နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Wednesday, September 24, 2008

မန္တလေးနဲ့တုတ်ကွေး

( မန္တလေး x x x ကျနော်တို့ မြို့ မန္တလေး x x x ချမ်း အေး ပူ အိုက် x x

ခြင်တွေက တအားကိုက် လို့ ၊ မောင် တင် မဆို x x x

ရွှေတချောင်းနဲ့ လမ်းမတွေမှာ ၊ မိုးရွာရင်လေနော်ဗျာ ၊ ရေတွေက များ ပေမယ့် x

သို့ပေမဲ့ ကိုယ့်မြို့ကိုတော့ လွမ်းမိတယ် လွမ်းမိတယ်ဗျို့ x x အို ရွှေ မိုး ညို x x x

ခုလို မိုးတွင်ရောက်တယ်ဆိုရင်ပဲ မိုးနဲနဲရွာလိုက်တာနဲ့ ရေနှတ်မြောင်းတွေ က ရေဆင်းမကောင်းတော့ လမ်းမတွေပေါ်မှာ ရေကလျှံတော့တာပဲ၊ နှစ်ရက် သုံးရက် နဲ့ခြောက်မသွားဘူး၊ ဟော မိုးကုန်ပြီး နေပူပြန်တော့လည်း ဖုန်မှုန့်တွေက ပေါလိုက်တာ တစ်မြိုလုံး ဘယ်လမ်းကသွားသွား စက်ဘီး၊ ဆိုင်ကယ်စီးသွားလို့ ကတော့ အိမ်ရောက်တာနဲ့ မျက်နာမှာ ဖုန်တွေကြည့်ပဲ။ တို့မန္တလေးကို ရောက်လာသမျှ တိုင်းမှုးတွေ၊ မြို့တော်ဝန်တွေကလည်း တစ်ယောက်မှ ရေနုတ်မြောင်းစနှစ်ကို ကောင်းအောင် မလုပ်တက်ကြဘူး၊ မြို့ထဲလမ်းတွေ ကလည်း ပေါက်ပြဲနေတာ ပျက်အစဉ် ပြင်ခဏခဏပဲ။ မြို့ကွက် သစ်တွေသာ တခုပြီးတခုဖေါ်ထုတ်ပြီး ရောင်းစားသွားလိုက်ကြတာ ခုဆိုရင် အရှေ့ ဖက် မကျီးအင်းရွာတို့ ကျွဲနဖားတောင်ခြေတို့တောင် မြေကွက်ရိုက်တော့မယ် ကြားတာပဲ။

အဲ ပြောချင်တာက မြေနိမ့်၊ မြေညီနေတဲ့ နေရာတွေမှာ ရေဆိုး၊ ရေညစ်တွေ ဝပ်နေပြီး ခြင်မွေးမြူရေး လုပ်ထား သလို ဖြစ်နေတဲ့ကိစ္စပဲ၊ ခြင်တွေက တဆင့် ကူးဆက်ရောကာ တွေ ပြန်ပွား နေတော့တာပေါ့။ ခုရက်ဆို အောင်မြေသာဇံမြို့နယ်မှာ အသက် ဆယ်နှစ်အောက် ကလေး တွေ သွေးလွန်တုတ်ကွေး ဖြစ်နေကြတယ်၊ အနည်းဆုံး ၅ ယောက်လောက် အသက်ဆုံးရှုံးခဲ့တယ်၊ အယောက် ၂၀ အောက်မနည်းတဲ့ ကလေးတွေ သွေးလွန် တုတ်ကွေးရောကာ ဖြစ်နေကြတယ်။ ဒါ အောင်မြေသာဇံမြို့နယ် တစ်ခုတည်းပဲ ရှိသေးတယ်၊ မန္တလေးတစ်မြို့လုံးဆိုရင် ဘယ်လောက်ရှိမယ်ဆိုတာ မှန်းကြည့် ကြပါ။ အထက ( ဂ ) မှာ ၅ တန်း ၄ တန်း အရွယ် ကလေးတွေ တစ်နှစ် တစ်ယောက် သွေးလွန်တုတ်ကွေးရောကာနဲ့ အသက်ဆုံးတာ သုံးနှစ်ဆက်တက် ရှိနေပြီလို့ ကျောင်းသားမိဘတွေ ပြောနေကြတယ်။ သီရိမန္တလာ ကားကွင်းနားက အိမ်တစ်အိမ်ကဆိုရင် မနှစ်က ကလေးတစ်ယောက်ဆုံးတယ်၊ ဒီနှစ် တစ်ယောက် ဆုံးတယ်၊ ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကပဲ သဂြိုလ်ခဲ့တယ်။ ၁၉ လမ်း၊ လက်ဖက်ရည် ဆိုင်တစ်ဆိုင်က ကလေးတစ်ယောက်ကလည့်း ပြီးခဲ့တဲ့ ရှစ်လပိုင်းတုံးက သွေးလွန် တုတ်ကွေးနဲ့ပဲ ဆုံးခဲ့တယ်။

မန္တလေး ပြည်သူ့ဆေးရုံးကြီးက ထုံးစံအတိုင်း ရောက်တာနဲ့ ပါတ်တီး၊ ဂွမ်း၊ အပ်၊ စလင်းက အစ ကိုယ့်ဖာ့သာ ဝယ်သုံးရတယ်၊ တက်နိုင်တဲ့သူ တွေကတော့ အထူးကုဆေးခန်းတွေစီကို သွားကြတာပေါ့၊ ဒါလည်း သေတဲ့ ကလေးကတော့ ရှိတာပါပဲ။ မြို့နယ် ဒေသန္တရ ကျန်းမာရေးဌာန ကလည်း ထိထိရောက်ရောက် ဘာမှ လုပ်မပေး နိုင်ဘူး၊ အာဏာပိုင်တွေကလည်း လျှစ်လျူရှုထားတာလား အမှန်တကယ်ပဲ ဘာမှမလုပ်တက်တာလားတော့မပြောတက်တော့ပါ။ ဒီတော့ ကျနော်တို့ မန္တလေးမြို့က မြို့လူထုကတော့ သွေးလွန်တုတ်ကွေးနဲ့ ပါတ်သက်လို့ ကံတရား ကိုပဲ အားကိုးနေရပါတော့တယ် ခင်များ။

ကိုမန်း