နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Tuesday, April 22, 2008

မြန်မာအကျဉ်းသားများ မလေးထောင်ကို မီးရှို့

အေအက်ဖ်ပီသတင်းဌာန
၂၁၊ ဧပရယ်၊ ၂၀၀၈

ထိန်းသိမ်းရေးစခန်းရှိ မြန်ပြည်သားများကို စောင့်ကြည့်နေသော လုံခြုံရေးတပ်ဖွဲ့ ဝင်များ

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတစ်ခုတွင်အကျဉ်းကျနေသောမြန်မာပြည်သား
အနည်းဆုံး ( ၆၀ )သည် တတိယနိုင်ငံသွားရောက်ခိုလှုံရန် ငြင်းပယ်ခံရကြောင်း
သိရသဖြင့် ယနေ့ ဆူပူအုံကြွပြီ အဆောက်ဦးတစ်ခုကို မီးရှို့ခဲ့ကြသည်။
ဆူပူသူများက စခန်းတစ်နေရာတွင် စုဝေးပြီး ခြံစည်းရိုးသံဇကာကို ဖြိုလှဲရန်
ကြိုးစားခဲ့ကြောင်း ဒေသခံရဲအရာရှိ အိုစမာအဗဒူလာ ကို ကိုးကားပြီး ဒေလီးစတား
သတင်းစာအင်တာနက်စာမျက်နှာတွင် ဖေါ်ပြထားသည်။
တာဝန်ရှိသူ အာဏာပိုင်တို့က ငှင်းတို့ကို ဆွေးနွေးရန် ကြိုးစားခဲ့ကြောင်း သို့သော်
လည်း ငှင်းတို့က အကြမ်းဖက်ဆူပူခဲ့ပြီး ရုံးခန်းအတွင်းသို့ဝင်ရောက် မီးရှို့ခဲ့ကြောင်း
အရာရှိက ရှင်းပြသည်။
အခြေအနေကို ထိန်းသိမ်းနိုင်ရန် လုံခြုံရေးတပ်သား ၂၀၀ ခန့် တာဝန်ချလိုက်သည်
ဟု ဆိုသည်။
အဆိုပါစခန်းတွင် တရားဝင်စာရွက်စာတမ်းမရှိသော ပြည်ပအလုပ်သမား ၈၂၀ ကို
ထိန်းသိမ်းထားပြီး ၂၁၈ ဦးမှာ မြန်မာပြည်သားများဖြစ်သည်ဟုဆိုသည်။
“ အမှုကို စုံစမ်းနေတုန်းပဲ၊ အခုချိန်မှာပြောနိုင်တာကတော့ ဒီလူတွေဟာ တတိယ
နိုင်ငံတစ်ခုခုကို သွားရောက်နေထိုင် ခိုလှုံခွင့်လျှောက်ထားတာ ပယ်ချခံရလို့ စိတ်
မချမ်းမသာ ဖြစ်နေကြတယ်ဆိုတာပါပဲ” ဟု အရာရှိက ဆက်လက်ပြောပြသည်။
ထိန်းသိမ်းရေးစခန်း တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။