နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Tuesday, May 26, 2009

မြန်မာ့အရေး စေ့စပ်ရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုကြောင်း တောင်အာဖရိက အဆိုပြု

တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာ အီဘရာဟင် အီဘရာဟင် သည် မြန်မာ သံအမတ် ဦးတင်ဦးလွင်ကို တင်္နလာနေ့က ဆင့်ခေါ်၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးညှိနှိုင်း ဆွေးနွေးမှုပြုလုပ်ရန် ကြားဝင် ကူညီပေးမည့် ကိုယ်စားလှယ် တဖွဲ့ကို စေလွှတ် လိုကြောင်း အဆိုပြု ပြောကြား ခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံဖမ်းဆီး ထားခြင်းအပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်းနှင့် ချက်ခြင်း လွှတ်ပေးရန် ထပ်လောင်းတောင်းဆို လိုက်သည်ဟု တောင်အာဖရိက နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိသည်။

တောင်အာဖရိက အနေဖြင့် မြန်မာနိုင်ငံတွင် ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားခြင်းကို မြင်တွေ့လိုကြောင်း ပြောကြား လိုက်ပြီး လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲများ ဖြစ်ထွန်းရန် ကောင်းမွန်သော နိုင်ငံရေး ရာသီဥတု ဖန်တီး စေလို သည်ဟု ပါရှိသည်။

မဇ္ဈိမမှ