နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Wednesday, April 30, 2008

မန္တလေးမစိုးရိမ်တိုက်ဟောင်း တိုက်အုပ်ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျလွန်တော်မူ

သာသနမောဠိ နာယက မစိုးရိမ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူ
မိုးမခ အထောက်တော် ၀၀၁
ဧပြီ ၂၉၊ ၂၀၀၈


သက်တော် ၈၁ ရှိပြီဖြစ်သည့် မစိုးရိမ်ဆရာတော် ဦးကောဝိဒ သည် ယနေ့ နေ့ခင်း၊
နယူးယောက်စံတော်ချိန် ၁ နာရီ ၇ မိနစ်ခန့်က ဘ၀နတ်ထံပျံလွန်တော်မူပြီဖြစ်
ကြောင်း ကြားသိရသည်။ ယနေ့နံနက်က နှလုံးရောဂါဝေဒနာဖြင့် ဆေးရုံသို့ အမြန်
တင်ပို့ခဲ့ရကြောင်း၊ ထိုနောက် ဆေးရုံတွင်ကုသမှုများဆောင်ရွက်နေစဉ် ငြိမ်းချမ်းစွာ
ဖြင့် ခန္တာဝန်ချတော်မူသည်ဟု ဆရာတော်ကြီး၏ဝေယျဝစ္စအနီးကပ်ဆောင်ရွက်ပေး
သူ ဦးတင်မျိုးအောင်က ပြောကြားခဲ့သည်။

ယမန်နေ့က နယူးယောက် သာသနမောဠိအဖွဲ့ချုပ် ခန်းမဖွင့် အခမ်းအနားကိုလည်း
ကြွရောက်ပြီး တရားချီးမြှင့်ခဲ့သေးကြောင်း၊ သက်တော်ကြီးရင့်ပြီး ကျန်းမာရေး
ချို့ယွင်းနေသည့်ကြားက သာသနာ့ အန္တရာယ်ကို ကာကွယ်ရန်၊ သံဃာတော်များကို
စောင့်ရှောက်ရန်အတွက် အထူးလုံလပြုတော်မူပြီး ဆရာတော်ကြီးသည် သာသန
မောဠိ - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်ကို မနေမနား
ဦးဆောင်မှုပေးခဲ့ကြောင်း၊ သာသနမောဠိအဖွဲ့ချုပ်ကဆရာတော်တပါးဖြစ်သူ
ဦးပညာနန္ဒက မိုးမခသို့ ပြောကြားသည်။
ဆရာတော်ကြီး၏ အန္တိမဈပန ကိစ္စအ၀၀ ဆောင်ရွက်နိုင်ရန် သာသနမောဠိ ဥက္ကဌ
ဆရာတော် ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသနှင့် အတွင်းရေးမှူးဆရာတော်
ဦးဥတ္တရတို့သည် ယခု နယူးယောက်သို့ လာရောက်ကြမည်ဖြစ်ကြောင်း ၎င်းက
ဆိုသည်။

ဆရာတော်ကြီးနောက်ဆုံးကြွရောက်ချီးမြှင့်ခဲ့သော သာသနမောဠိအဖွဲ့ချုပ်ခန်းမဖွင့်
ပွဲတွင် ဆရာတော်ဘုရားကြီးက အခုသာသနမောဠိခန်မကြီးကို ရုံးခန်းအဖြစ်မမှတ်
ယူစေလိုကြောင်း၊ သံဃာတော်များ သာသနာ့အရေး ကာကွယ်ရေး စုဝေးညီညာ
ဆောင်ရွက်ရာဖြစ်တဲ့အတွက် "ညီမူရာ" ခန်းမလို့အမည်ပေးစေလိုကြောင်း၊ မိမိတို့
သံဃာတော်တွေက သာသနာ့အန္တရာယ်ကို ကာကွယ်ဖို့၊ မြန်မာပြည်မှာ သာသနာ
ထွန်းကားဖို့လုံလထုတ်ဆောင်ရွက်နေတာဖြစ်လို့ အခြားလူမှုရေး၊နိုင်ငံရေးလှုပ်ရှားမှု
များ အဖွဲ့အစည်းများနဲ့လည်းမရောထွေးကြစေလိုကြောင်း၊သံဃာ့ဂုဏ်တော်များကို
အခြားတပါးသူများက ဂုဏ်ချင်း ယှဉ်ကြ၊ ပြိုင်ကြတာမျိုးကိုလည်း လက်မခံကြစေ
လိုကြောင်း၊ သံဃာသတ်တဲ့စစ်အစိုးရချမှတ်ပေးနေတဲ့ အခြေဥပဒေမူကြမ်းမကလို့
ဘယ်လမ်း ဘယ်စခန်းကိုမှ နောက်က လိုက်ပါဆွေးနွေးပြောဆိုနေစရာ မလိုဘဲ
လုံးဝပယ်ချ ကန့်ကွက်ပြီးဖြစ်တယ်လို့ စိတ်ကို ပိုင်ပိုင်ထား ဆုံးဖြတ်ထားရမှာ
ဖြစ်ကြောင်း စသည်ဖြင့် မိန့်မှာတော်မူခဲ့သည်ဟု အခမ်းအနားတက်ရောက်ခဲ့သူ
ကဗျာဆရာ မောင်စွမ်းရည်က မိုးမခသို့ ပြောကြားသည်။

ဆရာတော်ကြီးသည် ၁၉၉၀ ကစတင်ပြီး စစ်အစိုးရကို သပိတ်မှောက်ကံဆောင်ခဲ့
သော ဦးဆောင် ဆရာတော်ဘုရားကြီးအဖြစ် ထင်ရှားသည်။ စစ်အစိုးရက
ဆရာတော်ကြီးနှင့်တကွ စာသင်သား၊ စာချဆရာတော်၊ သံဃာတော်အများအပြား
ကို ထောင်သွင်း အကျဉ်းချခဲ့သည်။ ဆရာတော်ကြီးကိုယ်တိုင် ထောင်ထဲတွင်
၂၂ လ တိုင်တိုင် အကျဉ်းစံခဲ့ရပြီး၊ ထောင်မှ လွတ်မြောက်လာပြီးနောက် မူလ
မစိုးရိမ်ကျောင်းတိုက်ကြီးတွင် ဦးဆောင်ဆရာတော်ကြီးအဖြစ် စာသင်၊ စာချ
သာသနာ့တာဝန်များကို ပြန်လည်ထမ်းရွက်တော်မူခဲ့သည်။ ရန်ကုန်မြို့ ငွေကြာရံ
စာသင်တိုက် ( ၂၀၀၇ စက်တင်ဘာတွင် စစ်တပ်က အကြမ်းဖက်စီးနင်းပြီး
သံဃာတော်များကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်ဘုန်းတော်ကြီးကျောင်း) တွင်လည်း
အခါအားလျော်စွာစာချပေးတော်မူပြီး ဆရာတော်ကြီးသည် မြန်မာပြည်ရှိစာသင်
သား သံဃာတော်များအတွက် နေတစင်း၊လတစင်းသဖွယ်အဖြစ် ပရိယတ္ထိနယ်
ပယ်တွင် ကျေးဇူးသြဇာ ကြီးမားသူဖြစ်သည်။

ထို့အတွက် ၂၀၀၇ စက်တင်ဘာတွင်စစ်အစိုးရက သံဃာတော်များကို လက်နက်
ဖြင့် အကြမ်းဖက်သတ်ဖြတ်နှိမ်နှင်းသောအခါ ဆရာတော်ကြီးသည် သာသနာနှင့်
သံဃာတော်များကိုကာကွယ်စောင့်ရှောက်ရန်အတွက်ဘုရားရှင်ချမှတ်တော်မူသော
သပိတ်မှောက် ကံဆောင်ခြင်းကို ထောက်ခံဆောင်ရွက်အားပေးတော်မူပြီး မိမိ
ခြိုးခြံနေထိုင် တရားကျင့်ကြံ ဟောပြောခြင်းမှ ဖြစ်တော်မူသော ရုပ်ပစ္စည်းနှင့်
ဝတ္ထုအစုစုတို့ကို ပြည်တွင်းပြည်ပရှိသံဃာတော် အရေးကိစ္စတို့အတွက် စွန့်လှူပြီး
ဆောင်ရွက်သော ဆရာတော်ကြီးဖြစ်သည်။

သာသနမောဠိ - သံဃာအဖွဲ့ချုပ်ကြီး ဖြစ်မြောက်လာစေရေးအတွက် အထူးဝါယမ
စိုက်ထုတ်ဆောင်ရွက်ခဲ့သဖြင့် သက်တော်ကြီး ၀ါတော်ကြီးသူ ဆရာတော်ကြီးကို
သံဃာတော်အများက နာယကဆရာတော်အဖြစ်သတ်မှတ်ပြီး ဦးဆောင်မှုပေးနိုင်ခဲ့
သူ ဖြစ်သည်။ အမေရိကန်အနောက်ခြမ်း ဆန်ဖရန်စစ္စကိုတက္ကသိုလ်က ပြည်တွင်း
ရှိ သံဃာအာဇာနည်များအတွက် ဂုဏ်ပြုချီးမြှင့်သော ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို
လည်း ကျန်းမာရေးချို့ယွင်းသည့်ကြားမှ မြန်မာသံဃာတော်များ ကိုယ်စားကြွ
ရောက် လက်ခံတော်မူခဲ့သည်။ ဆရာတော်ကြီးက ထောင်သွင်းအကျဉ်းချခံရသည်
အထိ သပိတ်မှောက်ကံဆောင်ခြင်းကို ဆောင်ရွက်တော်မူသော ဆရာတော်တပါး
အနေဖြင့် ပြည်တွင်းက တစိတ်တ၀မ်းတည်းဖြစ်သော မြန်မာသံဃာတော်များကိုယ်
စား ဆုယူုူုခြင်းဖြစ်ကြောင်း၊ မိမိအတွက် ဆုချီးမြှင့်ရန်မလိုကြောင်း မိန့်ကြားတော်မူ
ခဲ့သည်။

ဆရာဝန်များ၊ အနီးကပ်စောင့်ရှောက်သူ ဒကာ၊ ဒကာမများက ဆရာတော်ကြီး၏
ကျန်းမာရေးချို့ယွင်းနေမှုများကြောင့် အနားယူရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့ကြ
သော်လည်း ဆရာတော်ဘုရားကြီးက ယခု သာသနာ့အန္တရာယ်ကာကွယ်ရန်၊
မြန်မာရဟန်းသံဃာတော်များကို စောင့်ရှောက်နိုင်ရန် တာဝန်ကို သာသနာ့အရေး၊
တို့အရေးအဖြစ် ခံယူပြီး ဦးလည်မသုံဖြင့် မိမိ၏ အသက်ခန္တာကိုပင် မငဲ့ဘဲ
သာသနာပြုစောင့်ရှောက်တော်မူသော ဆရာတော်ကြီးဖြစ်သည်။