နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Thursday, May 1, 2008

မဲဆန္ဒရှင်များ၏ ဆန္ဒအရ အတည်မပြုနိုင်ပါကြောင်း

၁/မေ/၂၀၀၈

…..နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ( နအဖ ) မှ တစ်ဖက်
သက် စိတ်ကြိုက်ရေးဆွဲခဲ့သော“ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ” ကို
အတည်ပြုနိုင်ရေးအတွက် မေလ (၁၀)ရက်နေ့၌ ကျင်းပမည်ဖြစ်သော ပြည်သူ့
ဆန္ဒခံယူပွဲကို ကြိုတင်၍ ကျနော်တို့ မန္တလေးမီဒီယာမှ………….
www.mandalaymedia.blogspot.com သို့ လာရောက် ဖတ်ရှု့သူများကို တိုးတိုး
ကျယ်ကျယ် ခြိမ်းခြောက်ခြင်း၊ မက်လုံးပေးစည်းရုံုးခြင်း ကင်းစွာဖြင့် လှို့ဝှက် မဲပေး
စနှစ်နှင့် ဆန္ဒခံယူခဲ့ရာ မဲပေးခဲ့သူ ( ၂၁ )အနက်……..
(၁) ထောက်ခံမဲပေးသူ ( ၁ ) ဦး
(၂) ကန့်ကွက်မဲပေးသူး ( ၁၈ ) ဦး
(၃) မဲ မထည့်သူ ( ၂ ) ဦး အသီးသီးရှိပါသည်။
မဲ မထည့်သူ အရေအတွက်ကို ချန်လှပ်၍ မဲစာရင်းကို ရေတွက်ကြည်ရာ……….
“ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း(၂၀၀၈) ” ကို အတည်ပြုရန်
ထောက်ခံသူမှာ မဲပေးသူအားလုံး၏ ၅.၂၆ % သာရှိပြီး၊ ကန့်ကွက်သူမှာ မဲပေးသူ
အားလုံး၏ ၉၄.၇၃ % ရှိပါသည်။

….သို့ပါသောကြောင့် “ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ( ၂၀၀၈ ) ” ကို
အတည် မပြုနိုင်ကြောင်း ကြေညာအပ်ပါသည်။

..ဆက်လက်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲခြင်းသည် ပညာ
ရှင်များလုပ်ရမည့် အလုပ်သာ ဖြစ်သည်ဟု မန္တလေးမီဒီယာမှ ယူဆပါသောကြောင့်
ပြီးခဲ့သည့် အမျိုးသားညီလာခံလောက် ကိုယ်စားလှယ်အရေအတွက် မများသော
(နအဖ)ဖက်မှ ပညာရှင်ကိုယ်စားလှယ်အချို့နှင့် အတိုက်ခံဖက်မှ ပညာရှင်ကိုယ်စား
လှယ်အချို့ တို့ညှိုနှိုင်း၍ ပြည်သူအများလက်ခံနိုင်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ
ဥပဒေမူကြမ်းတစ်ခု အမြန်ဆုံးပြန်လည် ရေးဆွဲသင့်ကြောင်း အကြံပြုပါသည်။

….သို့သော် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအရ အထက်ပါအကြံပြု ချက်
သည် ဖြစ်နိုင်ခြေ အလွန် နည်းပါသည်။

…..ထို့ကြောင့် ပထမဦးဆုံးနှင့် အရေးအကြီးဆုံးအလုပ်မှာ နအဖ ထိပ်တန်းခေါင်း
ဆောင်များ နှင့် အတိုက်ခံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရေးပင် ဖြစ်ပါသည်။
တွေ့ဆုံဆွေးနွေး ညှိုနှိုင်းခြင်းသာလျှင်… နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်
ပေါက်ရေးအဆင့်ထက်သာလွန်သော…
(၁) မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အပြီးတိုင်အဆုံးသတ်နိုင်သော
(၂) အားလုံးအတွက် နောက်ကျောလုံတဲ့ အနာဂတ် မြန်မာ့နိုင်ငံရေးကို ပုံဖေါ်နိုင်ပြီး
ခေတ်မှီတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီုးကို တည်ဆောက် နိုင်မည်ဟု
အလေးနက်ထားယုံကြည်ပါသည်။

….ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် အမျိုးသား နိုင်ငံရေးကို ပြုလုပ်နေပါ
သည် ဆိုသောပုဂ္ဂိုလ်ကြီး၊ပုဂ္ဂိုလ်ငယ်များ အမှန်တကယ် တိုင်းပြည်နဲ့လူမျိုးကို
ရင်ထဲအသဲထဲက ချစ်ပါလျှင် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ မဖြစ်မနေ
လျှေက်လှမ်းပါရန် တိုက်တွန်းအပ်ပါသည်။

….အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်နေတော်မူကြသော သံဃာတော်
အရှင်သူမြတ်များ၊ အနာဂတ်မှာ တိုင်းပြည်ကိုဦးဆောင်ကြရမည့် ကျောင်းသား
လူငယ်များ နှင့် ပြည်သူလူထုကြီး အနေဖြင့်လည်း ( နအဖ ) ထိပ်တန်းခေါင်း
ဆောင်များနှင့် အတိုက်ခံခေါင်းဆောင်များ အမြန်ဆုံး တွေ့ဆုံဆွေးနွေး နိုင်ရေး
အတွက် ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်း ကြပါရန် လျှေက်ထား တောင်းပန်အပ်ပါ
သည်။