နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Saturday, September 13, 2008

ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်များကို စစ်အစိုးရ လိုက်လျော

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် တားဆီးမိန့် အယူခံဝင်နိုင် ရေးကိစ္စမှ လွဲ၍ နေအိမ် အကျယ်ချုပ် ကျခံနေရ သူတဦး ရသင့်သည့် အခွင့်အရေးများ တောင်းဆို ထားမှုကို စစ်အစိုးရက လိုက်လျော လိုက်ပြီ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။

ယမန်နေ့၌ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ရှေ့နေ ဦးကြည်ဝင်း က ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံသွားရောက် တွေဆုံခဲ့ပြီးနောက် ဦးကြည်ဝင်း၏ ပြန်လည် ပြောပြချက်အရ အန်အယ်လ်ဒီပြော ရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ထိုသို့ပြောဆို ခြင်းဖြစ်သည်။

ဦးဥာဏ်ဝင်းက “အားလုံးနီးပါး ရပြီလို့ပဲ ပြောရမှာပဲ။ ရပါတယ်ဆိုတာ နှစ်ဖက်ညှိနှိုင်း ပြီးတော့ လိုအပ် သလိုတော့ ဆောင်ရွက်ရတာပေါ့။ ကျန်သေးတာ ကတော့ အယူခံကိစ္စပဲ။ အယူခံ တရားဝင်တင် နိုင်ဖို့၊ တရားဝင် အယူခံဖို့ ဒါတွေက လုပ်နေဆဲ တန်းလန်းပါ။ ဒေါ်အောင်ဆန်းစုကြည်က အပြင်ကအစား အစာ ပြန်ပြီး လက်ခံ တော့မယ့် အနေအထားလို့ ဦးကြည်ဝင်းက ပြောပါတယ်။ ဘယ်လို လက်ခံမလဲ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ တင်မျိုးဝင်း တွေ့ပြီးရင် ရိက္ခာသွင်း ဖို့ကိစ္စတွေ အဆင်ပြေပြေ ဆောင်ရွက်နိုင်မှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အပြင်ပန်း အားဖြင့် ကောင်းမွန် ကြောင်းနှင့် လာမည့် တနင်္ဂနွေ နေ့တွင် ဒေါက်တာ တင်မျိုးဝင်းနှင့် တွေ့ရန် ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားသည် ဟုလည်း ဦးဥာဏ်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ နေထိုင်သည့် ဒေါ်ခင်ခင် ၀င်းတို့သား အမိကိုလည်း အာဏာပိုင်များက မနက် (၆) နာရီမှ ည (၆) နာရီအတွင်း လွတ်လပ်စွာ သွားလာခွင့်ကို သဘော တူလိုက် ကြောင်း သိရသည်။

အယူခံဝင်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်းတို့ ဆက်လက် ဆောင်ရွက်နေပြီး ဦးကြည်ဝင်း၏ လက်ထောက်အဖြစ် ဦးဥာဏ်ဝင်းနှင့် ဦးလှမျိုးမြင့်တို့ (၂) ဦးကို ခန့်ထားခွင့် တောင်းခံ ထားရာတွင် အာဏာပိုင်တို့က ဦးလှမျိုးမြင့်ကိုသာ ခွင့်ပြုပြီး ဦးဥာဏ်ဝင်းသည် အန်အယ်လ် ဒီပါတီ ၀င်ဖြစ်နေသဖြင့် ပါတီနှင့် မဆက်သွယ်ရ ဆိုသည့် မူလကန့်သတ် ထားချက်အရ ခွင့်ပြုခဲ့ခြင်းမရှိ ကြောင်း အန်အယ်လ်ဒီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် မူလကန့်သတ် ခံနေရသည့် တားဆီးမိန့် ဥပဒေနှင့် မဆိုင်ဘဲ ပိတ်ပင်ခံ ထားရသည့် မိသားစုထံမှ ပေးစာများ၊ မဂ္ဂဇင်းများနှင့် အီလက်ထရောနစ် ပစ္စည်းများ သွင်းယူခွင့် အပါအ၀င် ပုဂ္ဂလိက ရပိုင်ခွင့်များ ရရှိရန် ပြီးခဲ့သည့် လကတည်းက အာဏာပိုင်များထံ တင်ပြတောင်း ဆိုနေခြင်းဖြစ်သည်။

ထိုသို့တောင်းဆိုနေစဉ်အတွင်း ရှေ့နေဦးကြည်ဝင်း ကိုသာ လက်ခံတွေ့ ဆုံခဲ့ပြီး ပြင်ပ အစားအစာ ပေးပို့သည့် အ၀ယ်တော် ကိုမြင့်စိုး၊ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်၊ နအဖ ဆက်ဆံရေး ၀န်ကြီးတို့ သာမက သူမ၏ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း ကိုပါ လက်ခံတွေ့ဆုံခြင်းမပြုခဲ့ပေ။