နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Thursday, May 1, 2008

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အီးယူ သက်တမ်းတိုး

30 April 2008
ဦးသိန်းထိုက်ဦး ( VOA )


Luxembourg မှာကျင်းပတဲ့ အီးယူ ဥရောပအဖွဲ့ဝင်နိုင်ငံတွေရဲ့ အစည်းအဝေးမှာ
အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့တာတွေ သက်တမ်း
တိုးဖို့ ဆုံးဖြတ်လိုက်တာပါ။ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေရဲ့ ခရီးသွားလာခွင့်၊
ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကန့်သတ်ထားတဲ့ ပိတ်ဆို့မှုတွေကို နောက်ထပ်
သက်တမ်းတိုးလိုက်တာပါ။ မြန်မာနိုင်ရဲ့အခြေအနေကိုမူတည်ပြီး နောက်ထပ်သက်
တမ်းတိုးတာတွေ လုပ်မယ်လို့လည်း အီးယူက ကြေညာချက်ထုတ်ထားပါတယ်။
ဒီလိုသက်တမ်းတိုးလိုက်တဲ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ စစ်အစိုးရအ
ပေါ် လက်နက်ရောင်းချမှုပိတ်ဆို့ရေးအတွက်လည်း အီးယူဥရောပအဖွဲ့ဝင်နိုင်ငံ
တွေက တိုက်တွန်းထားပါတယ်။

အီးယူ ဥရောပနိုင်ငံတွေဘက်က မြန်မာစစ်အစိုးရအပေါ် ဒီလို ကန့်သတ်ပိတ်ပင်
တယ် ဆိုပေမယ့်လည်း မြန်မာ့အရေးဆောင်ရွက်သူတွေကတော့ ဒီအရေးယူမှုတွေ
က ခါတိုင်းနှစ်တွေထက် ထူးခြားမှုမရှိဘူးလို့ပြောပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့
အန်စီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီရဲ့ဥရောပရေးရာရုံး ညွှန်
ကြားရေးမှူး ဦးနွယ်အောင်က အခုလိုပြောပါတယ်။

“သူတို့က ပိုပြီးတော့ ပိတ်ဆို့အရေးယူမှုတွေ လုပ်မယ်ဆိုပေမယ့် အခုထုတ်တဲ့
ကြေညာချက်အရ သိပ်ပြီး ထူးခြားတာမပါပါဘူး။ လက်နက်ရောင်းဝယ်မှုကလည်း
အစကတည်းက အီးယူမှာက လက်နက်ရောင်းဝယ်မှု ပိတ်ပင်ရေးဆိုတာ ချမှတ်
ထားတယ်။ ဒါကို နည်းနည်းပိုပြီး တိတိကျကျလုပ်မယ့်သဘောပဲ ရှိပါတယ်။
ဘဏ်တွေကနေ ငွေလွှဲတာတွေကို ပိတ်ပင်မယ်ဆိုတာကလည်း တိတိကျကျ
အစီအစဉ် သူတို့မှာ မရှိပါဘူး၊ အခုလောလောဆယ်အထိ။ ဒီလောက်နဲ့ မြန်မာပြည်
ပိုပြီးကောင်းလာဖို့အတွက် စစ်အာဏာရှင်တွေကိုဖိအားပိုပေးဖို့ကတော့ မထိ
ရောက်ဘူးလို့ ကျနော်တို့မြင်တယ်။” ဦးနွယ်အောင်ပြောပြသွားတာပါ။

ဘရပ်ဆဲလ်အခြေဆိုက် နိုင်ငံတကာအလုပ်သမားသမဂ္ဂအဖွဲ့ကြီး (ITUC) ကလည်း
မြန်မာစစ်အစိုးရအပေါ် အီးယူဥရောပအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှု
တွေဟာ ထိရောက်မှုမရှိတဲ့အကြောင်း အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားကုန်သွယ်မှုတွေက စစ်အစိုးရကို အဓိက အုပ်ချုပ်ရေး
သက်တမ်းရှည်ကြာအောင် ကြားကန်ပေးထားဆဲဖြစ်တဲ့အကြောင်း အလုပ်သမား
သမဂ္ဂအဖွဲ့ကြီးကပြောပါတယ်။ ဒါကြောင့် အီးယူအနေနဲ့ ပိုပြီးထိရောက်တဲ့ အရေး
ယူမှုတွေ ပြဋ္ဌာန်းဖို့ တိုက်တွန်း ထားတာဖြစ်ပါတယ်။ ဦးနွယ်အောင်ကတော့
ဥရောပအဖွဲ့ဝင် နိုင်ငံသစ်တွေနဲ့လည်း ဒီလို ပိတ်ဆို့မှုတွေချနိုင်အောင် ဆွေးနွေး
တိုင်ပင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။ “ကျနော်တို့ကတော့ တခြားနိုင်ငံတွေ၊
အီးယူမှာပါတဲ့ တခြားနိုင်ငံသစ်တွေနဲ့ ဆွေးနွေးပြီးတော့ အီးယူကို ဆက်ပြီးဖိအား
ပေးဖို့ ကြိုးစားနေတာပေါ့လေ။ အီးယူအရေးယူပိတ်ဆို့မှုက ပိုပြီးတော့အားကောင်း
အောင်လုပ်ဖို့ ကျနော်တို့ထပ်ပြီးတော့ စည်းရုံးလှုံ့ဆော်ရမှာပေါ့လေ၊ ဒါတွေထပ်ပြီး
လုပ်လည်း လုပ်နေပါတယ်။” အန်စီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား
ကောင်စီရဲ့ ဥရောပရေးရာရုံး ညွှန်ကြားရေးမှူး ဦးနွယ်အောင် ပြောသွားတာပါ။

ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာကြီးကတော့ အီးယူဥရောပအဖွဲ့ဝင်
နိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးမှာ သိပ်များများစားစားမရှိဘဲ ပထ၀ီ
ဝင်အနေအထားအရလည်း အလှမ်းဝေးတဲ့အတွက် မြန်မာနိုင်ငံအပေါ် အရေး
ယူမှုတွေ မထိရောက်ဘူးလို့ ရေးသားထားပါတယ်။ အီးယူ ဥရောပအဖွဲ့ဝင်နိုင်ငံ
တွေရဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ရဲ့အခြေအနေကို မူတည်ပြီး နောက်
ထပ် စစ်အစိုးရအပေါ် ကန့်သတ်တာတွေ တိုးလုပ်မယ်လို့ ဖော်ပြထားပါတယ်။

စစ်အစိုးရ အတည်ပြုဖို့ကြိုးပမ်းနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံရေး ဦး
ဆောင် မှုအခန်းကဏ္ဍမှာ အကန့်အသတ်တွေချထားပြီး စစ်အစိုးရက ဖွဲ့စည်းပုံ
ကို ကြိုက်သလို ရပ်ဆိုင်းပစ်တာမျိုးတွေ လုပ်ပိုင်ခွင့်ရှိတဲ့အပြင် တိုင်းရင်းသား
လူမျိုးပေါင်းစုံနဲ့ ညှိနှိုင်း ဆောင်ရွက်တာတွေ လုပ်မှာမဟုတ်ဘူးဆိုတာ ကြိုတင်
တွေ့မြင်ရတဲ့အကြောင်းလည်း အီးယူရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။