နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, April 23, 2010

နအဖ ခိုင်းတဲ့အတိုင်း ပြည်သူ့စစ် မဖွဲ့နိုင်ဘူးလို့ မွန်ပြည်သစ်ပြော

၂ ရက်ကြာ ကျင်းပခဲ့တဲ့ အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေးအပြီး ဒီနေ့ ညနေ ၄ နာရီက မွန်နယ်စပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောဆိုခဲ့တာပါ။
“နိုင်ငံတော်ကချပေးတဲ့ ပြည်သူ့စစ်ပုံစံကို လက်ခံ-မခံ အဖြေပေး ရမည်ဟု ဗိုလ်ချုပ်ကြီး ရဲမြင့်က ဆိုခဲ့ပါသည်၊ ဤကိစ္စနဲ့ ပတ်သက်ပြီး ၃-၈-၂ဝဝ၉ ရက်နေ့ စာအမှတ်-ဝ၅၅၁၄ ဗဟ-ဝ၉ စာပါဖြင့် အမျိုးသား အခွင့်အရေး ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ခင် စပ်ကြား တပ်ဖွဲ့များ အသွင်ပြောင်းရေး လက်ခံရန် များစွာ အခက်အခဲ ရှိပါသည်၊ တပ်ဖွဲဝင်များ မွန်မျိုးချစ် ပြည်သူများ အနေဖြင့် လက်ခံလိုသော ဆန္ဒမရှိပါ။”
မွန်ပြ့ည်သစ်ပါတီ ပြောခွင့်ရသူ နိုင်ခြေးမွန် ရှင်းလင်းသွားတာပါ။ ဒေသခံ ပြည်သူ့စစ် အသွင် မပြောင်းဘူးလို့ ဆုံးဖြတ်ခဲ့ ကြတာကို မနေ့ကဘဲ အရှေ့တောင် တိုင်းမှုးဆီ အကြောင်းကြား လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ မွန်ပြည်သစ် ပါတီ ဘက်ကတော့ ငြိမ်းချမ်းရေး ကို မပျက်ပြား လိုဘူးလို့ နိုင်ခြေးမွန်က အခုလို ဆက်ပြော ပါတယ်။
“အပစ်ခတ်ရပ်စဲရေး ရယူစဉ်က သက်ဆိုင်ရာ နိုင်ငံအကြီးအကဲမှ သဘောထား ပေးထားသည့် အတိုင်း နိုင်ငံရေး ကိစ္စများကို နောက်တက်လာမည့် ဒီမိုကရေစီ အစိုးရနှင့် ညှိုနှိုင်း ဆွေးနွေး လိုပါသည်။”
တကယ်လို့ နအဖဘက်က အတင်းအကျပ် လုပ်လာမယ်ဆိုရင် မွန်ပြည်သစ်က ပြန်တိုက်မှာလား ဆိုတဲ့ အမေးကိုတော့ နိုင်ခြေးမွန်က အခုလို ဖြေဆိုပါတယ်။
“တကယ်လို့အစိုးရက အတင်းအကျပ် ဖွဲ့စည်းခိုင်းမယ်ဆိုရင်၊ အကျပ်ကိုင် မယ်ဆိုရင်တော့ ကျနော်တို့က ကျနော်တို့ ကိုယ်ကို ပြန်လည်ပြီး ကာကွယ်တဲ့ အနေနဲ့တော့ ပြန်တိုက်တာတို့ လုပ်သွားရမှာပေါ့၊ လောလောဆယ် အနေအထား အရဆိုရင်တော့ ကျနော်တို့ အနေနဲ့ ကတော့ တချို့ ရုံးတွေကို သွားပြီးတော့ ပြောင်းရွေ့ ထားပါတယ်။”
ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ဖါးအံ မြဝတီ ရေး စတဲ့ မြို့အသီးသီးက မွန်ပြည်သစ် ပါတီရုံးတွေကို ပိတ်ထားလိုက်ပြီး ပြောင်းရွေ့ တာတွေလဲ လုပ်ပြီးပြီလို့ သိရှိရပါတယ်။

ဒီဗွီဘီရေဒီယိုမှ