နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Tuesday, August 11, 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ချမှတ်လိုက်သည်။

ဒီနေ့ ၁၁ရက်၊သြဂုတ်လ၊၂၀၀၉ခုနှစ်တွင် အင်းစိန်ထောင်အတွင်းရှိ နအဖ အထူး တရားရုံး က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုးချုပ် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှု ကျူးလွန် သည်ဟု နအဖ အထူး တရားရုံးက ဆုံးဖြတ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက် သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းပပတို့ကို ပြစ်မှု ကျူးလွန်သည် ဟု အင်းစိန်ထောင် အတွင်းရှိ နအဖ အထူးတရားရုံး က ဆုံးဖြတ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ် ခဲ့သည်။ သို့သော် မြန်မာ့ လွတ်လပ် ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီး ဖြစ်ခြင်းအတွက် လျော့ပေါ့  ပြစ်ဒဏ် အဖြစ် ထက်ဝက် လျော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲကျခံရန် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဆုံးဖြတ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွေှ့၏ အထူး အမိန့်ကြောင့် ထောင်ဒဏ် ၃ နှစ်မှာ အကျယ်ချုပ် ၁၈ လ အဖြစ် လျှော့ချ ကျခံရခြင်း ဖြစ်သော်လည်း ကျန်ရှိသည့် ထောင်ဒဏ် ၁၈ လမှာ ဆိုင်းငံ့ ထောင်ဒဏ်အဖြစ် ရှိနေမည် ဖြစ်သည်ဟု ဆိုကြောင်း သိရသည်။ အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ကိုမူ ထောင်ဒဏ် ၇ နှစ် ကျခံရန် အမိန့်ချ လိုက်သည်ဟု ပြည်တွင်း သတင်း ရပ်ကွက်များက ပြောဆို နေကြ ပါသည်။