နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Monday, April 14, 2008

ဟဒယနှင့် တွေ့ထိဖူးသောအကြောင်းအရာများ(၁)

..................လူမှုအရင်းသစ် သို့မဟုတ် လှသောဂိမ်း................

အများပိုင် အရင်းအမြစ်

လူ့အဖွဲ့အစည်းတွင် လူအများခွဲဝေသုံးစွဲရသော အရင်းအမြစ်များရှိသည်။စားကျက်
မြက်ခင်း၊ ငါးဖမ်းရာရေပြင်၊ သစ်တော၊ သောက်သုံးရေ စသည်တို့ဖြစ်သည်။ ဤ
သည်တို့ကိုခြုံငုံ၍ “ အများပိုင် အရင်းအမြစ်များ ” ( Common pool resources )
ဟု ခေါ်ပါသည်။ ပြောရလျှင် ဤသို့သော အများပိုင်အရင်းအမြစ်များကို ခွဲဝေသုံး
စွဲရေးမှာ ပြဿနာအလွန်ကြီးနိုင်သော ကိစ္စဖြစ်သည်။ သမိုင်းတွင်အများပိုင်အရင်း
အမြစ်များအဝေမတည့်ရာမှ ဖြစ်ပွားရသော စစ်ပွဲများပင် မနည်းမနော ရှိခဲ့ဖူးသည်။ သို့အတွက်လူမှုဗေဒပညာရှင်“ဂါရက်ဟာဂင်”ကအဆိုပါအများပိုင်အရင်းအမြစ်များ
နှင့်ပတ်သက်ပြီး“ အများပိုင်အလွမ်းဇာတ်များ ” (tragedy of the commons) ကို
မွေးထုတ်ပေးသည့်ရေခံမြေခံဟု ဆိုခဲ့ခြင်းဖြစ်သည်။
.......သို့ဖြင့် အများပိုင် အလွမ်းဇာတ်များကို ကာကွယ်တားဆီးနိုင်ရန် အတွက်
ထက်အောက်ဖွဲ့စည်းပုံမှလာသော သတ်မှတ်ပြဋ္ဌာန်းချက်များကို အသုံးပြုရသည်
များရှိလာသည်။ သူ့အလိုလိုပေါ်ထွက်လာသော လူမှုအရင်းတခုတည်းနှင့် ဖြေရှင်း
ရန်မလွယ်၍ ဥပဒေအမိန့် အာဏာများဖြင့် ကန့်သတ်ရသည့်သဘော ဖြစ်ပါသည်။
သို့နှင့်တိုင် ဤသို့သောအပြုအမှုမျိုးကို တစ်ခုတည်းသေနည်းလမ်းအဖြစ် ကျင့်သုံး
လိုက်လျှင်မှု အမှန်ပင်ပြဿနာရှိနို်င်ပါသည်။ ဆိုဗီယက်ယူနီယံလက်တွေကျင့်သုံးခဲ့
သော စီမံကိန်းစီးပွားရေးစနှစ်ပြိုကျခဲ့ရသည်မှာ ဤသဘောဖြစ်ပါသည်။ ဆိုဗီယက်
အစိုးရက လူ့အဖွဲ့အစည်းတစ်ရပ်လုံးရှိ ကုန်ထုတ်အရင်းအနှီးအားလုံးကို အများပိုင်
အရင်းအမြစ်အဖြစ် သဘောထားလိုက်သည်။ ထို့နောက်နိုင်ငံတော်က တိုက်ရိုက်
ချုပ်ကိုင်ပြီး အမိန့်ပေးစနှစ်နှင့် စီမံခန့်ခွဲခဲ့သည်။ အကျိုးဆက်မှာ စီမံကိန်းစီးပွားရေး
စနစ်သာမက နောက်ဆုံးဆိုဗီယက်ယူနီယံတစ်ခုလုံးပါ ပြိုကျခဲ့ရသည်အထိ အခြေ
အနေဆိုးခဲ့ရသည်။
.......ဤတွင် ဘောဂဗေဒပညာရှင်များက ထက်အောက်ဖွဲ့စည်းပှံနှင့် မဆိုင်သော အခြားနည်းလမ်းများဖြင့် အများပိုင်အရင်းအမြစ်များကို စီမံခန့်ခွဲနိုင်ရန် နည်းလမ်း
ရှာကြံခဲ့ကြသည်။ အဆိုပါ ဘောဂဗေဒပညာရှင်များအနက် “ ရောဘတ်အယ်လစ်
ဆင် ”မှာထင်ရှားသူတစ်ဦးဖြစ်သည်။ သူက အထက်မှအောက်သို့လာသော အမိန့်
ပေးပုံစံမဟုတ်ဘဲ၊ အောက်မှအထက်သို့လာသောအများညီ နှုံန်းစံများဖြင့် ထိန်းနိုင်
စရာရှိသည်ဟု အဆိုပြုခဲ့သည်။ သူ့အဆိုပြုချက်အတွက် အယ်လစ်ဆင် သာဓက
တင်ခဲ့သည်မှာ ၁၉ရာစုအမေရိကန် ဝေလငါးမုဆိုးများ၏ အတွေအကြုံများပင်ဖြစ်
သည်။ မုဆိုးသင်္ဘောတစ်စင်းက ဝေလငါးတစ်ကောင်ကို မှိန်းနှင့်မိမိရရထိုးလိုက်မိ
သည်။ သို့သော် ဝေလငါးမသေ လွတ်ထွက်သွားသည်။ အခြားမုဆိုး သင်္ဘောတစ်
စင်းက ထိုဒဏ်ရာရဝေလငါးကို အလွယ်တကူဖမ်းမိသွားသည်။ ဤတွင်အငြင်းပွား
စရာဖြစ်လာတော့သည်။ ဝေလငါးကို မည်သည့် သင်္ဘောပိုင်သင့်သနည်း။ နောက်
ဆုံး ဝေလငါးမုဆိုးအားလုံး ညှိနှိုင်းဆွေးနွေ၍ အများညီစည်းမျဉ်းစည်းကမ်းများ
သတ်မှတ်နိုင်ခဲ့ကြသည်။
.......ဤအတွေ့အကြုံက ဘာကိုဖေါ်ပြလိုက်သနည်းဆိုလျှင် လူမှုအရင်ကို ညှိ
နှိုင်းဆွေးနွေးမှုမှတစ်ဆင့် ရနိုင်စရာရှိသည်ဆိုသော ကောက်ချက်ဖြစ်ပါသည်။ အ
ကျိုးစီးပွားချင်းမတူသောလူများ၊လူမှုအုပ်စုများကြား“ကြားအဖြေ”(compromise)
တစ်ခု ရစေသည့် ဖြေရှင်းနည်းဖြစ်သည်။ ဤသဘောကို သင်္ချာသရုပ်ခွဲပညာနှင့်
ဆက်စပ်ပြီး အဓိပ္ပာယ်ဖွင့်လိုက်ရာ နာမည်ကျော် “ ဂိမ်းသီအိုရီ ”(Game Theory)
ဖြစ်ပေါ်လာပါသည်။

အကျဉ်းသားအကျပ်

.......လူသည် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရသော လူမှုရေး သတ္တဝါဖြစ်
သည့်တိုင် လူတွင် ပုဂ္ဂလိကအကျိုးစီးပွားလည်း အမှန်ပင်ရှိနေပါသည်။ သို့ဖြင့်လူမှု
အုပ်စု တစ်ခုအတွင်းမှာပင် အကျိုးစီးပွားခြင်း ထွေးရောယှက်တင် ဖြစ်နေရတော့
သည်။ ဤပြသနာကို ဖြေရှင်းနိုင်ရန်အတွက် ရှေးဟောင်း ကွန်မြူနတီခေတ်က
“ ဆွေမျိုးသားချင်း ” ဆက်ဆံရေးကို သုံးခဲ့ကြသည်။ ယခု ကွန်မြူနတီခေတ်သစ်
တွင်မှု “ အပြန်အလှန်အကျိုးပြုရေး ” ( reciprocal altruism) အတွက်နည်းလမ်း
ရှာဖွေခဲ့ကြသည်။ ဂိမ်းသီအိုရီမှာ အပြန်အလှန် အကျိုးပြုရေးကို ရှေးရှု့သော နည်း
နာတခုဖြစ်ပါသည်။
.......ဂိမ်းသီအိုရီ၏အလိုအရ အခြေခံလူမှုဆက်ဆံရေး ပုံစံနှစ်မျိုးရှိသည်ဟု ဆို
သည်။ “ သူသေ ကိုယ်ရှင်ဆက်ဆံရေး ” (Zero Sum Game)နှင့် “ သူမနာ ကိုယ်
မနာဆက်ဆံရေး ”(Non-Zero Sum Game)တို့ဖြစ်သည်။ သူသေကိုယ်ရှင် ဆက်
ဆံရေးမှာ အရှုံးအနိုင် အဖြေထွက်ရာ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အကြွင်း
သုညသာဖြစ်၍ အကျိုးမများနိုင်ပါ။ ဆွေမျိုးသားချင်းဆက်ဆံရေးနှင့် ထက်အောက်
ဖွဲ့စည်းပုံမှလာသော ဖြေရှင်းနည်းများမှာ ဤဆက်ဆံရေးတွင် အကျုံးဝင်သည်။
သူမနာကိုယ်မနာ ဆက်ဆံရေးသည်သာ ပါဝင်ပတ်သက်သူ အားလုံးအတွက်
“ မျှော်လင့်တန်ဘိုး ” (expected value) မရသည့်တိုင် “ မူလအခြေအနေထက်
ပိုကောင်း ” (better off)နိုင်၍ လူ့အဖွဲ့အစည်းအတွက် အကျိုးများနိုင်စရာရှိသည်။ ဤသို့သောဆက်ဆံရေးပုံစံဝင်စေရန် ပါဝင်ပတ်သက်သူအားလုံး ညှိနှိုင်း၍ ကြားအ
ဖြေတခု ရှာရမည် (bargain and compromise) ဟု ဆိုပါသည်။
..ဤသဘောကို ထင်ရှားစေရန် ဂိမ်းသီအိုရီက “ အကျဉ်းသား အကျပ်အတည်း ”
(Prisoner’s Dilemma) ဆိုသော အယူအဆဖြင့် ဤသို့ရှင်းပြသည်။
.......နှစ်ကြီ်းအကျဉ်းသားနှစ်ဦးဖြစ်သော A နှင့် B သည် ထောင်ဖောက်ပြေး ရန် နှစ်ဦးသဘောတူ ကြံစည်ခဲ့ကြသည်။ သူတို့အကြံကို ထောင်ပိုင်ကြီးကရိပ်မိ၍ တစ်
ယောက်စီခွဲတိုက်ပိတ်ကာ၊ သီးခြားစီ စစ်ဆေးသည်။ A နှင့် B မှာ ထောင်လက်
ကောက်များဖြစ်ရာဥပဒေကိုအရည်ကျိုသောက်နိုင်သူများပီပီ ဖြောင့်ချက်ပေးလိုက်
လျှင် မည်မျှထိပြစ်ဒဏ်ကျနိုင်သည်၊ မပေးဘဲနေလျှင် ဘာဖြစ်နိုင်သည်ကို တွက်ဆ
နိုင်သူများဖြစ်သည်။ နှစ်ယောက်စလုံးဖြောင့်ချက် ပေးလိုက်လျှင် ထောက်ဒဏ်(၄)
နှစ်စီကျနိုင်သည်။ နှစ်ယောက်စလုံးဖြောင့်ချက် မပေးလျှင်မှု(၃)နှစ်သာ ကျနိုင်စရာ
ရှိသည်။ အကယ်၍ A ပေးပြီး B က မပေးလျှင် B အတွက်ပို၍နာမည်။ (၁၂)နှစ်ထိ
ဖြစ်သွားနိုင်သည်။ A အတွက်မှု (၂)နှစ်မျှနှင့် ကိစ္စပြီးနိုင်သည်။ အလားတူ A က
ဖြောင့်ချက်မပေးဘဲ B ကပေးလိုက်လျှင် A က (၁၂)နှစ် B က(၂)ဖြစ်လိမ့်မည်။
..ပို၍ရှင်းလင်းစေရန် သူတို့နှစ်ယောက်ကျနိုင်စရာရှိသည့် ထောင်ဒဏ်အသီးသီးကို
အောက်ာပါအတိုင်း ဇယားနှင့် ဖေါ်ပြပါမည်။ (ဂဏန်းနှစ်လုံးတွဲ၍ ဖေါ်ပြထားရာ
ရှေဂဏန်းမှာ A အတွက်၊ နောက်ဂဏန်းမှာ B ဟုနားလည်ကြပါရန်)

...........................................B
............................ဖြောင့်ချက်ပေး ဖြောင့်ချက်မပေး
.A.........ဖြောင့်ချက်ပေး ...... ၄ , ၄....၂ , ၁၂
...........ဖြောင့်ချက်မပေး.... ၁၂ , ၂....၃ , ၃


.......သူတို့နှစ်ယောက်လုံး လိုချင်သည်မှာ အနည်းဆုံးပြစ်ဒဏ်(၂)နှစ်ဖြစ်ပါလိမ့်
မည်။ (၂)နှစ်သည် နှစ်ယောက်စလုံး၏ “ မျှော်လင့်တန်ဖိုး ”ဖြစ်သည်။ ဤအတွက် နှစ်ယောက်လုံး ဖြောင့်ချက်ပေးလိုက်လျှင် (၄) နှစ်စီဖြစ်သွားနိုင်သည်။ အကယ်၍ တစ်ဦးကိုတစ်ဦး ယုံကြည်မှုဖြင့် ဖြောင့်ချက်မပေးဘဲ တင်းခံ နိုင်လျှင် (၃)နှစ်စီသာ
ကြလိမ့်မည်။ (၄)နှစ်ထက်စာလျှင်(၁)သက်သာ၍ “မှုလခြေအနေထက်ပိုကောင်း” သည်ဟုဆိုနိုင်သည်။နှစ်ယောက်လုံးအတွက် ကျေနပ်သင့်သောအဖြေဖြစ်ပါသည်။ သို့နှင့်တိုင်သူတို့နှစ်ဦးမှာ တွေ့ဆုံညှိနှိုင်းခွင့်မရ၍ အဖြေမှာ အမျိုးမျိုးဖြစ်သွားနိုင်
သည်။ အကယ်၍ တွေ့ဆုံညှိနှိုင်းခွင့်သာရလျှင် နှစ်ယောက်လုံးဖြောင့်ချက်မပေးဘဲ ငြင်းကြဘို့များပါသည်။
.......ဤတွင် ပုံပြင်ကပေးသော သင်ခန်းစာများကို ဤသို့စာရင်းချပြနိုင်သည်။
၁။ တွေဆုံညှိနိုင်းခွင့်သာရလျှင် နှစ်ယောက်လုံးအတွက် အကောင်းဆုံးအဖြေ
ရပါလိမ့်မည်။
၂။ ပါဝင်ပတ်သက်သူများအကြားတွင် အပြန်အလှန် ယုံကြည်မှုရှိဖို့ အထူးအရေး
ကြီးပါသည်။ (ယုံကြည်မှု့မရှိလျှင် အားလုံးပို၍ နစ်နာနိုင်သည်)
၃။ ပါဝင်ပတ်သက်သူအားလုံး ကြိုတင်တွက်ဆနိုင်စွမ်း ရှိဖို့လိုပါသည်။ (ပညာအ
ခြေခံ ရှိဖို့လိုသည်)
၎။ မျှော်လင့်တန်ဖိုးကို အသေဆုပ်ကိုင်မထားဘဲ မှုလအခြေအနေထက်ပိုကောင်း
လျှင်ပင် ကျေနပ်သင့်သည်။
.......ဤသည်ပင် ဂိမ်းသီအိုရီက အကြံပြုလိုက်သော လူမှုအရင်း ဖန်တီး တည်
ဆောက်နိုင်ရေး ဗျူဟာတစ်ခု ဖြစ်ပါသည်။ ယခုအခါ တိုင်းပြည်တစ်ခုချင်း၏စီးပွား
ရေး၊ နိုင်ငံရေးသာမက နိုင်ငံတကာရေးရာများတွင်ပါ တွင်တွင်ကျယ်ကျယ်ကျင့်သုံး
နေသော ဗျူဟာတစ်ခုလည်း ဖြစ်သည်။

အကန့်အသတ်များ

.......စက်မှုတော်လှန်ရေးမတိုင်မီ လူမှုအရင်းမှာ ထက်အောက်ဖွဲ့စည်းပုံ နှင့်
မဆိုင်ဘဲ သူ့အလိုလိုပေါ်ထွက်လာသည်(Spontaneity)ကများပါသည်။သို့နှင့်တိုင် သူ့အလိုလိုပေါ်ထွက်လာသည့်နှုန်းစံများမှာ အကန့်အသတ်တစ်ခု အတွင်းတွင်သာ အသုံးတဲ့ရှင်သန်နိုင်စရာ ရှိသည်။ အကန့်အသတ်များ တရစပ်ကျိုးပေါက်နေသော ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွက် အခါခပ်သိမ်း ဆီလျှော်လိမ့်မည် မဟုတ်ပါ။
လူမှုဗေဒပညာရှင် “ အယ်လီနာ အော့စတွမ်” က ကြုံတွေနိုင်စရာရှိ သော အကန့်အသက် အချို့ကို ဤသို့ရေတွက်ပြပါသည်။

၁။ အရွယ်ပမာဏ (Size)
....မည်သည့်အဖွဲ့အစည်းတွင်မဆို အချောင်သမားများ ရောပါနေတက်သည်
သာ ဖြစ်သည်။ အကယ်၍ အရွယ်အစားငယ်သောအဖွဲ့အစည်းဆိုလျှင် ပြသနာမရှိ
လှပါ။ ဆရာဝန်အနည်းငယ်ပေါင်းဖွင့်ထားသောဆေးခန်းသို့မဟုတ် ရှေ့နေအချိုဖြင့် စုစည်းထားသော ဥပဒေအကျိုးဆောင်အဖွဲ့မျိုးတွင် အဖွဲ့ဝင်တစ်ဦးဦး အချောင်ခိုနေ
သည်ကို အလွယ်နှင့်သိနိုင်ပါသည်။ သို့နှင့်တိုင် အလုပ်သမား ထောင်နှင့်ချီအလုပ်
လုပ်ကြသော စက်ရုံမျိုးတွင်အချောင်သမားကို ရှာဖွေဖေါ်ထုတ်ဖို့ လွယ်လိမ့်မည် မဟုတ်တော့ပါ။ သို့အတွက် အရွယ်ပမာဏမှာ အကန့်အသတ်တစ်ခုဖြစ်နေတော့
သည်။ ကမ္ဘာနှင့်ချီ၍အလုပ်လုပ်ကြရသော ကော်ပိုရေးရှင်းကြီးများအတွက် အလုပ်
ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြဘို့ဖြစ်ပါသည်။

၂။ အဖွဲ့အစည်း စည်းဝိုင်း (Boundaries)
.......အဖွဲ့အစည်းစည်းဝိုင်း ပီပီပြင်ပြင်ရှိလျှင် ပြသဿနာမရှိပါ။ ဤသို့မဟုတ်ဘဲ
ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်ဖြစ်နေသော အဖွဲ့အစည်းဆိုလျှင် ဒုက္ခပေး
မည့်သူများ အချိန်အရွေး ဝင်ရောလာနိုင်ပါသည်။ သို့အတွက် အဖွဲ့အစည်း စည်း
ဝိုင်း ပီပီပြင်ပြင် ရှိ မရှိမှာလည်း နောက်ထပ်အကန့်အသတ် တစ်ခုဖြစ်ပါသည်။ ရေ
ကြည်ရာမြက်နုရာ ရွေ့ပြောင်းနေထိုင် လုပ်ကိုင်ကြသော ဂလိုဘယ်စီးပွားရေးခေတ်
တွင် အလုပ်ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြဘို့ ဖြစ်ပါသည်။

၃။ ထပ်ကျော့တုံ့လှယ်မှု (Repeated Interaction)
.......လူမှုရေးအရ ရွေ့ပြောင်းနေထိုင်မှုမရှိဘဲ ပြင်ပကမ္ဘာနှင့် အဆက်အစပ် မရှိ
သော အဖွဲ့အစည်းမျိုးဆိုလျှင် ပြသနာမရှိလှပါ။ မိမိတို့အချင်းချင်း တုံ့ပြန်ဆက်ဆံမှု
များနှင့်သာ ထပ်ကျော့ရင်ဆိုင်ရ၍ အလိုလိုဖြစ်တည်နေသော နှုန်းစံများနှင့် လုံ
လောက်နိုင်ပါသည်။ တောင်ပေါ်ကျေးရွာများ၊ အမဲလိုက်အဖွဲ့မစည်းများမှာ ဤ
သဘောပင်ဖြစ်သည်။ ခက်နေသည်မှာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် မည်
သည့်အဖွဲ့အစည်းမှ အထီးကျန်ဘဝဖြင့် မလုံခြုံနိုင်တော့ခြင်းပင်။

၎။ ဘုံဓလေ့စရိုက် (Common Culture)
.......“ ဓလေ့စရိုက်တိုက်ပွဲ ” (clash of cultures)မှာ ဂလိုဘယ်လိုက်ဇေးရှင်း၏ စိန်ခေါ်ချက်တစ်ခု ဖြစ်ပါသည်။ ဓလေ့စရိုက်တစ်ခုတည်းရှိသော လူများနှင့်ဖွဲ့စည်း
ထားလျှင် ပြဿနာမရှိနိုင်သော်လည်း၊ ဓလေ့စရိုက်မျိုးစုံ ထွေပြားလာလျှင် ယုံ
ကြည်မှုဝင်ရိုး ပွန်းပဲ့တိုက်စားခံနိုင်စရာ ရှိပါသည်။

၅။ ပါဝါနှင့်တရားမျှတမှု (Power and Justice)
.......တရားဝင် သတ်မှတ်ပြဌာန်းထားခြင်းမရှိသော နှုန်းစံများမှာ အဖွဲ့အစည်း
တစ်ခု၏ ယုံကြည်မှုဝင်ရိုးကိုမှု ခိုင်မာနိုင်စရာ ရှိပါသည်။ သို့နှင့်တိုင် အခြားအဖွဲ့
အစည်းတခုကိုမှု ဓန၊ ပညာ၊ ကျွမ်းကျင်မှု၊ စစ်အင်အား စသောပါဝါများဖြင့်လွမ်းမိုး
ချုပ်ကိုင်လိုသည့် တိမ်းညွှတ်မှုများလည်း ရှိတက်သည်။ တရားမျှတမှုရှု့ထောင့်မှ
ကြည့်လျှင် မဖြစ်သင့်ပါ။ အထူးသဖြင့် ကမ္ဘာလုံးချီ လှုပ်ရှားဆောင်ရွက်ရသော
ကာလမျိုးတွင် ပဋိပက္ခမျိုးစုံကို ဖန်တီးရာ ရောက်နိုင်ပါသည်။
.......ဤသို့သော အကန့်အသတ်များရှိနေ၍ လူမှုအရင်း တည်ဆောက်ရေးကို ရှေးယ္ခင်ကလို အလိုလိုဖြစ်ပေါ်မှုတစ်ခုတည်းအားကိုးရုံမျှနှင့် မလုံလောက်တော့ပါ။ တရားဝင်သတ်မှတ်ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများနှင့် ထိန်းသိမ်းဖို့လို
ပါသည်။ ထို့ထက်ဂိမ်းသီအိုရီလို တီထွင်ဖန်တီးမှုမျိုးဖြင့်လူမှုအရင်းကို အားဖြည့်နိုင်
ဖို့လည်း အရေးကြီးပါသည်။ မည်သို့ပင်ဆိုစေ၊ ပတိရူပ လူ့အဖွဲ့အစည်းတစ်ရပ်
တည်ဆောက်ရာတွင် “ လူမှုအရင်း ”မှာ အခြေခံအုတ်မြစ်သဘောဖြစ်နေရာ၊ လူမှု
အရင်း သန်စွမ်းရေးသည်ပင် သော့ချက်အကျဆုံး ပေါ်လစီပြဿနာဟု ဆိုနိုင်လိမ့်
မည် ထင်ပါသည်။