နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Sunday, May 4, 2008

မြန်မာပြည် Nargis မုန်တိုင်း ဘေး မှတ်တမ်းဓါတ်ပုံများ


ရန်ကုန်မြို့ တမြို့လုံးနီးပါးကို ဖျက်ဆီးပစ်သော နာဂစ်မုန်တိုင်းမှာ ယမန်နေ့ညသန်း
ခေါင်းယံချိန်မှ စတင်ဝင်ရောက် တိုက်ခတ်လာခြင်း ဖြစ်ပြီး ဓါတ်တိုင်နှင့်လမ်းဘေး
သစ်ပင်ကြီးများ ပြိုလဲကာ မြို့အတွင်း နေရာအတော်များများ၌ နေအိမ်ခေါင်မိုးသွပ်
ပြားများ လေပေါ်ပျံဝဲသည်အထိ ရှိခဲ့သည်။

ဂြိုလ်တုစလောင်းများ ပျက်စီးနေပြီး အထုတ်အပိုးများဖြင့် လူအချို့ မြို့လယ်လမ်းမ
များတွင် ပြေးလွှားလျှက်ရှိပြီး လမ်းပေါ်သွားသော ကားအနည်းငယ်ကိုတင်ဆောင်
သွားရန် အကူအညီတောင်း တားမြစ်နေသည်ကို တွေ့မြင်ရကြောင်း မြို့တွင်းလှည့်
လည် လေ့လာနေသူတဦးက ပြောပြသည်။

တနိုင်ငံလုံးတွင် တယ်လီဖုန်းလိုင်း အနည်းငယ်သာ ကောင်းမွန်လျှက် ရှိသည်။
အင်တာနက်ပြတ်၊ လျှပ်စစ်မီး မလာနှင့် မုန်တိုင်းအန္တရာယ် ကြိုတင် ပြင်ဆင်ထား
ခြင်း မရှိသူ အများအပြားမှာ စားရေးအတွက်ပင် အခက်အခဲ ဖြစ်နေသည်။

မုန်တိုင်းကြောင့် ဧရာဝတီမြစ်ရေ လျှံတက်လာကာ ရန်ကုန်မြို့နေရာအနှံ့အပြား
ရေရောက်လာသဖြင့် ခရီးသည်တင် ဘတ်စ်ကား လိုင်းများလည်း ရပ်နားထားရ
သည်ဟု ရိုက်တာ သတင်းက ဆိုသည်။

နအဖ အစိုးရ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး
က ရန်ကုန် အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်
တို့တွင် အမျိုးသား ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အရေးပေါ်အခြေ
အနေ ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာ့ရုပ်သံလွှင့်ရဲ့ ကြေညာချက်အရ မုန်တိုင်းဒဏ်ခံရတဲ့ တိုင်းနဲ့ပြည်နယ် ၅ ခု
ကတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်
တို့ ဖြစ်ပါတယ်။

မုန်တိုင်းဟာ ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ဖက်ကို ရွေ့လျားပြီးတော့ ၂၄နာရီ
အတွင်း ထိုင်းနိုင်ငံဖက်ကို ၀င်ရောက်သွားပြီလို့ ဆိုပါတယ်။

ရန်ကုန်တမြို့လုံးနီးပါး လုံးဝ ပျက်ဆီးသွားပြီးတော့ ဧရာဝတီတိုင်းမှာ အပျက်အ
ဆီး အသေအပျောက်များ ရှိနိုင်ကြောင်း ဧရာဝတီတိုင်းမှာ ဟိုင်းကြီးကျွန်း၊ ပုသိမ်၊
မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ကြုံမငေး၊ ဘိုကလေး၊ ချောင်းသာ၊ ငသိုင်း
ချောင်း စတဲ့မြို့နယ်များ ပါဝင်ကြောင်း ဆင်ဝှါ သတင်းအေဂျင်စီကဖော်ပြပါတယ်။