နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Sunday, September 11, 2011

“တောသားက တောသူကို မတရားလှည့်ဖြားသတင်း”


ဒီဘလော့လေးလည်း မအားတာနဲ့ ပြစ်ထားတာ အတော်ကြာနေပြီ အခုတော့ နည်းနည်း အချိန်ရတာနဲ့ ပြောချင်တာလေး ရေးလိုက်ပါဦးမယ်။

၁၉၉၀ ကျော် နွေရာသီတနေ့မှာ သူရိယ ဦးသန်းမောင် ရေးတဲ့ စာအုပ်လေး တအုပ် ဖတ်ခဲ့ဖူးတာကို သွားသတိရမိတယ်။ သိပ်တော့ မမှတ်မိတော့ဘူး ဆောင်းပါးတိုလေးတွေကို စုထတ်ထားတဲ့ စာအုပ်ထင်တာပဲ။ အဲဒီစာအုပ်ထဲက ဆောင်းပါးလေးတပုဒ်က မန္တလေး ရတနာပုံ သတင်းစာမှာ ဖေါ်ပြခဲ့ဖူးတဲ့ “တောသားက တောသူကို မတရားလှည့်ဖြားသတင်း” ဆိုတဲ့ သတင်းကို ပြန်တွေးမိတယ်။ ဒါနဲ့ အွန်လိုင်းပေါ် တွေ့လိုတွေ့ငြား လိုက်ရှာကြည့်တော့ မူရင်း သတင်းပိုင်ရှင်က ရတနာပုံ သတင်းစာဆရာကြီး ဘိုးဝဇီရလို့ အွန်လိုင်း မန္တလေးဂေဇတ်က ဆိုပါတယ်။

သတင်းခေါင်းစဉ်က “တောသားက တောသူကို မတရားလှည့်ဖြားသတင်း” တဲ့---

ငါငယ်ငယ်ခိုက်ကယ်က
မိုက်မိတယ် စောကြွယ်ရယ်--
ဒွေးလေးရဲ့တူ ငသာမြတ်ကယ်နှင့်
သနပ်ကန်တောင်ယာထဲမှာ
ကျွဲကျောင်းရတယ်
အိုလေး အဝေး---

တကျော့တမော့ အကျွန်ကန်တော့ပါရဲ့
အပေါ့အလေးများ သည်တွင်းသွားရင်ဖြင့်
တောဖျားကနတ် ဖမ်းစားတတ်သည်
ငသာမြတ် သူကပြောသောအခါ
တော့ထဲမှာ စောကြွယ်ရယ်
တကယ်လေ ငါယုံမိသေး---

တကျော့တမော့ အကျွန်ကန်တော့ပါရဲ့
အပေါ့ပေါက်ရန် အိမ်ကိုပြန်လျှင်
နင့်ထံတွင်တဲ့ ငါ့ဟာကို
တဆိတ်စာ ပါးလိုက်ပါရစေတဲ့
တကယ်ပါ အေရယ်
ငသာမြတ် နှစ်ခါတွယ်
သက်နှစ်ဆယ် အရွယ်ရှိကာမှ
ငါသိတယ်လေး---။