နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Wednesday, May 27, 2009

ဒေါ်စုကို ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန် သမတ တောင်းဆို

အမေရိကန် သမတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးရန် နအဖ ကို တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ကာလအတွင်း စည်းကမ်း ချိုးဖောက် တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် မရှိကြောင်းနဲ့ ဆက်လက် ဖမ်းဆီး ထိန်းသိမ်း ထားတဲ့အပေါ် ရှုတ်ချတယ် ဆိုတဲ့အကြောင်း အိမ်ဖြူတော်ရဲ့ မေလ၊ ၂၆ ရက် ထုတ် ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ အနေဖြင့် တိုင်းသူပြည်သားများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အခြားသော တိုင်းရင်းသား အဖွဲ့များနှင့် အတိုက်အခံ အဖွဲ့များအပေါ် လေးစားသမှု ပြသပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လုပ်ဆောင်နိုင်သည့် အခွင့်အလမ်း ရှိနေကြောင်း သမတ အိုဘားမားက ပြောဆို ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းအားဖြင့် အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှုကို ပြန်လည်ရရှိပြီး တိုင်းသူပြည်သားများ အတွက် ပိုမို ကောင်းမွန်သော အနာဂတ်တခုကို တက်လှမ်း နိုင်ရေး အရေးပါသော ခြေလှမ်းတခု ဖြစ်ပေလိမ့်မည်ဟုလည်း ပါရှိသည်။