နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Sunday, August 17, 2008

ရှစ်လေးလုံးနေ့တွင် ဆန္ဒပြသူများ ထောင် ၂ နှစ်ခွဲစီချခံရ

ရှစ်လေးလုံးနှစ်၂၀ ပြည့်နေ့တွင် ချီတက်ဆန္ဒပြသူများ ထောင် ၂ နှစ်ခွဲ စီချခံရကြောင်း အတိုက်အခံပါတီခေါင်း ဆောင်တယောက်က ယနေ့ပြောကြား လိုက်သည်။ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် အီဗရာဟင်ဂမ်ဘာရီ မြန်မာပြည် သို့ မရောက်မီ ၂ ရက်အလိုတွင် ထိုသို့ စီရင်ချက် ချခံရခြင်းဖြစ်သည်။ အဆိုပါ ၅ ဦးမှာ ပြီးခဲ့သည့်အပတ်က ရခိုင်ပြည်နယ်တွင် ထိန်းသိမ်းခံရခြင်းဖြစ်သည်။

တရားမ၀င် စုဝေးပြီး၊ မငြိမ်မသက်ဖြစ်အောင် ပြုလုပ်သည် ဟူသော စွဲချက်ဖြင့် ထောင်ချခံရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးသိန်းနိုင်က ပြောပြသည်။ ၎င်းတို့သည် ရှေ့နေဖြင့် ခုခံချေပခွင့် မရခဲ့ဟု ဦးသိန်းနိုင်က ဆိုသည်။ ထောင်ချခံရသူ ၅ ဦးမှာ အဖွဲ့ချုပ် အဖွဲ့ဝင်များဖြစ်သည်။

ရှစ်လေးလုံး နှစ်လည်နေ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံရသူ စုစုပေါင်း ၄၈ အနက် အများစုက ပြန်လည်လွတ်မြောက်လာပြီး ၎င်းတို့ ၅ ဦးက ထောင်ချခံရခြင်းဖြစ်သည်။

ပြီးခဲ့သည့်အပတ်က ရခိုင်ပြည်နယ် အဖွဲ့ချုပ် ဥက္ကဌ ဦးညီပု ထိန်းသိမ်းခံခဲ့ရကြောင်း၊ မည်သည့်အတွက်ကြောင့် ထိန်းသိမ်းခံရသည်ကို မသိရကြောင်း ဦးသိန်းနိုင်က ဆိုသည်။

မိုးမခမှ