နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Tuesday, May 19, 2009

မန္တလေးတိုင်း NLD လူငယ်များ အစည်းအဝေး ဆုံးဖြတ်ချက် (၁၉၊၅၊၂၀၀၉)

၁။ ။ ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်တည်ဆဲ ဥပဒေကိုမှ ကျူလွန်ခြင်း ဖောက်ဖျက်ခြင်းအလျင်း မရှိပါသဖြင့် ပုဒ်မ(၂၂)အရ တရားဆွဲဆို ထားခြင်းကို ချွင်းချက်မရှိ အမြန်ဆုံးရုတ်သိမ်း ပေးရန် ဆုံးဖြတ် သည်။

၂။ ။ ပုဒ်မ(၁၀ ခ) အရ အရေးယူခြင်း ခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်း လုဝင် လူထွက် နှင့်ပါတ်ပြီး လုံခြုံရေးတာဝန် ယူထားသော အာဏာပိုင် များတွင်သာ လုံးဝတာဝန် ရှိကြောင်း ဆုံးဖြတ်သည်။

၃။ ။ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း သမီး မ၀င်မမ တို့အား အာဏာပိုင်များမှ တရားဆွဲဆို ခြင်းသည် တရားမျှတ မှန်ကန်သည်ဆိုပါက အများပြည်သူနှင့် သက်ဆိုင်သော တရားရုံးများတွင် စစ်ဆေးရန် တောင်းဆိုသည်။