်ဝန်ပေါ့ ဗျာ၊ ကိုယ်ဝန် ဆိုတာ အစိတ်သားလို့ ကျနော်တို့ ခေါ်တာပေါ့ဗျာ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့ အကုန်သတ်ပစ်ဆိုပြီးတော့မှ အဲဒါ တရားဝင်အမိန့်ပါ၊ တရားဝင် အမိန့် ဆိုတာ စစ် ဆင် ရေးတခုမှာ အစည်းဝေးတခုမှာ နှုတ်မိန့်ပေါ့ဗျာ၊ စာနဲ့တော့ ဘယ်သူမှ မထုတ် ပါ ဘူး၊ ပြောလိုက်တဲ့ စကားပါ။

ဘယ်နယ်မြေထဲမှာလဲ။

အားလုံးဘဲ အဓိက က ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်း အဓိက ကတော့ ကျနော်တို့ အညိုရောင် လို့သတ်မှတ်ထားတဲ့ နယ်မြေမှာ၊ အဓိက ကတော့ အဲဒီအချိန်က ဘာလို့ဖြစ်ရသလဲ ဆိုတဲ့အခါကြတော့ ဟို ရှင်းရှင်း ပြောရရင်တော့ ဒီ ရွာတွေကို စု တာပါဘဲ ကျနော်တို့ Replacement ပေါ့၊ သူတို့ ရွာ တွေစုတဲ့ အခါမှာ အချို့ရွာ တွေက သူတို့ရဲ့ အိုးအိမ်၊ သူတို့ရဲ့ယာလေးတွေ၊ သူတို့ရဲ့ တောင်ယာကလေးတွေ မဖျက်ချင်တဲ့အခါကြတော့ မပြောင်းချင်ဘူး၊ မပြောင်းချင် တဲ့ဥစ္စာကို By Force နဲ့ မပြောင်းရင် မရဘူးဆိုတဲ့ဟာမျိုးနဲ့ နင်ပစ်ခဲ့တာ၊ သတ်ပစ် ခဲ့တဲ့ ဖြစ်စဉ်တွေလည်း အများကြီးရှိပါတယ်၊ အဲဒီသက်ဆိုင်ရာ နယ်မြေတွေမှာရှိတဲ့ သူတွေအသိဆုံးပါ။

အဲတော့ ဦးအောင်လင်းထွဋ်ွ အနေနဲ့ ကိုယ်တွေကြုံခဲ့ရတာကတော့ ခု မြန်မာပြည် တောင်ပိုင်း ခရစ္စတီးကျွန်းမှာ ဒီအရပ်သူ အရပ်သား ( ၅၉ ) ဦးကို သတ်ခဲ့တဲ့ ကိစ္စ ပေါ့။

အဲဒီတုန်းက ( ၅၉ ) ဦးနေ မကဘူးဗျာ ( ၅၉ )ယောက်ကို ရှင်းပစ်ပြီးတဲ့ နောက်ပိုင်း တရက် နှစ်ရက် လောက်ထင်တယ် ကြာတဲ့အခါကြတော့ ရခိုင်ဘက်ကနေပြီးတော့ မှ ယိုးဒယား ငါးဖမ်းစက်လှေ၊ ယိုးဒယား ငါးဖမ်းစက်လှေ ဆိုတာကလဲ တရားဝင် ရခိုင်ပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ စက်လှေပါ၊ အဲဒီစက်လှေတစင်းက ငါးတွေကို ကျနော်တို့ ရနောင်း ပေါ့လေ ရနောင်း ဘက်ကိုပို့ဖို့ အလာမှာ လမ်းကြောင်း က ကျနော်တို့ ဒီ ခရစ္စတီးကျွန်းနားကို ဝင်လာတဲ့အခါကြတော့ ရေတပ်က ( ၃၀၅ ) လား ( ၃၀၄ ) လားမသိဘူး၊ ဒါနဲ့ ကျနော်မှတ်မိတာ ကတော့ စစ်ရေယာဉ် မှုးက ဗိုလ်မှုး အောင်ကြီး ထင်တယ် သူတို့ဖမ်းတာပေါ့၊ ဖမ်းလာပြီးတော့ အဲဒီတုန်းက ရေတပ်က အကြီးဆုံး ဗိုလ်ချုပ်ကြီး ကြည်မင်း ကို သတင်းပို့တဲ့အခါကြတော့ ထုံးစံ အတိုင်းပဲ ကျနော်တို့ ကကကြည်း ကို ဆက်ပြီးတော့မှ သတင်းပို့ကြတယ်၊ ဆက်ပို့ လိုက်တော့ ကကကြည်း က အရင်လိုပဲ ရှင်ပစ်လိုက်ဆိုပြီးတော့၊ ရှင်းခိုင်း လိုက် တယ် ၊ ရှင်းခိုင်းတော့ အားလုံးပေါင်း စက်လှေပေါ် ပါတဲ့သူ ( ၁၂ ) ယောက် က ကျနော်တို့ ရေတပ်က တာဝန်ယူပြီးတော့မှ အဲဒီ ခရစ္စတီးကျွန်းပေါ်မှာပဲ သတ်ပစ် ပြီးတော့ မြှုတ်ပစ်ရတယ်၊ အဲဒီ စက်လှေကြီးကိုတော့ ကျနော်တို့က မမြုတ်မချင်း ပင်လယ်ထဲကို မြှုတ်အောင်ဆိုပြီးတော့မှ အားလုံး စက်လှေကြီးကို ဗိုက်ဖေါက်ပြီး တော့ မီးရှို့ပြီးမှ ကျနော်ထင်တယ် တပါတ်လောက်ကြာမှ အောက်ထဲကို ရောက် သွားတယ်၊ အဲဒီဖြစ်စဉ်လဲ ဆက်စပ်ဖြစ်ခဲ့တာ အားလုံး ကျနော်အဲဒီ အချိန်မှာ တွေ့ ခဲ့တာက အားလုံး ( ၇၁ ) ယောက် ရှိတယ်၊ ဒါအရပ်သားတွေကြည့်ပဲ ဘာမှ လက် နက်ကိုင်တဲ့သူ တယောက်မှ မပါဘူး။

အခု ဒုတိယပြောတဲ့ အကြောင်းဆိုလို့ရှိရင် ဒါက ဦးအောင်လင်းထွဋ် ပြောသလို ဆိုလို့ရှိရင် ယိုးဒယား ထိုင်းလူမျိုးတွေဆိုတော့ ဒီကိစ္စနဲ့ပါတ်သတ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တစုံတရာ ပြသနာတက်တားများ ရှိခဲ့ဘူးလား။


မရှိပါဘူး၊ မရှိဘူးဆိုတာက ဘယ်သူမှမသိဘူး၊ အဲဒီ ရေပြင်မှာလည်း တရားဝင် အမိန့်ထုတ်ထား ပါတယ်၊ အရှင်မလိုချင်ဘူး လို့ ပြောထားတယ်၊ ငါးခိုး စက်လှေပဲ ဖြစ်ဖြစ် ခုန အကုန်လုံးက သတ်ပစ်ပြီးတော့မှ စက်လှေပါ မြှုတ်ပစ်ရပါတယ်၊ ပထမ ပိုင်းတုန်က စက်လှေတွေ ဖမ်းပြီးတော့ ပစ္စည်းယူတယ်၊ နောက်ပိုင်းကြတော့ လူ တွေ ကော စက်လှေတွေကော မြှုတ်ခိုင်းတဲ့ကိစ္စက ( ၉၆ ) နောက်ပိုင်း ( ၉၇ ) လောက် ကစပြီး ပြင်းထန်လာပါတယ်။