နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Thursday, March 20, 2008

ခံစားရသမျှ ဝေငှပါသည်

သရဲ

တစ္တေခြောက်ရင် ဣတိပိတောရွတ်၊
သရဲခြောက်ရင် သမ္ဗုဒ္ဓေရွတ်၊
သရဲကို ဣတိပိတောမလုပ်နဲ့
ဣတိပိဆို၊ တောဘဂဝါလို့ ပြန်ရွတ်သတဲ့။
ကလေးပုံပြင်
မှောင်ရီပြပြ၊ အမေ့ နားမှ ကြားခဲ့ဖူးတယ်။ ။

ဒီနေု့တော့
ဆူးလေနဲအနော်ရထာ ဒေါင့်မှာ။
ဂုဏ်တော်၉ပါး မရ၊
သမ္ဗုဒ္ဓေဂါထာလည်းမရ။
လူထုကမေတ္တာပို့ မရ၊
သံဃာတော်တွေပရိတ်ရွတ်လို့လည်းမရ။
ခြောက်လှန့်ရုံသက်သက် မဟုတ်
လူတွေရဲ့ဝိဉာဉ်ကိုပါနှုတ်ယူနေတဲ့
အဲဒီသရဲစိမ်းတွေကို
ဘာနဲ့ တောထုတ်ရမှာလဲ အမေ။ ။

ကြယ်စင်လတ်( ၂၇၊၉၊၂၀၀၇ )