နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, April 4, 2008

မန္တလေးက NO campaign

၎၊ဧပရယ်၊၂၀၀၈


၈၁လမ်းx၃၄လမ်း ( လဖုန်းထောင့် ) က NO campaign



၈၁လမ်းx၃၃လမ်းထောင့်က NO campiagn

ဒီနေ့မနက်စောစောပဲ မန္တလေးမြို့မှာ အနီရောင် NO ဆိုတဲ့စာလုံးတွေကိုနေရာ
အတော်များများမှာ တွေ့နေရတယ်လို့ ကြားတာနဲ့ တွေ့ခဲ့၊ မြင်ခဲ့တဲ့မန္တလေးမြို့ခံ
တစ်ဦးကိုဆက်သွယ်မေးကြည့်တော့…
“ ကျုံးအရှေ့ဖက် ဆောက်လက်စ သင်္ကြန်မဏ္ဍပ်သုံးခုရယ်၊ အမျိုးသားကဇာတ်
ရုံ အုတ်တံတိုင်း၊ မန္တလေးတိုင်း(နအဖ)တိုင်းရုံး(ယ္ခင်ထောက်လှမ်းရေး-၁)အုတ်
တံတိုင်း၊၂၆လမ်းx၇၃လမ်းထောင့်၊၂၆လမ်းxလမ်း၈၀ထောင့်၊၈၁လမ်းလဖုန်းထောင့်
အုတ်တံတိုင်းတွေမှာ NO စားလုံးတွေကို စပရေးဘူးနဲ့ ရေးထားတာ တွေ့ခဲ့ရ
တယ် ” လို့ ပြောပါတယ်။
ဆက်လက်ပြီးအဲဒီမြို့ခံကဘဲ “ အဲဒါ NO campaign လုပ်ကြတာဖြစ်မှာပါ၊
မေလမှာကျင်းပမဲ့ဆန္ဒခံယူပွဲကို ကန့််ကွက်မဲထည့်ကြဘို့ စည်းရုံးတဲ့လှုပ်ရှားမှု တခု
ပေါ့ ” လို့ပြောပါတယ်။
ဒီလှုပ်ရှားမှုကို ဘယ်အဖွဲ့စည်းက ဦးဆောင်လှုပ်ရှားတယ်လို့ မသိရပေမဲ့
မန္တလေးမြို့မှာတော့ အတော်ကလေး ဂရက်ရိုက်သွားခဲ့တယ်လို့ အဲဒီမြိုခံကပဲ
ပြောပြခဲ့ပါတယ်။