နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Thursday, May 22, 2008

စစ်ခေါင်းဆောင်များကို The Hague တရားရုံးပို့မယ်

နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ ဝင်ရောက်ရေးကို ဆက်လက်ငြင်းဆန်နေလျှင် နအဖ ဗိုလ်ချုပ်များအား ဥရောပ ပါလီမန်က နိုင်ငံတကာ ရာဇဝတ်ခုံရုံး ( ICC ) တင်ရန် ဆုံးဖြတ်ချက်ချ။

နအဖ ခေါင်းဆောင်များကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ သဟိတ်(ဂ်)မြို့ ရှိ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ( ICC ) တွင် တရားစွဲ အရေးယူနိုင်ရန် ထောက်ခံမဲ ( ၅၂၄ ) မဲ၊ ကန့်ကွက်မဲ ( ၃ ) မဲ၊ ပျက်ကွက်မဲ ( ၁၃ ) မဲနှင့် ဥရောပ ကိုယ်စားလှယ်များက Strasbourg မြို့  ၊ မေလ ၂၂ ရက် meeting တွင် မဲပေးဆုံးဖြတ်လိုက်သည်။

EU အစိုးရများကလည်း ဥရောပကိုယ်စားလှယ်များနည်းတူ နအဖ ခေါင်းဆောင်များကို ICC တွင် တရားစွဲ အရေးယူနိုင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား ဖိအားပေး တောင်းဆိုလိုက်သည်။

နအဖ သည် မုန်တိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိုလျစ်လျူရှု့  ပြီး ၎င်းတို့အာဏာတည်မြဲရေးအတွက် ဆန္ဒခံယူပွဲကျင်းပ ခြင်းအပေါ် ပြင်းထန်စွာရှုံ့ ချလိုက်သည်။

refer > http://www.news.com.au/heraldsun/story/